၂၀၁၉ ခုနစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့က ရိုဟင်ဂျာကိုယ်စားလှယ်များဟာ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များနဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘာဇာရှိ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု လွတ်မြောက်သူများစခန်းတွင်တွေ့ဆုံခဲ့ကြပါတယ်။ အစည်းအဝေးကို ကူသူပလောင်ဒုက္ခသည်စခန်းတိုးချဲ့ ၄ ရဲ့ CIC ရုံးတွင်ကျင်းပခဲ့တာဖြစ်ပြီး ဒုက္ခသည်ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ညွှန်ကြားချက်ဖြင့် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါမြန်မာနိုင်ငံဘက်မှလာရောက်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ…
ရိုဟင်ဂျာ ဗီးရှင်း
ကမ္ဘာပေါ်မှာရှိတဲ့ မွတ်စ်လင်မ်တွေ တွေ့ကြုံနေရတဲ့ အခက်အခဲအကျပ်အတည်းတွေကို တွေ့ဆုံဆွေးနွေးဖို့အတွက် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်တွင် မွတ်စ်လင်မ်နိုင်ငံ ၂၀ ခန့်က ခေါင်းဆောင်တွေရောက်ရှိနေကြပါတယ်။ ကွာလာလမ်ပူထိပ်သီးအစည်းအဝေးကို ကြာသပတေးနေ့တွင်စတင်မှာဖြစ်ပြီး ပါဝင်ခဲ့တဲ့နိုင်ငံများကြား ပိုမိုပူးပေါင်းဆောင်ရွက်မှုများဟာ စူးစမ်းရှာဖွေလေ့လာဖို့ အခွင့်အရေးတစ်ခုဖြစ်တယ်လို့ မလေးရှားသံအမတ် Ankara က ဗုဒ္ဓဟူးနေ့ကပြောခဲ့ပါတယ်။ တူရကီနိုင်ငံရဲ့မြို့တော် Anadolu အေဂျင်စီအားပြောကြားရာမှာတော့ မလေးရှားမှတာဝန်ခံ…
ရခိုင်ပြည်နယ်တွင် ဗမာစစ်တပ်နဲ့AA တို့ရဲ့မပြီးဆုံးနိုင်သေးတဲ့တိုက်ပွဲများကြား တင်းမာမှုကြောင့် ချင်းပြည်နယ်၊ ပလက်ဝနဲ့ ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် လုံခြုံရေးတွေတင်းကျပ်လာကာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကိုထုတ်ပြန်ထားတာတွေ့ရပါတယ်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ် မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်မြို့နယ်ဘက်မှာ ဒီဇင်ဘာ၉ ရက်နေ့ကနေ၁၄ ရက်နေ့အထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေခဲ့ကာ ဒေသခံပြည်သူတွေထိခိုက်သေဆုံးမှုအတော်များပါတယ်။…
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်တောင်ပိုင်း ကင်းတောင်ကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူးက ဒေသခံတိုင်းရင်းသားရိုဟင်ဂျာ ၁၄ ဦးထံမှ ငွေကျပ် ၃၅၀၀၀၀ ညှစ်ယူခဲ့ကြောင်း ဒေခံတစ်ဦးက RVsion သို့သတင်းပေးပို့ခဲ့ပါတယ်။ ဘူးသီးတောင်မြို့နယ်၊ ကင်းတောင်ကျေးရွာအုပ်စုမှအုပ်ချုပ်ရေးမှူး လုံချေဆိုသူဟာ ဒေသခံရိုဟင်ဂျာများကို စိုင်းဒင်ချောင်းသို့ ထင်း၊ဝါး ခုတ်ရန် ရွာထွက်ခွင့် လတ်မှတ်ထုတ်ပေးခြင်းမရှိတဲ့အပြင် တိုင်းရင်းသားရိုဟင်ဂျာတွေ ထင်း၊ ဝါးမရှိမဖြစ်လိုအပ်လာလို့…
အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတာကို သွားရောက်ဖြေရှင်းမယ့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်း မြန်မာနိုင်ငံတစ်ဝှမ်းက မြို့ကြီးတစ်ချို့မှာ ပြုလုပ်နေတာ တွေ့ရပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာအစိုးရက ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေပြုလုပ်ခဲ့တဲ့အပြင် လူမျိုးတုန်း သတ်ဖြတ်မှုကျူးလွန်ခဲ့တာကြောင့် ဂမ်ဘီယာနိုင်ငံ က မြန်မာနိုင်ငံအပေါ်…
မောင်တောမြို့။ ။ရခိုင်ပြည်နယ် မောင်တောမြို့မြောက်ပိုင်း မင်္ဂလာကြီးကျေးရွာကနေ သရက်အုပ်ကျေးရွာကို ကူးတို့နဲ့ဖြတ်ကူးရတဲ့ ချောင်းတစ်ခုရှိပြီး အဲ့ဒီချောင်းတောင်ဘက်မှာရှိတဲ့ နယ်ခြားစောင့်ရဲကင်းစခန်းရဲ့ တာဝန်ရှိသူတွေက နေ့စဉ်ဖြတ်သန်းသွားလာသူ ရိုဟင်ဂျာတွေဆီကနေ ငွေညှစ်ယူနေကြောင်း မျိုးသူရက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ ဖြစ်စဉ်မှာ သရက်အုပ်ကျေးရွာကိုကူးရတဲ့ ချောင်းရဲ့တောင်ဘက် မင်္ဂလာကြီးဘက်ခြမ်းမှာ နယ်ခြားစောင့်ရဲကင်းစခန်းတခုထားရှိခဲ့ပြီး အဲ့ဒီကင်းစခန်းမှာ ဒုရဲအုပ်တစ်ယောက် ဦးဆောင်ပြီး တပ်ဖွဲ့ဝင်…
ဘူးသီးတောင်မြို့။ ။ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ သရက်ပြင်ကျေးရွာအုပ်စု ရေချမ်းပြင်ရွာသစ်မှာ နေထိုင်တဲ့ ဆယ်ကျော်သက်အရွယ် ရိုဟင်ဂျာလူငယ်တစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ပြင်းထန်စွာ ဒဏ်ရာရရှိကြောင်း သိရပါတယ်။ ဒီကနေ့မနက်ပိုင်းမှာ ရေချမ်းပြင်ရွာသစ်မှာနေထိုင်တဲ့ အသက်၁၂နှစ်အရွယ် မောင်နော်ဘီဟူဆောင်း (ဘ) ဦးအာမိရ်ဟူဆောင်းက လယ်ကွင်းထဲ နွားကျောင်းနေချိန်အတွင်းမှာပဲ မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်နှစ်ဘက်စလုံးကြေမွသွားခဲ့တဲ့အပြင် တခြားထိခိုက်ဒဏ်ရာတွေလည်းရရှိခဲ့တာကြောင့် အသက်အန္တရာယ် စိုးရိမ်ရတယ်လို့…
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် လမုတပင်ကျေးရွာတွင် အစိုးရရေတပ်ရဲ့ပစ်ခတ်မှုကြောင့် အဖိုးအိုတစ်ဦးထိခိုက်ဒဏ်ရာရပြီး ကျောက်တော်ဆေးရုံသို့အရေးပေါ်ပို့ဆောင်လိုက်ကြောင်းသိရပါတယ်။ ဗမာစစ်အစိုးရဘက်ကတော့ AA ဘက်မှတိုက်ခိုက်လို့ပြန်ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ပြောပါတယ်၊ ဒေသခံတွေကတော့ ကုလားတန်မြစ်ကိုဆန်တက်လာတဲ့ အစိုးရရေတပ်ဟာ ကျေးရွာဝန်းကျင်ရွာတွေကို လက်နက်ကြီး၊ငယ်နဲ့ ဆက်တိုက်ပစ်ခတ်တာဖြစ်ပြီး နေ့လယ်ပိုင်းကစပြီးပစ်တာနာရီဝက်ကျော်ကြာကာ ရွာသားတွေကိုသာအဓိကထားပစ်ခတ်နေကြောင်း၊ ရွာသား ၂၀၀ ကျော်ဟာ ကျေးရွာဘုန်းကြီးကျောင်းများသို့ထွက်ပြေးခိုလှုံနေကြကြောင်း ပြောပါတယ်။ ပစ်ခတ်ခံခဲ့ရတဲ့ ကျောက်ဖြူကျေးရွာတွင် နေအိမ်တစ်လုံးပျက်စီးခဲ့ကြောင်း၊…
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေဟာ ဆက်လက်ဖြစ်ပွားနေကာ ဗမာစစ်တပ်ဘက်က အရပ်ဘက်လှေတွေကိုအသုံးချပြီး စစ်လက်နက်တွေ စစ်အင်အားတွေကို ရခိုင်ပြည်နယ်ရေကြောင်းခရီးတွင် တင်ဆောင်နေတာမို့ ရခိုင်ပြည်နယ်အတွင်းရေကြောင်းခရီးသွားလာမှုကို AA တပ်မတော်အား အကြောင်းကြားရန် AA ဘက်ကသတင်းထုတ်ပြန်လိုက်တယ်လို့သိရပါတယ်။ ထိုသို့ပြုလုပ်ရခြင်းမှာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေဟာဆက်လက်အရှိန်မြင့်လာနိုင်ခြေရှိလို့ သတိပေးထုတ်ပြန်တာဖြစ်ကြောင်း၊ အခုဗမာစစ်တပ်က ရိက္ခာတွေ၊ လက်နက်တွေ လူအင်အားတွေဖြည့်တဲ့အခါ စစ်သဘောင်္နဲ့တင်မဟုတ်ပဲ ဒေသခံတွေပိုင်တဲ့စက်လှေတွေကို…
ဗမာစစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေထဲကနေ လွတ်မြောက်အောင် နေရပ်ကိုစွန့်ခွာထွက်ပြေးလာတဲ့ ဒေသခံရိုဟင်ဂျာ ၉၆ ဦးဟာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေအနီး ၊ ဥတိုကျေးရွာသို့ မနေ့ နိုဝင်ဘာလ မနက် ၃နာရီခန့်မှာစက်လှေနဲ့ဝင်ရောက်လာတဲ့အတွက် ဗမာအာဏာပိုင်များက ဖမ်းဆီးလိုက်တယ်လို့သိရပါတယ်။ ၄င်ဒေသခံးရိုဟင်ဂျာ ၉၆ ဦးဟာ ရခိုင်ပြည်နယ် စစ်တွေမြို့အနီးရှိကျေးရွာများမှ လာရောက်ကြသူတွေဖြစ်ပြီး အမျိုးသား…