Press "Enter" to skip to content

ရာနှင့်ချီသော ရိုဟင်ဂျာမွတ်စလင်များ အိန္ဒိယနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံ

အိန္ဒိယနိုင်ငံမှ ရိုဟင်ဂျာ(၇)ဦးကို အောက်တိုဘာလမှစ၍ မိမိတို့နေရပ်ဖြစ်သော မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့သောကြောင့် ရာနှင့်ချီသော ရိုဟင်ဂျာမွတ်စလင်မိသားစုဝင်များက နေရပ်ပြန်ပို့ခံရမည်ကို စိုးရိမ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ ထွက်ပြေးခိုလှုံနေကြကြောင်းနှင့် တစ်ချို့များမှာမူ ထွက်ပြေးခိုလှုံရန် ပြင်ဆင်နေကြကြောင်း သိရှိရပါတယ်။

အိန္ဒိယနိုင်ငံ၏ ဟိန္ဒူအမျိုးသားရေးစိတ် ပြင်းပြသော အစိုးရမှ ရိုဟင်ဂျာမွတ်စလင်များနှင့်ပတ်သက်၍ တရားမဝင်နိုင်ငံခြားသားများဖြစ်ကြောင်းနှင့် လုံခြုံရေးအရ အန္တရာယ်ရှိကြောင်းပြောဆိုပြီး ထောင်နှင့်ချီသော ရိုဟင်ဂျာမွတ်စလင်များက လူစုကွဲပြီး ပြန့်ကြဲစွာ ဆင်းဆင်းရဲရဲ နေထိုင်ကြရာမှ မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားသတ်မှတ်ပြီး မူလနေရပ်သို့ ပြန်ပို့မှာပဲ ဖြစ်ပါတယ်။

ယခုလမှာ ရိုဟင်ဂျာငါးဦးပါဝင်တဲ့ မိသားစုဝင်တစ်စုကို ဗုဒ္ဓဘာသာအများစုနေထိုင်ရာ မြန်မာနိုင်ငံသို့ ပြန်ပို့ပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့လပိုင်းအတွင်းမှာ ရိုဟင်ဂျာမွတ်စလင်ဦးရေ (၂၀၀၀)ခန့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ဝင်ရောက်ခိုလှုံခဲ့ကြကြောင်း ရိုဟင်ဂျာတစ်ချို့မှပြောပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာရှိနေတဲ့ UNHCRက အိန္ဒိယဘက်မှ ဝင်ရောက်လာကြတဲ့ ရိုဟင်ဂျာ မွတ်စလင်များအားလုံး လုံခြုံစွာရှိနေကြောင်းနှင့် လတ်တလောမှာတော့ မြန်မာဘက်က ထွက်ပြေးခိုလှုံသူ အရေအတွက်နည်းပါးပြီး အိန္ဒိယဘက်မှ ခိုလှုံရန် ရောက်ရှိလာသူ ဦးရေများပြားကြောင်း ပြောဆိုထားပါတယ်။

လူမျိုးတုန်းသတ်ဖြတ်မှုကို ခံနေကြရသော အင်အားနည်း ရိုဟင်ဂျာမွတ်စလင်များအနေနှင့် မိမိတို့အသက်အန္တရာယ်ဘေးမှ လွှတ်မြောက်စေရန် နီးစပ်ရာနယ်စပ်နိုင်ငံများသို့ထွက်ပြေးခိုလှုံ ကြရတာပဲဖြစ်ပါတယ်။ ထိုသို့ထွက်ပြေး ခိုလှုံသူများမှ တစ်ချို့မှာ  မူလနေရပ်ဖြစ်တဲ့ မြန်မာနိုင်ငံသို့ ပြန်ပို့ခံနေရသည့်အပြင် မြန်မာအစိုးရ အနေနှင့်လည်း နိုင်ငံသားတစ်ဦး၏ ရပိုင်ခွင့်များကို ယနေ့ထိတိုင် ပေးဆောင်ခြင်း မရှိတာကြောင့် ရိုဟင်ဂျာ မွတ်စလင်များအနေနဲ့ လူ့အခွင့်ရေး ချိုးဖောက်မှုများ ဆက်လက် ခံနေကြရတာပဲ ဖြစ်ပါတယ်။

More from ပြည်ပMore posts in ပြည်ပ »
Mission News Theme by Compete Themes.