Press "Enter" to skip to content

Posts tagged as “ဒဏ်ရာရ”

ဘူးသီးတောင်မြို့နယ်တွင် မြေမြှုပ်မိုင်းကြောင့် ရိုဟင်ဂျာလူငယ်တစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိ

ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ သရက်ပြင်ကျေးရွာအုပ်စု ရေချမ်းပြင်ရွာသစ်မှာ နေထိုင်တဲ့ ဆယ်ကျော်သက်အရွယ် ရိုဟင်ဂျာလူငယ်တစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ပြင်းထန်စွာ ဒဏ်ရာရရှိကြောင်း သိရပါတယ်။ ဒီကနေ့မနက်ပိုင်းမှာ ရေချမ်းပြင်ရွာသစ်မှာနေထိုင်တဲ့ အသက်၁၂နှစ်အရွယ် မောင်နော်ဘီဟူဆောင်း (ဘ) ဦးအာမိရ်ဟူဆောင်းက လယ်ကွင်းထဲ နွားကျောင်းနေချိန်အတွင်းမှာပဲ မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်နှစ်ဘက်စလုံးကြေမွသွားခဲ့တဲ့အပြင် တခြားထိခိုက်ဒဏ်ရာတွေလည်းရရှိခဲ့တာကြောင့် အသက်အန္တရာယ် စိုးရိမ်ရတယ်လို့…

ကျောက်တော်တွင် အစိုးရရေတပ်ရဲ့ပစ်ခတ်မှုကြောင့်ဒေသခံတစ်ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် လမုတပင်ကျေးရွာတွင် အစိုးရရေတပ်ရဲ့ပစ်ခတ်မှုကြောင့် အဖိုးအိုတစ်ဦးထိခိုက်ဒဏ်ရာရပြီး ကျောက်တော်ဆေးရုံသို့အရေးပေါ်ပို့ဆောင်လိုက်ကြောင်းသိရပါတယ်။ ဗမာစစ်အစိုးရဘက်ကတော့ AA ဘက်မှတိုက်ခိုက်လို့ပြန်ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ပြောပါတယ်၊ ဒေသခံတွေကတော့ ကုလားတန်မြစ်ကိုဆန်တက်လာတဲ့ အစိုးရရေတပ်ဟာ ကျေးရွာဝန်းကျင်ရွာတွေကို လက်နက်ကြီး၊ငယ်နဲ့ ဆက်တိုက်ပစ်ခတ်တာဖြစ်ပြီး  နေ့လယ်ပိုင်းကစပြီးပစ်တာနာရီဝက်ကျော်ကြာကာ ရွာသားတွေကိုသာအဓိကထားပစ်ခတ်နေကြောင်း၊ ရွာသား ၂၀၀ ကျော်ဟာ ကျေးရွာဘုန်းကြီးကျောင်းများသို့ထွက်ပြေးခိုလှုံနေကြကြောင်း ပြောပါတယ်။ ပစ်ခတ်ခံခဲ့ရတဲ့ ကျောက်ဖြူကျေးရွာတွင် နေအိမ်တစ်လုံးပျက်စီးခဲ့ကြောင်း၊…

မရပ်တန့်သေးတဲ့နှစ်ဖက်ပဋ္ဋိပက္ခတွေကြား အရပ်သားများ ထိခိုက်ဒဏ်ရာရသေဆုံး

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဗမာစစ်တပ်နဲ့ AA တပ်ဖွဲတို့ကြားကတိုက်ပွဲတွေဟာ ရပ်တန့်မှုမရှိပဲ ပိုမိုတင်းမားလာခဲ့ပြီး ဒေသခံပြည်သူတွေအားထိခိုက်ဒဏ်ရာရခြင်း သေဆုံးခြင်းများရှိနေတာမို့ ဝမ်းရေးအတွက်သွားလာရှာဖွေစားသောက်ဖို့ ခက်ခဲနေကြရှာပါတယ်။ နှစ်ဖက်အပစ်ခတ်ရပ်ရေးဆွေးနွေးနေတယ်ဆိုပြီး တကယ်တမ်းကျတဖက်နဲ့တဖက် ခေါင်းရှောင်ကာ အပြစ်တင်ပြောဆိုခြင်းတွေကိုသာတွေ့နေရပြီး ရခိုင်ပြည်ကစစ်ပွဲတွေ ငြိမ်းချမ်းဖို့ဆိုတာ ဒေသခံပြည်သူတွေအတွက်တော့ မျှော်လင့်ချက်ကင်းမဲ့နေသလိုပါပဲ။    မနေ့မနက် ၈နာရီလောက်က ရသေ့တောင်မြို့နယ်၊ မညင်းတောင်ရွာကြားနဲ့ မဆိုးချောင်းဒေသငစံဘော်ရွာကြားအတွင်း နှစ်ဖက်တိုက်ပွဲတွေကြောင့်အရပ်သားကလေးငယ်တဦး…

Mission News Theme by Compete Themes.