Press "Enter" to skip to content

ဆော်ဒီအာရေဗျနိုင်ငံတွင်ရှိနေသော ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ်သို့ အတင်းအဓမ္မပြန်ပို့နေ

ဆော်ဒီအာရေဗျနိုင်ငံတစ်ဝန်းတွင် နေထိုင်ကြသော ရိုဟင်ဂျာမွတ်စလင် ဒုက္ခသည်များကို ဆော်ဒီအစိုးရမှ ဘင်္ဂါလီများဟု စွပ်စွဲကာ ထောင် (၅)နှစ်စီချခဲ့ပြီး ဘင်္ဂလားဒေ့ရှ်သို့ အတင်းအဓမ္မပြန်ပို့ရန် စီစဉ်နေကြောင်း သတင်းပေးပို့ ထားပါတယ်။

မြန်မာနိုင်ငံအစိုးရဧ။် ညှင်းပမ်းနှိပ်စက်မှု ခံနေကြရသော ရိုဟင်ဂျာ မွတ်စလင်များသည် မိမိတို့ အသက်ဘေးမှ လွှတ်မြောက်ရန် တစ်ခြားနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင် ခိုလှုံခဲ့ကြလျက် ရှိပါတယ်။ ထိုကဲ့သို့ ထွက်ပြေးခိုလှုံနေကြသော ရိုဟင်ဂျာမွတ်စလင်များထဲမှ ဆော်ဒီအာရေဗျနိုင်ငံသို့ရောက်ရှိခိုလှုံနေကြသူများကို ဆော်ဒီအစိုးရမှ ဘင်္ဂါလီများဟု စွပ်စွဲထောင်ချမှုတွေ ပြုလုပ်ခဲ့ပါတယ်။

လူမျိုးတုန်းသတ်ဖြတ်မှုကို ရင်ဆိုင်နေကြရသော ရိုဟင်ဂျာလူမျိုးစုများကို မြန်မာနိုင်ငံမှ နိုင်ငံသားအဖြစ် သတ်မှတ်ခြင်းမပြုသောကြောင့် အထောက်အထား မစုံလင်ကာ ၂၀၁၂ခုနှစ်မှစပြီး ဆော်ဒီအာရေဗျနိုင်ငံတွင် အကျဉ်းကျခံနေရခြင်းဖြစ်ပါသည်။ ရုပ်သံဖိုင်အရ ဆော်ဒီအာရေဗျတွင် မိသားစုဝင်ရှိနေသော ရိုဟင်ဂျာများကို အရေးပေါ်ထွက်ပေါက်တွင် အစာရေစာငတ်နေသောအခြေနေဖြင့် စောင့်ဆိုင်းနေရသည်ကို တွေ့ရှိရခြင်းပဲဖြစ်ပါတယ်။ မိသားစုဝင်မရှိသော ရိုဟင်ဂျာလူမျိုးတစ်ချို့ကိုလည်း အစောပိုင်းကာလမှာ အတင်းအဓမ္မ ပို့ဆောင်ပြီးကြောင်း သိရှိရပါတယ်။

ဆော်ဒီအာရေဗျထောင်တွင် (၅)နှစ် အသီးသီး ထောင်ကျခံရသူ ရိုဟင်ဂျာ လူနည်းစုများမှာ အစာရေစာ ငတ်ပြတ်မှုများကို ရင်ဆိုင်ကြရပြီး အသက်ရှင်လျက် ကျန်ရှိနေသူများထဲမှ (၅၀)ဦးခန့်ကို ဆော်ဒီအစိုးရက အတင်းအဓမ္မ  ဘင်္ဂလားဒေ့ရှ်သို့ ပြန်ပို့ရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါတယ်။

မြန်မာနိုင်ငံတွင်းရှိ အပြစ်မဲ့ရိုဟင်ဂျာ မွတ်စလင်များသည် မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကို ခံနေကြရသလို ကမ္ဘာတစ်ဝန်းတွင် ရောက်ရှိခိုလှုံနေကြသော ရိုဟင်ဂျာများမှာလည်း နည်းမျိုးစုံဖြင့် ညှင်းပမ်းနှိပ်စက်မှုတွေ ပြုလုပ်ခြင်းကို ခံရလျက်ရှိပါတယ်။

More from ပြည်ပMore posts in ပြည်ပ »
Mission News Theme by Compete Themes.