Press "Enter" to skip to content

အာသံပြည်နယ်တွင် ထိန်းသိမ်းခံထားရသည့် ရိုဟင်ဂျာ ငါးဦးကို နေရပ်ပြန်ပို့မည်

အိန္ဒိယနိုင်ငံ အာသံပြည်နယ်တွင် ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ငါးဦးကို အိန္ဒိယ-မြန်မာနယ်စပ်မှတစ်ဆင့် နေရပ်ပြန်ပို့မည်ဖြစ်ကြောင်း သိရှိရပါတယ်။

ယခင်ထိန်းသိမ်းခံရသူ မြန်မာနိုင်ငံသား တစ်ဦးဖြစ်တဲ့ မိုဟမ္မဒ်ဆလမ်ကို ဗုဒ္ဓဟူးနေ့ကပြန်ပို့ပြီး ဖြစ်ကြောင်းကို မဏိပူရမှ တာဝန်ရှိသူ ရဲအရာရှိတစ်ဦးက ပြောဆိုလိုက်ပါတယ်။ စိုနစ်ပူရ် (Sonitpur) မှ အထက်ရဲအရာရှိ တစ်ဦးက ထိုလူငါးဦးသည် ရိုဟင်ဂျာ လူမျိုးများ ဖြစ်မည်ဟု ယူဆရတာကြောင့် ထိုသူတို့ကို မဏိပူရသို့ ခေါ်ဆောင်လာနေပြီး  ကြာသပတေးနေ့ (သို့မဟုတ်) မြန်မာအာဏာပိုင်များ အပေါ်မူတည်ကာ  ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

ပြန်ပို့ခံရမည့်သူများမှာ မြန်မာနိုင်ငံသား  ငါးယောက်ဖြစ်ကြောင်းနှင့် သူတို့တွေဟာ ယခု သူတို့လာရာ လမ်းမှာ ဖြစ်တယ်လို့ အာသံပြည်နယ်ရဲ့ နယ်စပ် တွဲဖက်ညွှန်ကြားရေးမှူးချုပ် ဗဟက်စ်ကား ဂျိုတီး မဟန်တာ (Bhaskar Jyoti Mahanta) ကပြောဆိုလိုက်ပြီးနောက် အသေးစိတ် အချက်လက်တွေကို ဆက်လက် ဝေမျှဖို့အတွက် မဟန်တာက ငြင်းဆိုခဲ့ပါတယ်။

သူတို့ငါးယောက်ဟာ တဲဇ်ပူရ်(Tezpur)မှ မနေ့ကထွက်ခွာခဲ့ကြပြီး သူတို့ရဲ့ ခရီးသွားရန် အထောက်ထားများလည်း ရောက်ရှိပြီးဖြစ်ကြောင်း ဆိုနီတ်ပူရ်(Sonitpur)မှ တွဲဘက်ရဲဌာနမှူး နူမလ်မဟတ်တာ (Numal Mahatta) က ပြောဆိုခဲ့ပါတယ်။

မဏိပူရရဲ့ ရဲဌာနမှူး Singhက ဆိုန်ီတ်ပူရ် အာဏာပိုင်များထံမှ ပြန်လည်ပို့ဆောင်မည့် အချက်လက်တွေကို လက်ခံရရှိပြီးဖြစ်သလို သူတို့တစ်ဦးချင်းစီကလည်း လက်ရှိမှာ အာသံပြည်နယ် လာရာလမ်းခရီးမှာဖြစ်ကြောင်းနှင့် ယခင်အမ်ဘာလာ(Ambala)မှ ခေါ်ဆောင်လာသူ တစ်ဦးကို ပြန်ပို့ပြီးဖြစ်ကြောင်း ပြောပါတယ်။ယခင်ထိန်းသိမ်းခံရတဲ့ ရိုဟင်ဂျာ ခုနစ်ဦးကိုလည်း အောက်တိုဘာလ အစောပိုင်းမှာ မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။

Source: Hindustantimes
Photo Credit: theindependent

More from ပြည်ပMore posts in ပြည်ပ »
Mission News Theme by Compete Themes.