Press "Enter" to skip to content

နှစ်နိုင်ငံတွင်း ကြီးမားတဲ့ စိန်ခေါ်မှုဟာ မွတ်စလင်လူဦးရေ တိုးပွားလာမှုဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဟန်ဂေရီဝန်ကြီးချုပ် ဆွေးနွေး

မြန်မာ့ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်တို့က မွတ်စလင်လူဦးရေ တိုးပွားလာမှုအကြောင်းတွေကို ရှားပါးတဲ့ ဥရောပခရီးစဉ်အတွင်း ဆွေးနွေးခဲ့ကြောင်း The guardianသတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုမှ သတင်းထောက်တွေကို ထောင်ချမှုအထိ ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောဆိုဖို့ ပျက်ကွက်ခဲ့တာကြောင့် ပြီးခဲ့တဲ့လတွေအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သတင်းတွေ  အနောက်နိုင်ငံတွေမှာ လှုပ်ခတ်စေခဲ့ပါတယ်။

ဒါပေမယ့်လည်း မြန်မာခေါင်းဆောင်က လက်ယာဝါဒီ နဲ့ ရွှေ့ပြောင်းသူများကို ခိုင်မာစွာအမြဲ ဆန့်ကျင်တဲ့ ဟန်ဂေရီဝန်ကြီးချုပ်ကို မဟာမိတ်အသစ်အဖြစ် ရှာတွေ့ခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုဗယ်ငြိမ်းချမ်းရေး ဆုရှင်လည်းဖြစ်ပြီး တစ်ချိန်က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး တိုက်ပွဲအတွက် ဦးဆောင်ပြယုဂ်ဖြစ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က ဟန်ဂေရီ ၀န်ကြီးချုပ် အော်ဘန်နဲ့ ဘူဒါပတ်မှာ တွေ့ဆုံချိန်တွင်း အစ္စလာမ်နဲ့ ပြောင်းရွှေ့ခိုလှုံသူများ အရေးနဲ့ ပတ်သက်ပြီး သဘောထားချင်း တူညီတာတွေကို တွေ့ရှိခဲ့ပါတယ်။

“နှစ်နိုင်ငံရဲ့ ဒေသတွင်းမှာ လိုက်လျောညီထွေစွာ အတူယှဉ်တွဲနေထိုင်မှုနဲ့အတူ မွတ်စလင်လူဦးရေ ဆက်လက်တိုးပွားလာမှုနဲ့တွေကို မြင်တွေ့ခဲ့ရပြီးဖြစ်တယ်”လို့ မှတ်ချက်ပြုထားပါတယ်။

လူမျိုးတုံးသုတ်သင်မှုအဖြစ် UNကဖော်ပြခဲ့တဲ့ ၂၀၁၇ခုနှစ်က လူနည်းစု ရိုဟင်ဂျာမွတ်စလင် အပေါ် မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်စစ်ဆင်ရေးနဲ့ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေ အဓ္ဓမ ပြုကျင့်ခံရ၊ သတ်ဖြတ်ခံခဲ့ရတာကို ရှုတ်ချဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပျက်ကွက်မှုတွေနဲ့ မြန်မာမွတ်စလင်တွေ အပေါ် မြန်မာစစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကို ကာကွယ်ပေးမှုတွေဟာ အထူးသဖြင့် လက်ခံနိုင်ဖွယ် မရှိတာကို သက်သေပြခဲ့တာပဲ ဖြစ်ပါတယ်။

 လူမျိုးတုန်းသတ်ဖြတ်ခံရချိန် ကတည်းက နယ်စပ်ကို အသက်လုထွက်ပြေးခဲ့ကြပြီး လက်ရှိဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေထိုင်နေကြတဲ့ သန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေရဲ့ လုံခြုံရေးအတွက် ဒေါ်အောင်ဆန်းစုကြည်အစိုးရဟာ အကြိမ်ကြိမ် ပျက်ကွက်နေခဲ့ပါတယ်။

 “ဥရောပနိုင်ငံတွေရဲ့အချစ်တော်ဘ၀ကနေ ကျဆင်းသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံရိပ်ဟာ အံ့သြသင့်စရာတောင်ကောင်းပါတယ်။ သူမဟာ အရေးပါတဲ့လုပ်ဆောင်မှုအဖြစ် ဥရောပရဲ့အပယ်ခံ အော်ဘန်နဲ့တွေ့ဆုံခဲ့တာပဲဖြစ်ပါတယ်” လို့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးရဲ့ အာရှပိုင်းလက်ထောက် ဒါရိုက်တာ ဖီလ်ရောဘတ်ဆန်က ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ“ရိုဟင်ဂျာ မွတ်စလင်လူမျိုးစုအပေါ် စစ်တပ်ရဲ့လူမျိုးတုံးသတ်ဖြတ်မှုကို အရှက်ရဖွယ် ကာကွယ်ပေးပြီးနောက် သူမဟာ ဥရောပရဲ့ နိုင်ငံခြားသားကြောက်ဝါဒီ သဘောထား အရှိဆုံး ဒီမိုကရက်တစ် ဆန့်ကျင်ရေးခေါင်းဆောင်နဲ့ မိတ်ဆွေဖွဲ့ပြီး ကောင်းကောင်း ကိုင်တွယ်နေတာပဲ ဖြစ်ပါတယ်။” လို့လည်း ဖီလ်ရောဘတ်ဆန်က ပြောကြားခဲ့ပါတယ်။

Source: theguardian, trtworld, Myanmar Muslim Media

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from ပြည်ပMore posts in ပြည်ပ »
Mission News Theme by Compete Themes.