Press "Enter" to skip to content

မြန်မာနိုင်ငံတွင်း စစ်ရာဇ၀တ်ကျူးလွန်မှုအသစ်တွေ ဖြစ်နေတဲ့အလားအလာရှိကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးပြောဆို

မြန်မာနိုင်ငံအနောက်ပိုင်း မတည်မငြိမ်ဖြစ်နေတဲ့ ပြည်နယ်ဒေသတွေမှာ မြန်မာစစ်တပ်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အပြစ်မဲ့ ပြည်သူလူထုတွေအပေါ် လူ့အခွင့်ရေး ချိုးဖောက်မှုတွေကို ကျူးလွန်နေကြတာဟာ စစ်ရာဇဝတ်မှုမြောက်တဲ့ အဆင့်ရှိကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးက ပြောကြားခဲ့ပါတယ်။

၂၀၁၇ခုနှစ် မြန်မာစစ်တပ်ရဲ့လူမျိုးတုန်းစစ်ဆင်ရေးတွေကြောင့် ရိုဟင်ဂျာ မွတ်စလင်ဦးရေပေါင်း ၇သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ကြရပါတယ်။ မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်း စစ်ဆင်ရေးအတွင်း ရိုဟင်ဂျာ မွတ်စလင်တွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ အုပ်စုဖွဲ့အဓမ္မပြုကျင့်မှု၊ ကျယ်ကျယ်ပြန့်ပြန့်မီးရှို့မှုတွေနဲ့ လူမျိုးတုံးသုတ်သင်သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ကြောင်း ကုလစုံစမ်းစစ်ဆေးရေးမှူးတွေက ပြောကြားခဲ့ပါတယ်။

မြန်မာစစ်တပ်က ဒီရက်စက်မှုတွေကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို မြန်မာအစိုးရကငြင်းပယ်ခဲ့ပြီး လက်ရှိမှာတော့ အစိုးရတပ်ဖွဲ့တွေဟာ ရခိုင်နဲ့ ချင်းပြည်နယ်တို့မှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလျက်ရှိပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ၂၂ရက်နေ့မှာ မြန်မာအာဏာပိုင်တွေက ထိုပြည်နယ်နှစ်ခုမှာအင်တာနက်လိုင်းတွေကို ပိတ်ပစ်ဖို့ ဆက်သွယ်ရေးကုမ္ပဏီတွေကို အမိန့်ပေးခဲ့ပါတယ်။ သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက တရားမ၀င်လှုပ်ရှားမှုတွေနဲ့ဆက်နွယ်တဲ့ အင်တာနက်အသုံးပြုမှုတွေနဲ့ ငြိမ်းချမ်းရေးကိုအနှောက်အယှက်ဖြစ်စေတဲ့ အကြောင်းအရာတွေကို အထောက်အထားပြု ဖော်ပြခဲ့တယ်လို့ တယ်လီနောဂရုကပြောကြားခဲ့ပါတယ်။

 မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ယန်ဟီးလီက ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်မှာ မိုဘိုင်းဖုန်းတွေကိုပိတ်ပင်မှုဟာ မြန်မာစစ်တပ်က ဆိုးရွားတဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေကျူးလွန်နေတာဖြစ်နိုင်ကြောင်း ပြီးခဲ့တဲ့လက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ဧပြီလတုန်းကလည်း စိုင်းဒင်တောင်တန်းတစ်လျှောက် ၀ါးလုပ်ငန်းလုပ်ကိုင်နေကြတဲ့ ရိုဟင်ဂျာအမျိုးသားတွေနဲ့ ကလေးငယ်တွေကို ရဟတ်ယာဉ်နဲ့ပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့ပြီး ဒီနှစ်အတွင်း အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးသူအပြစ်မဲ့ ပြည်သူဦးရေပေါင်း ၃၅၀၀၀ရှိလာပြီဖြစ်ကြောင်း သူမကပြောကြားခဲ့ပါတယ်။ ခုလိုအင်တာနက်လိုင်းတွေပိတ်ပင်မှုဟာ ရွာသူရွာသားတွေအတွက် အန္တရာယ်ရှိပြီး စစ်တပ်ကိုအကာအကွယ်ပေးထားသလိုဖြစ်နေကြောင်း ယန်ဟီးလီကပြောကြားခဲ့ပါတယ်။

Source: Reuters
Photo: VOA

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from ပြည်ပMore posts in ပြည်ပ »
Mission News Theme by Compete Themes.