Press "Enter" to skip to content

ရိုဟင်ဂျာတွေ ရာဇဝတ်မှုကျူးလွန်ခံရခြင်းကို ICC တရားသူကြီးများထံ တိုင်ကြားခွင့်ပြု

မြန်မာနိုင်ငံက ရိုဟင်ဂျာလူနည်းစုအပေါ် အနိမ့်ဆုံးအဆင့် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ကတည်းကစပြီး ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ခွင့်ပြုချက်ပေးဖို့ နိုင်ငံတကာ ရာဇဝတ်တရားခုံရုံး ICC ရှေ့နေ Fatou Bensouda က ၂၀၁၉ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှာ တင်ပြထားခဲ့ပါတယ်။

ရခိုင်ပြည်နယ်တွင်းမှာနေထိုင်ကြတဲ့ ဒေသခံ ရိုဟင်ဂျာ မွတ်စလင်လူနည်းစုတွေအပေါ် မြန်မာစစ်တပ်က လူသားချင်းစာနာမှု ကင်းမဲ့စွာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် ကျူးလွန်ခံရသူတွေ အနေနဲ့ သူတို့ရဲ့အတွေးအမြင်၊ စိုးရိမ်ပူပန်ချက်၊ မျှော်လင့်ချက် စတာတွေကို နိုင်ငံတကာ ရာဇဝတ်တရားခုံရုံး ICC တရားသူကြီးတွေဆီ ပေးပို့နိုင်တဲ့အကြောင်း ICC ရုံးက သြဂုတ်လ ၁၆ရက် သောကြာနေ့မှာ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

https://rohingyavision.com/burmese/%e1%82%90%e1%80%ad%e1%80%af%e1%80%9f%e1%80%84%e1%80%b9%e1%80%82%e1%80%ba%e1%80%ac%e1%80%a1%e1%80%b1%e1%80%9b%e1%80%b8%e1%80%80%e1%80%ad%e1%80%85%e1%81%a5-%e1%82%8f%e1%80%ad%e1%80%af%e1%80%84%e1%80%b9/

နိုင်ငံတကာ ရာဇဝတ်တရားခုံရုံး ICC ကို အချက်အလက်တွေ ပေးပို့နိုင်ရေးအတွက် ပုံနှိပ်ထားတဲ့ ပုံစံစာရွက်တွေကို အင်္ဂလိပ်၊ မြန်မာ၊ ဘင်္ဂါလီ ဘာသာစကားနဲ့ စီစဉ်ပေးထားသလို ရိုဟင်ဂျာဘာသာစကားနဲ့ အသံသွင်းပြီး ပေးနိုင်ဖို့လည်း လုပ်ပေးထားပါတယ်။ ကျူးလွန်ခံရသူတွေ ပုံစံဖြည့်စွက်ရာမှာ အဆင်ပြေစေဖို့ ပုံစံတွေကို ဘယ်လိုဖြည့်စွက်ရမယ်ဆိုတာကိုလည်း အဲဒီ ဘာသာစကားတွေနဲ့ရော အသံသွင်းထားတဲ့ ရိုဟင်ဂျာ ဘာသာစကားနဲ့ပါ ရှင်းပြပေးထားတာတွေရှိပါတယ်။

ဒါ့အပြင် တခြားပုံစံတွေဖြစ်တဲ့ ဗွီဒီယိုရိုက်ယူတာ၊ အသံဖမ်းယူတာ စတဲ့ပုံစံတွေနဲ့လည်း ပေးပို့နိုင်တယ်လို့ ICC ထုတ်ပြန်ချက်မှာ ဖော်ပြထားပါ တယ်။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့မှာ နောက်ဆုံးရက်အနေနဲ့ ပို့ပေးရမှာဖြစ်ပြီး ဒီလိုအချက်အလက်တွေပေးပို့တာမှာ အခကြေးငွေ ပေးဖို့မလိုသလို ကိုယ့်ရဲ့ဆန္ဒသဘောထားအရ ပေးပို့နိုင်ကြောင်းလည်း ပြောထားပါတယ်။

ဒေသခံ တိုင်းရင်းသား ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့်ငြင်းဆန်ထားပြီး လူ့အခွင့်ရေး ချိုးဖောက်မှုတွေ ဆက်လက်ကျူးလွန်နေတဲ့ မြန်မာအစိုးရကတော့ မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်တဲ့အတွက် ICC အနေနဲ့ စုံစမ်းစစ်ဆေးပိုင်ခွင့်မရှိဘူးလို့ ပြောထားသလို ဘယ်လို စုံစမ်းစစ်ဆေးတာမျိုးကိုမှ ပူးပေါင်းလုပ်ဆောင်မှာ မဟုတ်ကြောင်းလည်း ပြောဆိုထားပါတယ်။

Source: ICC , VOA

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from ပြည်ပMore posts in ပြည်ပ »
Mission News Theme by Compete Themes.