Press "Enter" to skip to content

ရိုဟင်ဂျာအရေး နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC)၏ စုံစမ်းစစ်ဆေးမှုကို မြန်မာစစ်တပ်ငြင်းပယ်

ရိုဟင်ဂျာမွတ်စလင်တွေအပေါ်ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေအတွက် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC)ရဲ့ စုံစမ်းစစ်ဆေးမှုကို မြန်မာစစ်တပ်က ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ငြင်းဆိုလိုက်ကြောင်း သိရပါတယ်။

နိုင်ငံတကာ ရာဇဝတ်ခုံရုံးရဲ့ အမျိုးသမီးရှေ့နေတစ်ဦး ဖြစ်တဲ့  Fatou Bensoudaက ၂၀၁၇ခုနှစ် မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးပြုလုပ်ချိန် အဓမ္မပြုကျင့်ခံရခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်းနဲ့ မီးရှို့ဖျက်ဆီးခံရတဲ့ ရိုဟင်ဂျာ ၇ သိန်း ၄ သောင်းကျော် အိမ်နီးချင်းဘင်္ဂလာဒေ့ရှ်ကို ထွက်ပြေးခိုလှုံခဲ့ကြရတာနဲ့ပတ်သက်ပြီး ကနဦးစုံစမ်းမှုတွေကို ပြုလုပ်ခဲ့သည်။


စုံစမ်းစစ်ဆေးမှုအပြည့်ဝရရှိဖို့ နောက်တစ်ဆင့်အတွက် ICCရဲ့ တရားသူကြီးတွေဆီမှာ တင်ပြတောင်းဆိုသွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာပြောကြားခဲ့ပါတယ်။ ဆုံးဖြတ်ချက်ချမှတ်မယ့် အချိန်အတိကျကိုတော့ မသိရှိရသေးပါဘူး။


မြန်မာနိုင်ငံသည် ICC တွင် လက်မှတ်ထိုးထားသည့် အဖွဲ့ဝင်နိုင်ငံ မဟုတ်ပေမယ့်လည်း လက်ရှိ ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ့်နိုင်ငံဟာ ICCရဲ့ အဖွဲ့ဝင်နိုင်ငံ ဖြစ်တာကြောင့် ခုလို လူသားချင်းစာနာမှုကင်းမဲ့တဲ့ လုပ်ရပ်တွေအတွက် စီရင်ပိုင်ခွင့်ရှိကြောင်း စက်တင်ဘာလတွင် တရားရုံးက သတ်မှတ်ခဲ့ပါတယ်။

မြန်မာဖက်မှ စက်တင်ဘာလကတည်းက အဆိုပါ သတ်မှတ်ချက်ကို ငြင်းဆိုခဲ့ပြီး မြန်မာစစ်တပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကလည်း ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ ထပ်လောင်းပြောကြားခဲ့ပါတယ်။“မြန်မာစစ်တပ်နဲ့ အစိုးရက ဒီကိစ္စကို လျစ်လျူရှု့မထားပါဘူး၊ မတရားမှုပြုလုပ်သူတွေကိုလဲ အပြစ်ပေးဖို့ ကြိုးစားနေပါတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက AFP ကို ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ စုံစမ်းစစ်ဆေးရေး ကော်မတီ တစ်ရပ် ရှိပြီး ICC အနေနဲ့ သူတို့ ဘာလုပ်နေလဲဆိုတာကို လေးစားသမှု ရှိသင့်တယ်” လို့ မြန်မာစစ်တပ်ဖက်မှ ပြောကြားခဲ့ပါတယ်။အစိုးရနှင့်စစ်တပ်သည် နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခြင်းနှင့်ပတ်သတ်ပြီး မှားယွင်းစွာ လုပ်ဆောင်ခြင်းမရှိုခြင်းကြောင်း အသိအမှတ်ပြု လက်ခံခြင်းဟာ ရခိုင်ပြည်နယ် အနောက်ပိုင်းမှာရှိတဲ့ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်ခဲ့ကြောင်း ဖော်ပြနေခြင်းပဲ ဖြစ်ပါတယ်။

ရိုဟင်ဂျာ ၁၀ ယောက်ကိုအစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ စစ်သား ၇ယောက်ကို ထောင်ချ အပြစ်ပေးသည့် အချိန်ဟာ ထိုမတရားမှုကို စုံစမ်းဖော်ထုတ်ခဲ့တဲ့ ရိုက်တာ သတင်းထောက် ၂ ဦး အကျဉ်းထောင်ထဲ နေရချိန်ထက်ပင် နည်းပါးခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ ဥပဒေ ပညာရှင်များအဖွဲ့(ICJ)၏ အာရှ ပစိဖိတ် ဒါရိုက်တာ Frederick Rawskiက ICCမှ ကြားဝင်ခြင်းက သင့်တော်ကြောင်း ပြောကြားပြီး “စစ်တပ်ကိုယ်တိုင်က ရိုဟင်ဂျာ အရေးကိစ္စမှာ ကျူးလွန်တဲ့ပြစ်မှုတွေအပေါ် နိုင်ငံတကာ ဥပဒေအောက်မှာ စီရင်ဆုံးဖြတ်မှုကို မလုပ်ချင်တဲ့ ဆန္ဒရှိနေတာကို သက်သေပြနေတယ်”လို့ ၎င်းက ဆက်လက် ပြောကြားခဲ့ပါတယ်။ ကုလသမဂ္ဂ စုံစမ်း စစ်ဆေးသူတွေက မြန်မာ စစ်တပ်ရဲ့ ခေါင်းဆောင်တွေကို “လူမျိုးတုန်း သတ်ဖြတ်မှု” နဲ့ တရားစွဲဆိုမှုအတွက် သီးသန့်ခေါ်ဆောင်ထားကြောင်းလည်း သိရပါတယ်။

Source: Channel News Asia, friday times

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from ပြည်ပMore posts in ပြည်ပ »
Mission News Theme by Compete Themes.