Press "Enter" to skip to content

ရိုဟင်ဂျာ ဗီးရှင်း

ဘူးသီးတောင်မြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဈေးဝယ်သွားသည့် ရိုဟင်ဂျာတစ်ဦးထံမှ ခြိမ်းခြောက်ငွေညှစ်

ဘူးသီးတောင်မြို့နယ်။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ ရွက်ညိုတောင်ကျေးရွာမှ ရိုဟင်ဂျာတစ်ဦးကို စက်တင်ဘာလ ၁၉ရက်နေ့ မနက် ၉နာရီအချိန်ခန့်မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ခြိမ်းခြောက်ပြီး ငွေကျပ်၂သိန်းတိတိ ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ဖြစ်စဉ်မှာ ရွက်ညိုတောင်ကျေးရွာမှာနေထိုင်သူ ရိုဟင်ဂျာတစ်ဦးက သူ့ရဲ့ကုန်စုံဆိုင်ငယ်လေးအတွက် ပစ္စည်းတွေဝယ်ဖို့ ဘူးသီးတောင်မြို့ထဲကို ဈေးဝယ်သွားနေချိန်မှာ…

ဘူးသီးတောင်မြို့နယ်တောင်ပိုင်းတွင် မြန်မာစစ်သားများက ရိုဟင်ဂျာ ၃၀ကျော်ကို ပေါ်တာဆွဲခေါ်ဆောင်

ဘူးသီးတောင်မြို့။ ။၂၀၁၉ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့၊ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တောင်ပိုင်းမှာ မြန်မာ့တပ်မတော် စစ်ကြောင်းရဲ့ စစ်သားတွေက စိမ်းညှင်းပြာကျေးရွာကနေ ညောင်ချောင်းရွာကိုသွားတဲ့ လမ်းတလျှောက်မှာ တွေ့ရှိခဲ့သမျှ ရိုဟင်ဂျာမွတ်စလင်တွေကို ပေါ်တာဆွဲ ခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံတစ်ချို့က ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘူးသီးတောင်မြို့နယ်တောင်ပိုင်း စိမ်းညှင်းပြာကျေးရွာကို…

မြန်မာစစ်တပ်နဲ့AAရဲ့ အပြန်အလှန်ပစ်ခတ်မှုကြား ရိုဟင်ဂျာတစ်ဦးသေဆုံးပြီး အများအပြားပိတ်မိနေ

ဘူးသီးတောင်မြို့။ ။၂၀၁၉ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တောင်ပိုင်း သပိတ်တောင်ကျေးရွာမှာ မြန်မာစစ်တပ်နဲ့ ရခိုင့်တပ်မတော်တို့ အပြန်လှန်ပစ်ခတ်မှုတွေဖြစ်ပွားချိန်မှာ  ရိုဟင်ဂျာ အမျိုးသားတစ်ဦး ကျည်ဆံအများပြားထိမှန်ပြီး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ သေဆုံးသူ ရိုဟင်ဂျာအမျိုးသား၏ အမည်မှာ ဦးအဗ်ဒူလ်မူနာဖ်၏သား ဦးအဗ်ဒူလ်ကရိမ် အသက် ၄၇နှစ်ဖြစ်ပြီး တနင်္ဂနွေနေ့ မနက်၁၁နာရီအချိန်ခန့်မှာ…

ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့ရန် ကြိုးစားနေချိန်မှာ ပြည်တွင်းက ဖိနှိပ်မှုတွေကြောင့် နေရပ်စွန့်ခွာသူတွေ ပိုမိုများပြားလာ

ရခိုင်ပြည်နယ်တွင်းမှာ ကျန်ရှိနေတဲ့ ရိုဟင်ဂျာတွေကို မြန်မာအာဏာပိုင်တွေနဲ့ သူတို့ရဲ့ အပေါင်းပါတွေအပြင် အရပ်သား အစွန်းရောက် ရခိုင်တစ်ချို့က ညှင်းပမ်းနှိပ်စက် ဖိနှိပ်မှုတွေ ပြုလုပ်နေပြီး လက်ရှိ မြန်မာစစ်တပ်နဲ့ AAတို့ကြား တိုက်ပွဲတွေ အပြင်းထန် ဖြစ်ပွားနေချိန်မှာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာက ၂၀၁၇ခုနှစ် NLDနဲ့ မြန်မာ့တပ်မတော်တို့ ပူးပေါင်းကျူးလွန်ခဲ့တဲ့ လူမျိုးတုန်းစစ်ဆင်ရေးမှာ…

မိုဘိုင်းသုံးစွဲခွင့်ပိတ်ပင်မှုကို ရပ်တန့်ပေးဖို့ ဒုက္ခသည်တွေက ဘင်္ဂလားဒေ့ရှ်အစိုးရကို မေတ္တာရပ်ခံ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တဲခ်နာ့ဖ်မြို့၊ ဂျာဒီမိုရာ၊ ရှလ်ဘဂန်း ဒုက္ခသည်စခန်းနံပါတ်(၂၆-၂၇)က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ဖုန်းအသုံးပြုခွင့်၊ အင်တာနက်သုံးစွဲခွင့် ကန့်သတ်ပိတ်ပင်မှုတွေကို ရပ်တန့်ပေးဖို့ ရိုဟင်ဂျာဒုက္ခသည်တွေက  ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေကို မေတ္တာရပ်ခံလိုက်ပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့က ရှလ်ဘဂန်းဒုက္ခသည်စခန်းမှာ ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးတွေမှာ ဒုက္ခသည်အများပြားကို အတင်းအဓမ္မရပ်တန့် စစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။ ဖုန်း၊ ဆင်းမ်ကဒ် ဒါမှမဟုတ် ဆက်သွယ်ရေးကိရိယာ…

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ဆက်လက်လုပ်ဆောင်နေတဲ့အပေါ် အမေရိကန်သတိပေး

မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုကင်းမဲ့တဲ့ လုပ်ရပ်တွေဟာ ရခိုင်ပြည်နယ်မှာ လူမျိုးတုံး သုတ်သင်မှု ပါဝင်နေသလို မြန်မာစစ်တပ်က ရိုဟင်ဂျာ မွတ်စလင်တွေကို စော်ကားမှုတွေ ဆက်လက် လုပ်ဆောင်နေခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန်က စနေနေ့မှာ သတိပေးခဲ့ပါတယ်။ ရိုဟင်ဂျာတွေအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူမျိုးတုန်းသတ်ဖြတ်မှု စတင်ခဲ့တဲ့ ဒုတိယမြောက် နှစ်ပတ်လည်မှာ အမေရိကန်နိုင်ငံတော်ရုံးဌာန ပြောခွင့်ရအမျိုးသမီး…

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေရဲ့ ယာယီတဲအိမ်တွေဖျက်ဆီးခံရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တဲခ်နာ့ဖ်မြို့မှာရှိတဲ့ ဒုက္ခသည်စခန်းနံပါတ် ၂၇ ၊ ဘလော့ခ်-ဘီမှာခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ဥစ္စာပစ္စည်းတွေကိုလုယူနေတဲ့အပြင် ယာယီတဲတွေကိုလည်း ဖြိုဖျက် ဖျက်ဆီးခဲ့ကြောင်း VORအဖွဲ့ဝင် တစ်ဦးမှ ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေထိုင်ကြတဲ့ ဒုက္ခသည်တွေကို အမြဲ စာနာထောက်ထားပြီး ကူညီပေးနေတဲ့ အဒူမူနာဖ်ကုမ္ပဏီ၏သား မိုဟာမတ်အူမောရ်ကို သြဂုတ်လ ၂၃ရက်…

လူ့အခွင့်ရေးအဖွဲ့တွေက ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည်ပို့ဆောင်လက်ခံရေးကို ဆိုင်းငံ့ရန်တိုက်တွန်း

မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ အစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်မှာခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မူလနေရပ်ပြန်ပို့မယ့် အစီအစဉ်ကို ဘေးအန္တရာယ်ကင်းကင်း၊ ဂုဏ်သိက္ခာရှိရှိ၊ ကိုယ့်သဘော ဆန္ဒအတိုင်း ပြန်နိုင်မယ့် အချိန်အထိ ဆိုင်းငံ့ထားဖို့ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေက တောင်းဆို လိုက်ကြပါတယ်။ ရိုဟင်ဂျာတွေကို ပထမတကြိမ် နေရပ်ပြန်ပို့ရေးအစီအစဉ် မအောင်မမြင် ဖြစ်ခဲ့ပြီးနောက်၊ ထပ်မံ ကြိုးပမ်းတဲ့…

ပေါက်တောမြို့နယ် ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေ စားဝတ်နေရေးအခက်ခဲကြောင့် ကူညီထောက်ပံ့မှု အမြန်ဆုံး လိုအပ်နေ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ငှက်ချောင်းဒုက္ခသည်စခန်း(၁)မှာ ခိုလှုံနေထိုင်ကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အနေနဲ့ စားဝတ်နေရေး အခက်အခဲတွေကို ရင်ဆိုင်နေရကြောင်း ဒေသခံတစ်ဦးက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ၂၀၁၂ခုနှစ် မြန်မာစစ်တပ်က လူမျိုးတုန်းစစ်ဆင်ရေးတွေစတင်ခဲ့ချိန်မှာ ရခိုင်ပြည်နယ်တစ်ဝှမ်းက ရိုဟင်ဂျာတစ်ချို့ အသက်လုထွက်ပြေးခဲ့ကြရပြီး နီးစပ်ရာမြို့နယ်တွေရဲ့ ဒုက္ခသည် စခန်းတွေမှာ ခိုလှုံခဲ့ကြရတာဖြစ်ပါတယ်။ အဲဒီလိုပဲ မင်းပြားမြို့နဲ့…

ရိုဟင်ဂျာတွေ ရာဇဝတ်မှုကျူးလွန်ခံရခြင်းကို ICC တရားသူကြီးများထံ တိုင်ကြားခွင့်ပြု

မြန်မာနိုင်ငံက ရိုဟင်ဂျာလူနည်းစုအပေါ် အနိမ့်ဆုံးအဆင့် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ကတည်းကစပြီး ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ခွင့်ပြုချက်ပေးဖို့ နိုင်ငံတကာ ရာဇဝတ်တရားခုံရုံး ICC ရှေ့နေ Fatou Bensouda က ၂၀၁၉ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှာ တင်ပြထားခဲ့ပါတယ်။ ရခိုင်ပြည်နယ်တွင်းမှာနေထိုင်ကြတဲ့…

Mission News Theme by Compete Themes.