Press "Enter" to skip to content

Posts tagged as “ရခိုင်ပြည်နယ်”

ရိုဟင်ဂျာဆန့်ကျင်ရေး အမုန်းစကားတွေ မြန်မာစစ်တပ် ဖြန့်ဝေခဲ့ကြောင်း IIMM ထုတ်ပြန်

၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေချိန်မှာ မြန်မာစစ်တပ်က ရိုဟင်ဂျာ ဆန့်ကျင်ရေး အမုန်းစကားဖြန့်ဝေတဲ့ လုပ်ငန်းတွေကို အချိန်ကိုက်လုပ်ဆောင်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား IIMM က မတ်လ ၂၇ ရက်နေ့မှာ အစီရင်ခံစာထုတ်လိုက်ပါတယ်။ ၂၀၁၇ ခုနှစ် ဇူလိုင်လကနေ ဒီဇင်ဘာလအတွင်း ဖေ့ဘွတ်စ်စာမျက်နှာပေါင်း…

လူမျိုးရေးပဋိပက္ခဖြစ်အောင် စစ်ကောင်စီ ဖန်တီးနေကြောင်း AA ထုတ်ပြန်

စစ်ကောင်စီဟာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပေါ်လာအောင် ရည်ရွယ်တဲ့ လုပ်ဆောင်ချက်တွေကို ဒီရက်ပိုင်းအတွင်း ပိုပြီးလုပ်ဆောင်လာနေကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) က မတ်လ ၂၅ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။ စစ်ရေးအရ ရှုံးနိမ့်နေတာတွေကို အာရုံလွှဲဖို့အတွက် ကြိုးစားတာလို့လည်း ထုတ်ပြန်ချက်မှာ ထည့်သွင်း ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့ မတ်လ…

စစ်သင်တန်းတက်ဖို့ ခေါ်ယူခံရတဲ့ ရိုဟင်ဂျာခုနစ်ဦးအလောင်း စစ်ကောင်စီပြန်ပို့

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်းမှာ စစ်သင်တန်းတက်ဖို့ အတင်းအဓမ္မ ခေါ်ဆောင်ခံရတဲ့ ရိုဟင်ဂျာတွေ ထဲက အလောင်းခုနစ်လောင်းကို မတ်လ ၁၂ ရက်နေ့က စစ်ကောင်စီတပ်က မိသားစုတွေထံ လာရောက်ပို့ဆောင်ခဲ့တယ်လို့ ရွာသားတွေက Rvision ကို ပြောပါတယ်။ သဲချောင်းလက်သမားရွာက ငါးဦး၊ သက်ကယ်ပြင်ရွာက တစ်ဦးနဲ့ သဲချောင်းရွာက တစ်ဦး၊ စုစုပေါင်း…

မောင်တောမှာ ရိုဟင်ဂျာလူငယ်တွေ ဖမ်းဆီးခံနေရကြောင်း ဒေသခံတွေပြော

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ မတ်လ ၁၈ ရက်မနေ့ကပြီး ရိုဟင်ဂျာလူငယ်တွေကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးနေတာကြောင့် မြို့ခံတချို့ ထွက်ပြေးနေကြရတယ်လို့ ဒေသခံရိုဟင်ဂျာတွေက ပြောပါတယ်။ မတ်လ ၁၉ ရက် ဒီနေ့မနက်အစော တစ်နာရီခွဲခန့်ကလည်း မြို့မကညင်တန်း‌၊ မောင်နီရွာ၊ လက်သာရွာနဲ့ ရပ်ကွက် (၂) စတဲ့ရွာတွေကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ဖမ်းဆီးခဲ့တာလို့…

ရခိုင်စစ်ပွဲကြားက ရိုဟင်ဂျာတွေကို နိုင်ငံတကာ ကာကွယ်ပေးဖို့ တောင်းဆို

ရခိုင်ပြည်နယ်မှာ လတ်တလောဖြစ်နေတဲ့ စစ်ကောင်စီနဲ့ ရခိုင့်တပ်တော် AA တို့ကြားတိုက်ပွဲတွေအတွင်း ရိုဟင်ဂျာတွေ ပစ်မှတ်ထားတိုက်ခိုက်ခံနေရတာကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အကာအကွယ်ပေးဖို့ ရိုဟင်ဂျာ တရားမျှတရေး ကြိုးပမ်းတဲ့အဖွဲ့က တောင်းဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာတွေကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အမြန်ဆုံးစုံစမ်းစစ်ဆေးပြီး ကျူးလွန်သူတွေကို အမြန်ဆုံးအရေးယူဖို့ မတ်လ ၁၉ ရက်နေ့ ထုတ်ပြန်ချက်မှာ…

စစ်တွေမှာ သေနတ်သမားတွေကြောင့် ရိုဟင်ဂျာတစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

အာရ်ကာန်ပြည်နယ် စစ်တွေမြို့ ဘုမေကျေးရွာမှာ မတ်လ ၁၄ ရက်နေ့ မနက်ပိုင်းက သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် အသက် ၂၀ ကျော်အရွယ် ရိုဟင်ဂျာတစ်ဦးသေဆုံးပြီး နောက်ထပ် နှစ်ဦးဒဏ်ရာရသွားခဲ့တယ်လို့ ရိုဟင်ဂျာကျေးရွာသားတွေက Rvision ကို ပြောပါတယ်။ သေနတ်သမားနှစ်ဦးနဲ့ နောက်လိုက်ရိုဟင်ဂျာသုံးဦးတို့ က သူတို့ ပြန်ပေးဆွဲခဲ့တဲ့ သုံးနှစ်အရွယ်…

စစ်ကောင်စီက မောင်တောဆေးရုံ ပိတ်လိုက်လို့ ဒေသခံတွေ အခက်တွေ့နေ

အာရ်ကာန်ပြည်နယ်မြောက်ပိုင်း မောင်တောခရိုင် ပြည်သူ့ဆေးရုံဟာ မတ်လ ၁ ရက်နေ့ကစပြီး ကျန်းမာရေးဝန်ထမ်းတွေ မရှိတော့တာကြောင့် ကုသရေးအပိုင်း ရပ်တန့်သွားပြီး နေမကောင်းဖြစ်နေတဲ့လူနာတွေ၊ မီးဖွားမယ့်လူနာတွေနဲ့ အရေးပေါ်လူနာတွေ အခက်အခဲကြုံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဆေးရုံပိတ်ပြီး ဆရာဝန်နဲ့ ဝန်ထမ်းအားလုံး စစ်တွေမြို့ကိုလာဖို့ ပြည်နယ်စစ်ကောင်စီက မတ်လ ၁ ရက်နေ့မှာ ဖိအားပေးခေါ်ခဲ့ပြီးနောက်ပိုင်း…

ရိုဟင်ဂျာ ၉၇ ဦး ရုပ်အလောင်းတွေ လာသယ်ဖို့ ဒုက္ခသည်စခန်းတွေကို စစ်ကောင်စီ အကြောင်းကြား

အာရ်ကာန်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အငူမော်နားက တိုက်ပွဲမှာ သေဆုံးသွားတဲ့ ရိုဟင်ဂျာ ၉၇ ဦး အလောင်းတွေ သယ်ယူဖို့ စစ်တွေမြို့ပေါ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတာဝန်ရှိသူတွေကို စစ်ကောင်စီက မတ်လ ၁၃ ရက်နေ့မှာ အကြောင်းကြားတယ်လို့ ရိုဟင်ဂျာအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ စစ်ကောင်စီက အာရ်ကာန်ပြည်နယ် တိုက်ပွဲတွေမှာ ရိုဟင်ဂျာတွေကို လူသားဒိုင်းအဖြစ်…

အဓမ္မစစ်သင်တန်းပေးခံရသည့် ရိုဟင်ဂျာလူငယ်များ သင်တန်းဆင်း

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ရိုဟင်ဂျာဒုက္ခသည့်စခန်းတစ်ခုမှ လူငယ် ၁၀၀ ကျော်ကို ၎င်းတို့၏ ဆန္ဒမပါဘဲ စစ်ကောင်စီတပ်က နှစ်ပတ်နီးပါးကြာ အတင်းအကျပ် စစ်သင်တန်းပို့ချပြီးနောက် ယမန်နေ့ (မတ်လ ၁၁) က သင်တန်းဆင်းပေးလိုက်သည်။ ကျောက်ဖြူမြို့တောင်ဘက် သုံးမိုင်ခန့်အကွာရှိ ‘ကျောက်တစ်လုံး’ ရိုဟင်ဂျာဒုက္ခသည့်စခန်းရှိ လူ ၁၂၇ ဦးကို ကျောက်ဖြူမြို့အခြေစိုက်…

AA က အစေခံမဖြစ်ချင်တဲ့ ရိုဟင်ဂျာရပ်မိရပ်ဖတွေကို ပြန်ပေးဆွဲနှိပ်စက်ဖို့ရှာနေ

ဘူးသီးတောင်မြို့နယ် တောင်ပိုင်းဒေသတွင် AA က ၎င်းရဲ့ အစေခံမဖြစ်ချင်တဲ့ ရိုဟင်ဂျာ ရပ်မိရပ်ဖတွေကို ပြန်ပေးဆွဲပြီး နှိပ်စက်သတ်ဖြတ်ဖို့ရှာနေကြောင်း သိရပါတယ်။ ဧပြီလ ၁၉ ရက်၊ အင်္ဂါနေ့ ညနေ ၅ နာရီလောက်မှာ AA အဖွဲ့ဝင် ၆ ဦးဟာ လက်နက် ၄ လက်ဖြင့်…

Mission News Theme by Compete Themes.