Press "Enter" to skip to content

Posts published in “ပြည်ပ”

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အိန္ဒိယနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ရေကြီးမှုဖြစ်ပွား

အိန္ဒိယနိုင်ငံ ဟိုင်ဒရာဘတ်မှာရှိတဲ့ ရိုဟင်ဂျာတွေ ခိုလှုံနေထိုင်ရာ ဒုက္ခသည်စခန်းတွေမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ရေကြီးမှုတွေ ဖြစ်ပွားခဲ့ပြီး ရိုဟင်ဂျာ ဒုက္ခသည် မိသားစုဝင် အများအပြား ရေးဘေးနှင့် ရင်ဆိုင်နေရကြောင်း ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။ အများဆုံး ရေဘေးသင့်ခဲ့တဲ့နေရာကတော့ ဟိုင်ဒရာဘတ် ဘာဘာနာဂါရ်ရဲ့ ဘလာပူရ်က ဒုက္ခသည်စခန်းနံပါတ် ၃၀ပဲ ဖြစ်ပါတယ်။…

လူ့အခွင့်ရေးအဖွဲ့တွေက ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည်ပို့ဆောင်လက်ခံရေးကို ဆိုင်းငံ့ရန်တိုက်တွန်း

မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ အစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်မှာခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ မူလနေရပ်ပြန်ပို့မယ့် အစီအစဉ်ကို ဘေးအန္တရာယ်ကင်းကင်း၊ ဂုဏ်သိက္ခာရှိရှိ၊ ကိုယ့်သဘော ဆန္ဒအတိုင်း ပြန်နိုင်မယ့် အချိန်အထိ ဆိုင်းငံ့ထားဖို့ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေက တောင်းဆို လိုက်ကြပါတယ်။ ရိုဟင်ဂျာတွေကို ပထမတကြိမ် နေရပ်ပြန်ပို့ရေးအစီအစဉ် မအောင်မမြင် ဖြစ်ခဲ့ပြီးနောက်၊ ထပ်မံ ကြိုးပမ်းတဲ့…

ရိုဟင်ဂျာတွေ ရာဇဝတ်မှုကျူးလွန်ခံရခြင်းကို ICC တရားသူကြီးများထံ တိုင်ကြားခွင့်ပြု

မြန်မာနိုင်ငံက ရိုဟင်ဂျာလူနည်းစုအပေါ် အနိမ့်ဆုံးအဆင့် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ကတည်းကစပြီး ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ခွင့်ပြုချက်ပေးဖို့ နိုင်ငံတကာ ရာဇဝတ်တရားခုံရုံး ICC ရှေ့နေ Fatou Bensouda က ၂၀၁၉ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှာ တင်ပြထားခဲ့ပါတယ်။ ရခိုင်ပြည်နယ်တွင်းမှာနေထိုင်ကြတဲ့…

အမေရိကန် ဘာသာရေးလွတ်လပ်ခွင့်ညီလာခံ ရိုဟင်ဂျာကိုယ်စားလှယ်တွေကို တက်ရောက်ဖို့ ဖိတ်ကြား

ကမ္ဘာတ၀ှမ်းမှာ ဖြစ်ပေါ်နေတဲ့ ဘာသာရေးဖိနှိပ်မှုတွေကို မီးမောင်းထိုးပြဖို့ ရည်ရွယ်တဲ့ ညီလာခံတစ်ခု ရှေ့သီတင်းပတ်အတွင်း ၀ါရှင်တန် ဒီစီမြို့မှာ ကျင်းပမှာဖြစ်ပြီး မကြာသေးခင်က San Diego မြို့က ဂျူးဘုရားမှာ ဖြစ်သွားခဲ့တဲ့ ပစ်ခတ်မှု၊ နယူးဇီလန်နိုင်ငံ ဗလီကျောင်း ပစ်ခတ်မှုနဲ့ သီရိလင်္ကာမှာ Easter Sundayနေ့ တိုက်ခိုက်ခံခဲ့ရမှုတွေအတွင်း သေဆုံးခဲ့သူတွေရဲ့…

ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရန်မဖြစ်နိုင်သေးကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ လက်ထောက် မဟာမင်းကြီးပြောဆို

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ကျင်းပနေတဲ့ (၄၁)ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ လက်ထောက် မဟာမင်းကြီး Kate Gilmore က မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်စလင်တွေရဲ့ လူ့အခွင့်ရေးချိုးဖောက်ခံနေရမှုအခြေနေတွေကို စောင့်ကြည့်ဖို့နဲ့ ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးကြောင်း ပြောကြားခဲ့ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေ…

ရိုဟင်ဂျာတွေကို ပြန်လည်ပို့ဆောင်ရေးအတွက် တရုတ်နိုင်ငံခေါင်းဆောင်တွေက ကူညီသွားမယ်လို့ ကတိပေး

ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေထိုင်ကြတဲ့ ရိုဟင်ဂျာဒုက္ခသည် အရေးကို မြန်ဆန်စွာ ဖြေရှင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်းနဲ့ ထိုမှသာလျင် ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မြန်ဆန်ဆန် နေရပ်ပြန်နိုင်မှာဖြစ်တယ်လို့ တရုတ်သမ္မတ Xi Jinpingက သဘောတူ ပြောဆိုခဲ့ကြောင်း The Daily Starသတင်းဌာနက ဖော်ပြထားပါတယ်။ နှစ်နိုင်ငံခေါင်းဆောင်တွေက ရိုဟင်ဂျာအရေးကိစ္စကို အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ သဘောတူခဲ့ပြီး…

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးအတွက် တရုတ်ဝန်ကြီးချုပ်က မြန်မာကို တိုက်တွန်းမည်

တရုတ်ဝန်ကြီးချုပ် Li Keqiang က ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်အောင် လုံခြုံမှုရှိတဲ့ အခြေအနေတစ်ခု ဖန်တီးပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းသွားမယ်လို့ တရုတ်နိုင်ငံကိုရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်နဲ့အဖွဲ့ကို ကတိပေးလိုက်ပါတယ်။ ဇူလိုင်လ ၄ ရက်နေ့က ဝန်ကြီးချုပ် Li Keqiang ဟာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina…

မြန်မာနိုင်ငံတွင်း စစ်ရာဇ၀တ်ကျူးလွန်မှုအသစ်တွေ ဖြစ်နေတဲ့အလားအလာရှိကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးပြောဆို

မြန်မာနိုင်ငံအနောက်ပိုင်း မတည်မငြိမ်ဖြစ်နေတဲ့ ပြည်နယ်ဒေသတွေမှာ မြန်မာစစ်တပ်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အပြစ်မဲ့ ပြည်သူလူထုတွေအပေါ် လူ့အခွင့်ရေး ချိုးဖောက်မှုတွေကို ကျူးလွန်နေကြတာဟာ စစ်ရာဇဝတ်မှုမြောက်တဲ့ အဆင့်ရှိကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးက ပြောကြားခဲ့ပါတယ်။ ၂၀၁၇ခုနှစ် မြန်မာစစ်တပ်ရဲ့လူမျိုးတုန်းစစ်ဆင်ရေးတွေကြောင့် ရိုဟင်ဂျာ မွတ်စလင်ဦးရေပေါင်း ၇သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ကြရပါတယ်။ မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်း…

ရိုဟင်ဂျာအရေး နိုင်ငံတကာ ရာဇဝတ်ခုံရုံး(ICC)၏ စုံစမ်းစစ်ဆေးမှုကို မြန်မာစစ်တပ်ငြင်းပယ်

ရိုဟင်ဂျာမွတ်စလင်တွေအပေါ်ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေအတွက် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC)ရဲ့ စုံစမ်းစစ်ဆေးမှုကို မြန်မာစစ်တပ်က ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ငြင်းဆိုလိုက်ကြောင်း သိရပါတယ်။ နိုင်ငံတကာ ရာဇဝတ်ခုံရုံးရဲ့ အမျိုးသမီးရှေ့နေတစ်ဦး ဖြစ်တဲ့  Fatou Bensoudaက ၂၀၁၇ခုနှစ် မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးပြုလုပ်ချိန် အဓမ္မပြုကျင့်ခံရခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်းနဲ့ မီးရှို့ဖျက်ဆီးခံရတဲ့ ရိုဟင်ဂျာ…

ရိုဟင်ဂျာအရေးကိစ္စ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) စုံစမ်းစစ်ဆေးရေး စတင်ဆောင်ရွက်မည်

မြန်မာစစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် အိမ်နီးချင်းနိုင်ငံကို ထွက်ပြေးခိုလှုံကြရတဲ့ ရိုဟင်ဂျာတွေရဲ့ကိစ္စကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ စုံစမ်းစစ်ဆေးမှုတွေ စတင်တော့မယ်လို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ရှေ့နေတွေက ကြေညာလိုက်ပါတယ်။ အပြစ်မဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို မြန်မာအစိုးရက ဆက်လက်ဖိနှိပ်ရက်စက်နေတဲ့ကိစ္စကို ကနေဒါအစိုးရက ICC- နိုင်ငံတကာ ရာဇဝတ်ခုံရုံးရှေ့မှောက် ကနဦး တရားစွဲဆို အရေးယူဖို့ အထက်လွှတ်တော်အမတ်တစ်ချို့က…

Mission News Theme by Compete Themes.