Press "Enter" to skip to content

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ရိုဟင်ဂျာကလေးငယ်တွေအတွက် ပညာရေးစိန်ခေါ်မှု

၂၀၁၂ခုနှစ် မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို လူမျိုးတုန်းစစ်ဆင်ရေးတွေ စတင်ပြုလုပ်ချိန်မှာ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ကြရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေထဲမှာ ပညာသင်ကြားနိုင်ခဲ့သူအနည်းငယ်နှင့် ပညာသင်ကြားခွင့် မရရှိခဲ့ကြသူ အများအပြားရှိပါတယ်။

ဒုက္ခသည်ကျောင်းသူ/သားများထဲမှ ၉နှစ်အရွယ်ရှိတဲ့ ရုခ်ဆာနာက တစ်နေ့မှာ ဆရာမတစ်ဦးဖြစ်လာနိုင်ဖို့ မျှော်လင့်နေသူ ဖြစ်ပါတယ်။ သူမကို လက်ရှိသင်ကြားပေးနေတဲ့ ဆရာကတော့ အထက်တန်း ပညာအရည်အချင်းသာ ရှိပေမယ့် အတတ်နိုင်ဆုံးကြိုးစားပြီး သင်ကြားပေးနေကြောင်း ပြောပါတယ်။

လက်ရှိသင်ကြားပေးနေတဲ့ ဆရာတွေမှာ သင်ကြားရေးနဲ့ပတ်သက်ပြီး အတွေ့အကြုံနဲ့ စွမ်းရည် နည်းပါးပေမယ့်လည်း သူတို့ရဲ့ စွမ်းရည်တွေ မြင့်တက်လာအောင် လေ့ကျင့်ပေးနေကြောင်း ကုလသမဂ္ဂကလေးသူငယ်များရံပုံငွေအဖွဲ့က Jean Metenierက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ကျောင်းတွေမှာ ပညာသင်ကြားခွင့် မရရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ကလေးငယ်တွေရဲ့ ပညာရေးအတွက် အရည်အချင်းပြည့်မှီတဲ့ သင်ကြားရေးဆရာ/မတွေ ရရှိဖို့ အခက်ခဲတွေရှိနေသလို စာသင်ခန်းမလုံလောက်မှုစတဲ့ အခက်တွေလည်းရှိနေကြောင်းပြောပါတယ်။

https://rohingyavision.com/burmese/2019/02/07/%E1%80%98%E1%80%82%E1%81%A4%E1%80%9C%E1%80%AC%E1%80%B8%E1%80%B1%E1%80%92%E1%80%B7%E1%80%9B%E1%80%BD%E1%80%B9%E1%80%99%E1%80%BD-%E1%80%9B%E1%80%AD%E1%80%AF%E1%80%9F%E1%80%84%E1%80%B9%E1%80%82-2/

လက်ရှိမှာ UNICEFနဲ့ လူမှုကူညီရေး အဖွဲ့အစည်းတွေက အသက် ၄ နှစ်ကနေ ၁၄ နှစ်အရွယ် ရိုဟင်ဂျာ ကလေးတွေအတွက် စာသင်သားဦးရေ ၂၀၀၀ ခန့်ဆန့်တဲ့ သင်ကြားရေးအဆောင်တွေကို ဆောက်လုပ်နေကြပါတယ်။ ယခုမှာတော့ ထိုအသက်အပိုင်းအခြား အတွင်းက ရိုဟင်ဂျာဒုက္ခသည် ကလေးငယ်ပေါင်း ၃၀၀,၀၀၀ ထဲက သုံးပုံတပုံနဲ့ အသက် ၁၄ နှစ်အထက် အတွက်တော့ စာသင်ခန်းတွေ လုံလောက်မှုမရှိသေးပါဘူး။ ကျောင်းအပ်ထားတဲ့ ကလေးငယ်တွေကိုလည်း ဒီစာသင်ခန်းတွေမှာ တနေ့ကို ၂ နာရီပဲ သင်ကြားပေးနိုင်တာ ဖြစ်ပါတယ်။

ရုခ်ဆာနာ ရဲ့ ဖခင် ဖြစ်သူ မူဟမ္မဒ်ဟာရဲစ် ကတော့ သူ့ရဲ့ သမီးငယ်သင်ကြားနေတဲ့ ပညာရေး အရည်အသွေး အပေါ်မှာ စိုးရိမ်တွေဖြစ်ပေါ်နေပြီး ရိုဟင်ဂျာကလေးငယ်တွေ အဓိကလိုအပ်တဲ့ ပညာရေးကို ပြည့်ဝစွာ မရဘူးဆိုရင်တော့ သူတို့တွေဟာ ကောင်းမွန်တဲ့အနာဂတ်ကို ရရှိနိုင်မှာ မဟုတ်ဘူးလို့ မိဘတစ်ဦးရဲ့ စိုးရိမ်စိတ်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Source: VOANEWS
Photo Credit: UNICEF

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from ပြည်ပMore posts in ပြည်ပ »
More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
Mission News Theme by Compete Themes.