ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ (၈)ရက်၊ အင်္ဂါနေ့မှာ သက်ကြီးရွယ်အို ရိုဟင်ဂျာ အမျိုးသားတစ်ဦး မြန်မာစစ်တပ်က ပစ်ခတ်တဲ့ သေနတ်ကျည်ဆံ ထိမှန်ကာ သေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ချို့က ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ကျည်ဆံထိမှန် သေဆုံးသူဟာ ဘူးသီးတောင်မြို့နယ် ဆင်သေပြင်ကျေးရွာမှာ နေထိုင်တဲ့ ဦးဆီဒိခ်အဟ်မတ် (ဘ)…
Posts tagged as “ရိုဟင်ဂျာ”
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာလူခါးလီဒုက္ခသည်စခန်းနံပါတ် ၁၁၊ အဆောင်နံပါတ် ဘီ-၂မှာ ခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ရေအိမ်အခက်ခဲတွေနဲ့ကြုံတွေ့နေရမှုကို တင်ပြနေတာဟာ ၈လတိတိရှိနေပြီဖြစ်ပေမယ့်လည်း တာဝန်ရှိသူတွေက ယခုအချိန်ထိ တစ်စုံတစ်ရာ စီစဉ်ပေးခြင်း မရှိသေးကြောင်း သိရပါတယ်။ ကံကောင်းထောက်မစွာနဲ့ အဆောင်နံပါတ် ဘီ-၂မှာနေထိုင်တဲ့ မိသားစုဝင်၁၂၀ကို ပေးထားတဲ့ ရေအိမ် ၅ခုကို သူငါအပြိုင်လုယက် သုံးစွဲနေရတယ်လို့…
ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ် ရွက်ညိုတောင်တွင် ရွာတာဝန်ခံတစ်ဦးဖြစ်တဲ့ နူရ်ဂျူရ်ဟာရ် (ဘ) အဘူတာဟဲရ်ဆိုသူဟာ ကျေးရွာအတွင်းဆင်းရဲနွမ်းပါးတဲ့ ဒေသခံရိုဟင်ဂျာတွေအပေါ် မဟုတ်မမှန်လိမ်စဉ်ထွင် ဖန်တီးသတင်းလုပ်ပြီး အာဏာပိုင်များအားပေးပို့ကာ အာဏာပိုင်များနဲ့ပေါင်းပြီး ဒေသခံရိုဟင်ဂျာရွာသားများထံမှ ငွေကြေးအဆမတန်မတရားညှစ်ယူနေတဲ့အပြင် ရွာအတွင်းသတ်သတ်လိုင်စင်ယူပြီး လယ်သမားများအား လယ်ထွန်ရန် အရောင်းအဝယ်ပြုလုပ်သော ကျွဲနွားများကို ငွေကြေးပိုမိုကောက်ခံနေကြောင်း ဒေသခံတစ်ဦးက Rvsion သို့သတင်းပေးပို့ခဲ့ပါတယ်။ ကျေးရွာအတွင်း ငွေကြေးအဆင်မပြေ၊…
ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်တောင်ပိုင်း ဒုအိုးသည်မကျေးရွာအုပ်စုမှ ရိုဟင်ဂျာပိုင်ကျွဲ ၁၂ ကောင်ကို ရခိုင်အစွန်းရောက် ၄ ဦးက လုယက် ယူဆောင်သွားကြောင်း ဒေသခံ တစ်ဦးက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ဘူးသီးတောင်တောင်ပိုင်းမှာ တည်ရှိတဲ့ ဒုအိုးသည်မကျေးရွာဟာ နောက်ဆုံးရိုဟင်ဂျာရွာဖြစ်ပြီး ရခိုင်ရွာနဲ့ အနီးစပ်ဆုံးမှာ တည်ရှိတဲ့ရွာတစ်ရွာဖြစ်ကြောင်း သိရပါတယ်။ ထိုကျေးရွာမှာနေထိုင်တဲ့…
မလေးရှားနိုင်ငံ ၀န်ကြီးချုပ် ဒေါက်တာမဟာသီယာမိုဟာမက်က ရိုဟင်ဂျာ ဒုက္ခသည်အရေးကို တရားမျှတစွာ အမြန်ဆုံး ဖြေရှင်းသွားဖို့ နိုင်ငံတကာအဖွဲ့အစည်းကို လှုံ့ဆော်တိုက်တွန်းလိုက်ပါတယ်။ ၇၄ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ(UNGA) အတွက် နယူးယောက်မြို့ကို ရောက်လာပြီးကတည်းက ပထမဆုံးအကြိမ်စကားပြောဆိုမှုမှာ မြန်မာအစိုးရက ဒီအရေးကိစ္စကို ဖြေရှင်းလုပ်ဆောင်သွားဖို့ ဆန္ဒလုံးဝမရှိဘူးလို့ သူကပြောကြားလိုက်ပါတယ်။ “ဒါကြောင့်ပဲ ဒါဟာကျွန်တော်တို့အပေါ်တာဝန်ကျလာပါပြီ။ နိုင်ငံတကာအဖွဲ့အစည်းအနေနဲ့လည်း ဒီအခြေအနေနဲ့ပတ်သက်ပြီး…
အိန္ဒိယနိုင်ငံ ဟိုင်ဒရာဘတ်မှာရှိတဲ့ ရိုဟင်ဂျာတွေ ခိုလှုံနေထိုင်ရာ ဒုက္ခသည်စခန်းတွေမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ရေကြီးမှုတွေ ဖြစ်ပွားခဲ့ပြီး ရိုဟင်ဂျာ ဒုက္ခသည် မိသားစုဝင် အများအပြား ရေးဘေးနှင့် ရင်ဆိုင်နေရကြောင်း ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ အများဆုံး ရေဘေးသင့်ခဲ့တဲ့နေရာကတော့ ဟိုင်ဒရာဘတ် ဘာဘာနာဂါရ်ရဲ့ ဘလာပူရ်က ဒုက္ခသည်စခန်းနံပါတ် ၃၀ပဲ ဖြစ်ပါတယ်။…
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Bandarban ပြည်နယ်၊ Naikhongchhari upazila နဲ့ မြန်မာနိုင်ငံ နှစ်နိုင်ငံကြားနယ်စပ်တွင် ညပိုင်းအချိန် မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ကာ ရိုဟင်ဂျာတစ်ဦး အသက်ဆုံးရှူံးခဲ့ကြောင်းသိရပါတယ်။ အဆိုပါမြေမြှုပ်မိုင်းဟာ မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့များမှ မြှုပ်နှံထားတာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘာဇာအတွင်းရှိ နယ်ခြားစောင့်တပ်ရင်း ၃၄မှ တပ်မှူးဒုဗိုလ်မှူးကြီး Ali Hayder Azad Ahmed ကပြောပါတယ်။…
ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများက ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ၂နှစ်အောက်ကလေးငယ်များကို ထောက်ပံ့ကြေးထုတ်ပေးရာတွင် အသုံးစရိတ်ဖြတ်တောက်ခြင်း၊စာရင်းတွင်နာမည်မရှိဟု လိမ်လည် ပြောဆိုခြင်းနဲ့ နာမည်မတူဟုငြင်းဆိုကာ ထောက်ပံ့ကြေးများ ခေါင်းပုံဖြတ်ယူနေကြောင်း ဒေသခံတစ်ဦးက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ၂၃ရက်နေ့က ဘူးသီးတောင်တောင်ပိုင်း သိမ်တောင်ပြင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းက ထောက်ပံ့ကြေးထုတ်ပေးရာမှာ တစ်ဦးလျှင်…
ဘူးသီးတောင်မြို့နယ်။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ ရွက်ညိုတောင်ကျေးရွာမှ ရိုဟင်ဂျာတစ်ဦးကို စက်တင်ဘာလ ၁၉ရက်နေ့ မနက် ၉နာရီအချိန်ခန့်မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ခြိမ်းခြောက်ပြီး ငွေကျပ်၂သိန်းတိတိ ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ဖြစ်စဉ်မှာ ရွက်ညိုတောင်ကျေးရွာမှာနေထိုင်သူ ရိုဟင်ဂျာတစ်ဦးက သူ့ရဲ့ကုန်စုံဆိုင်ငယ်လေးအတွက် ပစ္စည်းတွေဝယ်ဖို့ ဘူးသီးတောင်မြို့ထဲကို ဈေးဝယ်သွားနေချိန်မှာ…
ဘူးသီးတောင်မြို့။ ။၂၀၁၉ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့၊ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တောင်ပိုင်းမှာ မြန်မာ့တပ်မတော် စစ်ကြောင်းရဲ့ စစ်သားတွေက စိမ်းညှင်းပြာကျေးရွာကနေ ညောင်ချောင်းရွာကိုသွားတဲ့ လမ်းတလျှောက်မှာ တွေ့ရှိခဲ့သမျှ ရိုဟင်ဂျာမွတ်စလင်တွေကို ပေါ်တာဆွဲ ခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံတစ်ချို့က ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘူးသီးတောင်မြို့နယ်တောင်ပိုင်း စိမ်းညှင်းပြာကျေးရွာကို…