Press "Enter" to skip to content

Posts tagged as “UNHCR”

ရခိုင်ပြည်နယ်မောင်တောမြို့တွင် UNHCRမှလှူဒါန်းပစ္စည်းများကို ကျေးရွာအုပ်ချုပ်ရေးမှူးမှ အတင်းအဓမ္မလုယူမှုဖြစ်ပွား

ဇွန်လ(၂)ရက်နေ့ နံနက်၉နာရီအချိန်တွင် (၃)မိုင်အခြေစိုက် UNHCRအဖွဲ့မှ ရခိုင်ပြည်နယ်မောင်တောမြို့မြောက်ပိုင်း ကျောက်လှေကားကျေးရွာသို့ သွားရောက်ကာ ရွာရှိ မိသားစုတစ်စုချင်းစီအလိုက် ဖျာ(၃)ချပ်၊အမိုးအကာ၂ခု၊ခြင်ထောင်(၃)လုံး ၊ရေးခရာ၂ခု၊ အထည်(၅)ထည်၊ ကြိုးတစ်ချပ်တို့ကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ ထိုသို့ပေးအပ်ရာတွင် ၎င်းကျေးရွာနေ ဦးတူဖိုင်လ်အာမက်(၇၈နှစ်)နဲ့ ၎င်းရဲ့သားအေနာယာသ်အူလ္လာ(၃၅နှစ်)တို့နှစ်ဦးဟာ ပစ္စည်းများကို သီးခြားစီပေးအပ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ထိုနေ့ညနေ၅ခွဲအချိန်မှာတော့ ၎င်းကျေးရွာရဲ့အုပ်ချုပ်ရေးမှူးဆိုသူ တော်စ်မိန့်ဂျူဟာရ်မှ…

ရိုဟင်ဂျာဒုက္ခသည်၁သိန်းကို Bhashan Charကျွန်းဆီ ပြောင်းရွှေ့နေရာချထားပေမယ့် အစီစဉ်မှာ ကုလပါဝင်ဆောင်ရွက်လို

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁သိန်းခန့်ကို ဘင်္ဂလားဒေ့ရှ် အစိုးရက ဘင်္ဂလားပင်လယ်အော်ထဲမှာ တည်ရှိတဲ့ Barshansharကျွန်းဆီကို ပြောင်းရွှေ့နေရာချထားပေးဖို့ စီစဉ်ဆောင်ရွက်နေတာနဲ့ပတ်သက်ပြီး နည်းပညာ ကျွမ်းကျင်မှုဆိုင်ရာတွေနဲ့ ကူညီလိုကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။ UNHCR လက်ထောက်မဟာမင်းကြီး Kelly…

နိုင်ငံမဲ့ဒုက္ခသည်များအရေး အမှုဆောင်ကော်မတီအစည်းအဝေးတွင်ဆွေးနွေး

ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမှာစတင်ကျင်းပခဲ့တဲ့ UNHCR အမှုဆောင်ကော်မတီအစည်းအဝေးမှာ နိုင်ငံမဲ့အရေးဆွေးနွေးခဲ့ရာတွင် သြစတေးလျရုပ်ရှင်သရုပ်ဆောင် Cate Blanchett လည်း ပါဝင်ခဲ့ကြောင်းသိရပါတယ်။ ဒီအမှုဆောင်ကော်မတီအစည်းအဝေးဟာ UNHCR ရဲ့ အကြိမ် ၇၀မြောက်ဖြစ်ပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါတယ်။မဟာမင်းကြီး Filipo Grandi က ဒုက္ခသည်အရေး…

လူ့အခွင့်ရေးအဖွဲ့တွေက ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည်ပို့ဆောင်လက်ခံရေးကို ဆိုင်းငံ့ရန်တိုက်တွန်း

မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ အစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်မှာခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မူလနေရပ်ပြန်ပို့မယ့် အစီအစဉ်ကို ဘေးအန္တရာယ်ကင်းကင်း၊ ဂုဏ်သိက္ခာရှိရှိ၊ ကိုယ့်သဘော ဆန္ဒအတိုင်း ပြန်နိုင်မယ့် အချိန်အထိ ဆိုင်းငံ့ထားဖို့ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေက တောင်းဆို လိုက်ကြပါတယ်။ ရိုဟင်ဂျာတွေကို ပထမတကြိမ် နေရပ်ပြန်ပို့ရေးအစီအစဉ် မအောင်မမြင် ဖြစ်ခဲ့ပြီးနောက်၊ ထပ်မံ ကြိုးပမ်းတဲ့…

ရိုဟင်ဂျာဦးရေ ငါးသိန်းကျော်ကို ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် UNHCRတို့ပူးပေါင်းကာ သက်သေခံကဒ်များ ထုတ်ပေး

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည်ဦးရေ ငါးသိန်းကျော်ကို သက်သေခံ အထောက်အထားတွေ ထုတ်ပေးလိုက်ကြောင်း ကုလသမဂ္ဂအေဂျင်စီက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံက ထွက်ပြေးခဲ့ကြရတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုရှောင် ရိုဟင်ဂျာမွတ်စလင် ၅သိန်းကျော်ကို ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ UNHCRတို့ပူးပေါင်းကာ မှတ်ပုံတင်ပေးခဲ့ကြောင်း UNHCRက ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ မှတ်ပုံတင်ပြီးသူတွေအနေနဲ့ ဦးစွာ သူတို့ဟာ မည်သူမည်ဝါဖြစ်ကြောင်း ခိုင်လုံတဲ့…

Mission News Theme by Compete Themes.