ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေထိုင်ကြတဲ့ ရိုဟင်ဂျာဒုက္ခသည် အရေးကို မြန်ဆန်စွာ ဖြေရှင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်းနဲ့ ထိုမှသာလျင် ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မြန်ဆန်ဆန် နေရပ်ပြန်နိုင်မှာဖြစ်တယ်လို့ တရုတ်သမ္မတ Xi Jinpingက သဘောတူ ပြောဆိုခဲ့ကြောင်း The Daily Starသတင်းဌာနက ဖော်ပြထားပါတယ်။
နှစ်နိုင်ငံခေါင်းဆောင်တွေက ရိုဟင်ဂျာအရေးကိစ္စကို အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ သဘောတူခဲ့ပြီး ဒီပြသနာကို မဖြေရှင်းပဲ ဆက်လက်ထားရှိဖို့ မဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ သဘောတူညီ လက်မှတ်ရေးထိုးခဲ့တာ ၂နှစ်ကြာခဲ့ပြီဖြစ်ပြီး ထင်မြင်ချက်ကွဲလွဲမှုမရှိကြောင်း နိုင်ငံခြားရေး အတွင်းရေးမှူး Shahidul Haqueက ဝန်ကြီးချုပ် Sheikh Hasina နဲ့ သမ္မတ Xi Jinping တို့ရဲ့ ဘေဂျင်းမြို့က တွေ့ဆုံပွဲအပြီး သတင်းထောက်တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာန အကြီးအကဲနဲ့လည်း တွေ့ဆုံခဲ့ပြီး ထိုအကြီးအကဲက ရိုဟင်ဂျာ အရေးကိစ္စအတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာ့ နိုင်ငံရေးခေါင်းဆောာင်တွေနဲ့ တွေ့ဆုံပြီး သိမ်မွေ့စွာ ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ဆွေးနွေး သွားမယ်လို့ ကတိပေးပြောကြားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကတော့ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ သူတို့နေရပ်ပြန်မလာခင် နိုင်ငံသားဖြစ်ခွင့်ရဖို့နဲ့ နိုင်ငံတကာက အကာအကွယ်ပေးတဲ့ safe zone သတ်မှတ်ပေးဖို့ကို တောင်းဆိုနေကြတယ်လို့ ပြောထားပြီး ဒါတွေကို မြန်မာနိုင်ငံဘက်က လက်မခံနိုင်ကြောင်း ငြင်းဆိုခဲ့ပါတယ်။
Source: thedailystar
သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။