Press "Enter" to skip to content

ရိုဟင်ဂျာဒုက္ခသည်အရေးအား ကမ္ဘာ့ခေါင်းဆောင်တွေဘက်မှ ဖိအားပေးဖို့ ကုလတိုက်တွန်း

မြန်မာစစ်အစိုးရရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံခဲ့ရတဲ့ ရခိုင်ပြည်နယ်မှ တိုင်းရင်းသားရိုဟင်ဂျာတွေကို မြန်မာနိုင်ငံအနေနဲ့ပြန်လည်ခေါ်ယူဖို့ ကမ္ဘာ့ခေါင်းဆောင်တွေဖိအားပေးရမှာဖြစ်တယ်လို့ ကုလကတိုက်တွန်းပြောကြားခဲ့ကြောင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတော်သတင်းဌာနပိုင် ဆန်ဂ်ဘတ်ဆန်ဂ်စတာသတင်းဌာနကဖော်ပြခဲ့တာတွေ့ရပါတယ်

ရိုဟင်ဂျာဒုက္ခသည်အရေးဟာ ဘင်္ဂလားဒေ့ရှ်တစ်နိုင်ငံတည်းဖြေရှင်းလို့မရနိုင်တာမို့ မြန်မာနိုင်ငံကို နိုင်ငံတကာအဖွဲ့အစည်းကဖိအားပိုမိုပေးသင့်တယ်လိုရ လူမျိုးတုံးသတ်ဖြတ်မှုတားဆီးကာကွယ်ရေးဆိုင်ရာ ကုလအထူးအကြံပေးအဒမ်မာဒီယမ်ဂ်ကပြောကြားခဲ့ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်အရေးကိုအပြီးဖြေရှင်းနိုင်ဖို့အတွက် ဒုက္ခသည်တွေကိုပြန်လည်ပို့ဆောင်လက်ခံရေးလုပ်ငန်းစဉ်ဟာ ငြိမ်းချမ်းစွာနဲ့ဂုဏ်သိက္ခာရှိစွာလုံခြုံဘေးကင်းဖို့လိုအပ်တယ်လို့ ဒီယမ်ဂ်ကဆိုပါတယ်။

ရိုဟင်ဂျာတွေကိုသူတို့အမိမြေရခိုင်ပြည်နယ်သို့ ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ်နဲ့လူမျိုးအသိုင်းအ၀န်းတည်ဆောက်နိုင်မှုအပါအ၀င် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့ ကုလကလိုလားနေတာဖြစ်တယ်လို့ သူကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။

သန်းနဲ့ချီတဲ့ရိုဟင်ဂျာဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှင်္ဘက်က တံခါးဖွင့်ကူညီစောင့်ရှောက်မှုပေးခဲ့ကြမို့ ဒုက္ခသည်တွေကို ခိုလှုံခွင့်ပေးခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်လုပ်ဆောင်မှုတွေကိုချီးကျူးပြောဆိုခဲ့ပါတယ်။

ရိုဟင်ဂျာတွေဟာ ကမ္ဘာပေါ်မှာဖိနှိပ်ခံရဆုံးလူမျိုးစုအဖြစ် ကုလကဖော်ပြထားကာ ၂၀၁၂ခုနှစ်ကစပြီး လူပေါင်းဒါဇင်ပေါင်းများစွာအကြမ်းဖက်သတ်ဖြတ်ခံရပြီးကတည်းက ရိုဟင်ဂျာတွေဟာ နောက်ထပ် အကြမ်းဖက်တိုက်ခိုက်ခံရမှာကိုကြောက်ရွံနေကြတာဖြစ်ပါတယ်။

၂၀၁၇ခုနှစ်၊ သြဂုတ်လတုန်းက ရိုဟင်ဂျာလူနည်းစုအပေါ် မြန်မာစစ်တပ်ရဲ့လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် အမျိုးသမီးနဲ့ကလေးသူငယ်အများစုဖြစ်တဲ့ ရိုဟင်ဂျာဒုက္ခသည် ၇သိန်း၅သောင်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးခဲ့ကြတာဖြစ်တယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကဖော်ပြထားပါတယ်။

အိုတာရီယိုနိုင်ငံတကာဖွံဖြိုးတိုးတက်ရေးအေဂျင်စီ(OIDA) ရဲ့အစီရင်ခံစာတွင်  ၂၀၁၇ခုနစ်၊ သြဂုတ် ၂၅ရက်နေ့ကတည်းက မြန်မာအစိုးရတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်မှုကြောင့် ရိုဟင်ဂျာမွတ်စလင် ၂သောင်း၎ထောင်နီးပါးအသတ်ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာ၃သောင်း၎ထောင်ဟာ မီးပုံထဲပစ်ထည့်ခံခဲ့ရသလို ၁သိန်း၁သောင်း၎ထောင်ကျော်ဟာရိုက်နှက်ခံခဲ့ရတယ်ကြောင်း၊ ရိုဟင်ဂျာတွေအတင်းအဓ္ဓမမောင်းထုတ်ခံရတဲ့ မရေတွက်နိုင်လောက်တဲ့အတွေ့အကြုံများလို့ ခေါင်းစဉ်တပ်ဖော်ပြထားတဲ့ အစီရင်ခံစာထဲမှာဖော်ပြထားပါတယ်။

ရိုဟင်ဂျာအမျိုးသမီးတွေနဲ့မိန်းကလေးငယ် ၁သောင်း၈ထောင်ကျော်ဟာလည်း မြန်မာစစ်တပ်နဲ့ရဲတပ်ဖွဲ့တွေရဲ့ အဓ္ဓမကျင့်မှုတွေခံခဲ့ရပြီး ရိုဟင်ဂျာအိမ်၁သိန်း၁သောင်း၅ထောင်ကျော်မီးရှို့ပြာချခံခဲ့ရသလို တစ်ခြားအိမ်၁သိန်း၁သောင်း၃ထောင်ကျော်ဟာလည်း ဖျက်ဆီးခံခဲ့ရတယ်လို့ အစီရင်ခံစာထဲမှာဖော်ပြထားပါတယ်။

မွေးကင်းစကလေးတွေနဲ့ကလေးငယ်တွေအား သတ်ဖြတ်မှုတွေ၊အစုလိုက်အပြုံလိုက်အဓ္ဓမပြုကျင့်မှုတွေအပါအ၀င် မြန်မာအစိုးရတပ်ဖွဲ့ဝင်တွေကျူးလွန်ခဲ့တဲ့ရက်စက်တဲ့ လုပ်ရက်တွေကို ကုလကလည်းမှတ်တမ်းတင်ထားပါတယ်။

ဒီလိုအကြမ်းဖက်လုပ်ရပ်တွေဟာ လူသာမျိုးနွယ်အပေါ်ရာဇ၀တ်ကျူးလွန်ရာမြောက်သလို လူမျိုးတုံးသတ်ဖြတ်ရည်ရွယ်မှုမြောက်တယ်လို့ အစီရင်ခံစာထဲမှာ ကုလစုံစမ်းစစ်ဆေးရေးမှူးတွေကပြောကြားထားပါတယ်။



More from ပြည်ပMore posts in ပြည်ပ »
Mission News Theme by Compete Themes.