Press "Enter" to skip to content

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အိန္ဒိယနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ရေကြီးမှုဖြစ်ပွား

အိန္ဒိယနိုင်ငံ ဟိုင်ဒရာဘတ်မှာရှိတဲ့ ရိုဟင်ဂျာတွေ ခိုလှုံနေထိုင်ရာ ဒုက္ခသည်စခန်းတွေမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ရေကြီးမှုတွေ ဖြစ်ပွားခဲ့ပြီး ရိုဟင်ဂျာ ဒုက္ခသည် မိသားစုဝင် အများအပြား ရေးဘေးနှင့် ရင်ဆိုင်နေရကြောင်း ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။

အများဆုံး ရေဘေးသင့်ခဲ့တဲ့နေရာကတော့ ဟိုင်ဒရာဘတ် ဘာဘာနာဂါရ်ရဲ့ ဘလာပူရ်က ဒုက္ခသည်စခန်းနံပါတ် ၃၀ပဲ ဖြစ်ပါတယ်။ ထိုဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်သူတစ်ဦးဖြစ်တဲ့ ဦးအာလီဟူစိန်က “မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးခဲ့တာဖြစ်ပြီး ကျွန်တော်တို့ ဒုက္ခသည် မိသားစုဝင်တွေ အများအပြား ရေဘေးသင့်ခဲ့ရပါတယ်။ ခုဆို နောက်ထပ် မိုးသည်းထန်စွာ ရွာသွန်းနိုင်ခြေရှိတာကြောင့် တစ်ခြားမိသားစုဝင်တွေလည်း ရေဘေးရှောင်နိုင်မယ့် အရပ်ကို ရွှေ့ပြောင်း ခိုလှုံနိုင်အောင် အထုပ်ပိုးတွေ ပြင်ဆင်နေကြတယ်”လို့ ပြောပါတယ်။

https://rohingyavision.com/burmese/%e1%80%98%e1%80%82%e1%81%a4%e1%80%9c%e1%80%ac%e1%80%b8%e1%80%b1%e1%80%92%e1%80%b7%e1%80%9b%e1%80%bd%e1%80%b9%e1%80%92%e1%80%af%e1%80%80%e1%81%a1%e1%80%9e%e1%80%8a%e1%80%b9%e1%80%85%e1%80%81%e1%80%94-7/

“နေရာအများအပြားမှာတော့ ဒူးအထက် ရေကြီးခဲ့ပြီး တစ်ချို့နေရာမှာတော့ ရေတိမ်ပေမယ့် ပစ္စည်းအားလုံးရေစိုကုန်တာကြောင့် အိပ်လို့လည်းမရသလို ချက်ပြုတ်စားသောက်လို့လည်း မရပါဘူး။ ဒုက္ခသည်စခန်းက လူတွေအားလုံး အချိန်ပြည့် မတ်တပ်ရပ်နေခဲ့ကြရပြီးနောက် တစ်ချို့က လုံခြုံမယ့်နေရာဆီကို ထွက်သွားကြပါတယ်လို့”သူက ပြောပါတယ်။

https://rohingyavision.com/burmese/%e1%80%b1%e1%80%80%e1%80%ba%e1%80%ac%e1%80%80%e1%80%b9%e1%80%b1%e1%80%90%e1%80%ac%e1%80%b9%e1%81%bf%e1%80%99%e1%80%ad%e1%80%b3%e1%82%95%e1%80%94%e1%80%9a%e1%80%b9%e1%80%90%e1%80%bc%e1%80%84%e1%80%b9/

ဟိုင်ဒရာဘတ်မှာ လူနည်းစုရိုဟင်ဂျာ ဒုက္ခသည်တစ်ချို့ ခိုလှုံနေထိုင်လျက်ရှိပြီး အခြေခံ အသုံးအဆောင်အတွက် ထောက်ပံ့မှုတွေလည်း လိုအပ်လျက်ရှိနေပါတယ်။ ရေဘေးသင့်ခံရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ယာယီတဲတွေနဲ့ အစားအသောက်၊ အသုံးအဆောင်ပစ္စည်းတွေ အမြန်ဆုံး လိုအပ်နေတာကြောင့် နိုင်ငံတကာ အသိုင်းဝိုင်းတွေအနေနဲ့ ကူညီပေးဖို့ ရေဘေးသင့် ရိုဟင်ဂျာ ဒုက္ခသည်တွေက တောင်းဆိုထားပါတယ်။

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from ပြည်ပMore posts in ပြည်ပ »
Mission News Theme by Compete Themes.