Press "Enter" to skip to content

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက် တရုတ်ဝန်ကြီးချုပ်က မြန်မာကို တိုက်တွန်းမည်

တရုတ်ဝန်ကြီးချုပ် Li Keqiang က ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်အောင် လုံခြုံမှုရှိတဲ့ အခြေအနေတစ်ခု ဖန်တီးပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းသွားမယ်လို့ တရုတ်နိုင်ငံကိုရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်နဲ့အဖွဲ့ကို ကတိပေးလိုက်ပါတယ်။

ဇူလိုင်လ ၄ ရက်နေ့က ဝန်ကြီးချုပ် Li Keqiang ဟာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina ဦးဆောင်တဲ့အဖွဲ့နဲ့ တရုတ်နိုင်ငံ ပေကျင်း မြို့မှာ တွေ့ဆုံဆွေးနွေးစဉ် အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ Li Keqiangက နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူတွေအနေနဲ့ မိမိတို့ရဲ့ မူလနေရပ်ကို ပြန်နိုင်ခြင်းသာလျင် ပြသနာကို ဖြေရှင်းနိုင်ခြင်းဖြစ်ကြောင်း ပြောပါတယ်။

ဒီတွေ့ဆုံဆွေးနွေးပွဲမှာ ဘင်္ဂလားဒေရှ့်ဝန်ကြီးချုပ်က ရိုဟင်ဂျာအရေးကိစ္စကြောင့် ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိခိုက်ပြီး ဒီပြဿနာဟာ အချိန်နဲ့ အမျှ ပိုပြီးကြီးထွားလာကြောင်းနဲ့ ဒုက္ခသည်တွေကို အလျှင်အမြန် ပြန်ပို့ချင်းဟာ တစ်ခုတည်းသော ဖြေရှင်းနည်းဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

လက်ရှိ ရိုဟင်ဂျာ ဒုက္ခသည်တွေအနေနဲ့ နေရပ်ကိုပြန်ဖို့ ကြောက်ရွံ့နေပြီး သူတို့အနေနဲ့ လုံလုံခြုံခြုံ၊ ဂုဏ်သိက္ခာနဲ့ ပြန်နိုင်ဖို့အခြေအနေတစ်ရပ်ကို ဖန်တီးပေးဖို့၊ နိုင်ငံသားအဖြစ်လက်ခံပေးဖို့နဲ့ သူတို့ရဲ့ အိုးအိမ်စည်းစိမ်တွေ ပြန်လည်ရရှိဖို့ တရုတ်အစိုးရရဲ့ အခန်းကဏ္ဍဟာ အရေးပါကြောင်းလည်း ပြောကြားခဲ့ပါတယ်။

တရုတ်ဝန်ကြီးချုပ် Li Keqiang က ရိုဟင်ဂျာ အရေးကိစ္စဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်တယ် ဆိုတာ လက်ခံပြီး၊ ပြဿနာကို မြန်မာနဲ့ ဘင်္ဂလားဒေရှ့်အစိုးရတို့ နှစ်ဦးနှစ်ဖက် ပူးပေါင်းဖြေရှင်း ရမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့ ဆွေးနွေးပွဲအပြီး နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်တွေထဲမှာ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် တရုတ်က ဆန် တန်ချိန် ၂၅၀၀ ထောက်ပံ့ဖို့အချက်လည်း ပါဝင်ပါတယ်။

Source: thedailystar

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from ပြည်ပMore posts in ပြည်ပ »
Mission News Theme by Compete Themes.