Press "Enter" to skip to content

Posts published in “ရိုဟင်ဂျာ သတင်း”

စစ်အစိုးရရဲ့ ညှင်းပန်းနှိပ်စက်မှုမှ လွတ်မြောက်စေရန် နေရပ်ကိုစွန့်ခွာလာတဲ့ ရိုဟင်ဂျာများအား အာဏာပိုင်များကဖမ်းဆီး

ဗမာစစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေထဲကနေ လွတ်မြောက်အောင် နေရပ်ကိုစွန့်ခွာထွက်ပြေးလာတဲ့   ဒေသခံရိုဟင်ဂျာ ၉၆ ဦးဟာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေအနီး ၊ ဥတိုကျေးရွာသို့ မနေ့ နိုဝင်ဘာလ မနက် ၃နာရီခန့်မှာစက်လှေနဲ့ဝင်ရောက်လာတဲ့အတွက် ဗမာအာဏာပိုင်များက ဖမ်းဆီးလိုက်တယ်လို့သိရပါတယ်။ ၄င်ဒေသခံးရိုဟင်ဂျာ ၉၆ ဦးဟာ ရခိုင်ပြည်နယ် စစ်တွေမြို့အနီးရှိကျေးရွာများမှ လာရောက်ကြသူတွေဖြစ်ပြီး အမျိုးသား…

ဒီဇင်ဘာလတွင် ဒုက္ခသည်များကိုအလုပ်လုပ်ခွင့်ပြုဖို့ မလေးရှားအစိုးရဆုံးဖြတ်ချက်ချမယ်

မလေးရှားနိုင်ငံမှာ လာမဲ့ဒီဇင်ဘာလတွင် ဒုက္ခသည်တွေကို အလုပ်လုပ်ခွင့်ပြု၊မပြုကို မလေးရှားနိုင်ငံအစိုးရမှ နောက်ဆုံး ဆုံးဖြတ်ချက်ချဖို့မျှော်လင့်ကြောင်း ပြည်သူ့ကောင်စီက ပြောကြားခဲ့ပါတယ်။ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး  M. Kulasegaran ကစည်းမျည်းစည်းကမ်းတွေကို လျှော့ပေးမှာဖြစ်ပေမယ့် မူဝါဒပြောင်းလဲမှုနဲ့ ပတ်သတ်ပြီး တိကျတဲ့အသေးစိတ်အချက်အလက်တော့မရှိသေးကြောင်း၊ဒီကိစ္စနဲ့ပတ်သတ်လို့ ကော်မတီဖွဲ့ဆွေးနွေးကာ မလေးရှားနိုင်ငံသားအားလုံးကိုကြေညာပြီးနောက် ဒီဇင်ဘာလ ၁၀ရက်နဲ့ ၁၅ ရက်ကြားမှာဆုံးဖြတ်ချက်တခုချနိုင်မယ်လို့ ယုံကြည်ကြောင်း ၄င်းကပြောပါတယ်။…

ကုလအတွင်းရေးမှူးချုပ်အထူးကိုယ်စားလှယ်ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်

တနေ့တခြားဆိုးရွားလာတဲ့ ရခိုင်ပြည်နယ်က ပြသနာအခြေအနေရဲ့အဖြေကို ဝိုင်းဝန်းစုပေါင်းရှာဖွေဖို့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ် Christine Burgener က ရခိုင်ပါတီနဲ့တွေ့ဆုံအပြီးမှာ ပြောဆိုခဲ့ပါတယ်။ Christine Burgenerဟာ နိုဝင်ဘာလ ၁၃ ရက်နေ့က မြန်မာနိုင်ငံကိုရောက်ရှိတာဖြစ်ပြီး နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့တာဖြစ်ပါတယ်။ ၄င်းကမိတ်ဆက်အစမှာပဲ တစ်နေ့ပြီးတစ်နေ့ဆိုးရွားလာတဲ့ ရခိုင်ပြည်နယ်ကလူတွေ…

မြန်မာ့တပ်မတော်နဲ့ AAအကြား ဒေသခံရိုဟင်ဂျာတွေ ညှင်းပမ်းနှိပ်စက်ခံနေရ

မြန်မာစစ်တပ်နဲ့ ရခိုင်တပ်မတော်(AA)တို့က ရခိုင်ပြည်နယ်တွင်းမှာ အစိုးရနှစ်ရပ်အဖြစ် ကြီးစိုးနေတာကြောင့် မြန်မာစစ်တပ်ရဲ့ နှိပ်စက်ညှင်းပမ်းမှုအောက်မှာ အသက်ရှင် ကျန်ရှိနေတဲ့ ဒေသခံရိုဟင်ဂျာမွတ်စလင်တွေက ရခိုင့်တပ်မတော်ကြောင့် အခက်ခဲဒုက္ခတွေကို ရင်ဆိုင်နေကြရပါတယ်။ ၂၀၁၉ခုနှစ် နိုဝင်ဘာလ ၁ရက်နေ့မှာ ဆေးအိုးကျကျေးရွာအုပ်စုမှာ သားသတ်လိုင်စင်ရရှိထားတဲ့ လာလာယာ (နာမည်ပြောင်)က သက်ဆိုင်ရာ အာဏာပိုင်တွေဆီက ခွင့်ပြုချက်ရရှိဖို့ ငွေကြေးအမြောက်အများပေးပြီး နွားရုံတောင်ကျေးရွာမှ…

ဂူတာပြင်ဖြစ်စဉ်အရေးယူဆောင်ရွက်မှုတွင် ပွင်းလင်းမြင်သာမှုရှိပါ့မလား

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ရွာမှာဖြစ်ပွားခဲ့တဲ့အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို စတင်အရေးယူဖို့ဆောင်ရွက်နေတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။ ဘူးသီးတောင်မြို့နယ်၊ဂူတာပြင်ကျေးရွာတွင် ဗမာစစ်တပ်အာဏာပိုင်တွေဟာ အပြစ်မဲ့တဲ့ဒေသခံရိုဟင်ဂျာရွာသား ၄၀၀ ကိုအစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တာပါ။ အမေရိကန်၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးတွေက ဂူတာပြင်ဖြစ်ရပ်မှာ အပြစ်မဲ့တဲ့ရိုဟင်ဂျာရွာသားတွေအား သတ်ဖြတ်ခဲ့တဲ့လုံခြုံရေးအာဏာပိုင်တွေကို ဖော်ထုတ်အရေးယူပေးဖို့ ၂၀၁၈ ခုနှစ်ကတည်းက တောင်းဆိုထားတာဖြစ်ပါတယ်။ စစ်ခုံရုံးဖြစ်တဲ့အတွက် တရားစီရင်ရာမှာ အရပ်ဖက်တရားစီရင်ရေးလိုတော့…

မရပ်တန့်သေးတဲ့နှစ်ဖက်ပဋ္ဋိပက္ခတွေကြား အရပ်သားများ ထိခိုက်ဒဏ်ရာရသေဆုံး

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဗမာစစ်တပ်နဲ့ AA တပ်ဖွဲတို့ကြားကတိုက်ပွဲတွေဟာ ရပ်တန့်မှုမရှိပဲ ပိုမိုတင်းမားလာခဲ့ပြီး ဒေသခံပြည်သူတွေအားထိခိုက်ဒဏ်ရာရခြင်း သေဆုံးခြင်းများရှိနေတာမို့ ဝမ်းရေးအတွက်သွားလာရှာဖွေစားသောက်ဖို့ ခက်ခဲနေကြရှာပါတယ်။ နှစ်ဖက်အပစ်ခတ်ရပ်ရေးဆွေးနွေးနေတယ်ဆိုပြီး တကယ်တမ်းကျတဖက်နဲ့တဖက် ခေါင်းရှောင်ကာ အပြစ်တင်ပြောဆိုခြင်းတွေကိုသာတွေ့နေရပြီး ရခိုင်ပြည်ကစစ်ပွဲတွေ ငြိမ်းချမ်းဖို့ဆိုတာ ဒေသခံပြည်သူတွေအတွက်တော့ မျှော်လင့်ချက်ကင်းမဲ့နေသလိုပါပဲ။    မနေ့မနက် ၈နာရီလောက်က ရသေ့တောင်မြို့နယ်၊ မညင်းတောင်ရွာကြားနဲ့ မဆိုးချောင်းဒေသငစံဘော်ရွာကြားအတွင်း နှစ်ဖက်တိုက်ပွဲတွေကြောင့်အရပ်သားကလေးငယ်တဦး…

ဘင်္ဂလားအစိုးပို့မဲ့ကျွန်းကို ရိုဟင်ဂျာတို့ဘက်ကငြင်းဆို

ရခိုင်ပြည်နယ်တွင် ဗမာစစ်အစိုးရရဲ့လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးခိုလှုံခဲ့ကြရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ဘက် hatiya ကျွန်းအရှေ့ဘက် ကီလိုမီတာ၃၀ပတ်လည် ၄၀ ကျယ်ဝန်းတဲ့ လူနေထိုင်မှုမရှိတဲ့ ဘာဆန်ချာကျွန်းပေါ်သို့ ရွှေ့ပြောင်းရန်စီစဉ်ထားသည်ကို ရိုဟင်ဂျာ ၆၀၀၀ ထောင် ၇၀၀၀ ဝန်းကျင်ကလက်ခံထားကြောင်း ဒုက္ခသည်ရေးရာကော်မရှင်နာမင်းကြီး မာဘတ်အလန်က ပြောနေပေမဲ့  ရိုဟင်ဂျာဒုက္ခသည်များကတော့ မည်သူတစ်ဦးတစ်ယောက်ကမှ…

လူအခွင့်အရေးချိုးဖောက်မှုတွေအတွက် ဂျပန်ဝန်ကြီးက မြန်မာနိုင်ငံအတိုင်ပင်ခံအားတိုက်တွန်း

ဂျပန်ဘုရင်နန်းတက်ပွဲအတွက်ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးစဉ်မှာ ဂျပန်ဝန်ကြီးချုပ် (Shinzo Abe) က  ရခိုင်ပြည်က တိုင်းရင်းသားရိုဟင်ဂျာတွေအပေါ်လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သတ်ပြီး အရေးယူမှုတွေအမြန်ဆုံး ပြုလုပ်ဖို့နဲ့ နေရပ်ပြန်နိုင်ရေးကို မဖြစ်မနေစီစဉ်ဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ရိုဟင်ဂျာတွေနဲ့ အခြားတိုင်းရင်းသားတွေအပေါ် မြန်မာစစ်တပ်ရဲ့ ဖိနှိပ်ညှင်းပန်းသတ်ဖြတ်မှုတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးစဉ်မှာ ဂျပန်အစိုးရအနေနဲ့ တိုက်ရိုက်တိုက်တွန်းဖို့၊ မြန်မာစစ်တပ်ရဲ့ အကျိုးစီးပွား…

ဗမာစစ်တပ်နဲ့ AA နှစ်ဖက်တိုက်ပွဲများကြား ဒေသခံရိုဟင်ဂျာများ ဒဏ်ရာရ

ရခိုင်ပြည်နယ်တွင် ယခုတိုင် မရပ်ဆဲနိုင် တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေမြဲဖြစ်တဲ့ AA တပ်ဖွဲ့နဲ့ ဗမာစစ်တပ် နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကြရာမှာ အောက်တိုဘာလ ၂၀ ရက်နေ့ မနက် ၉နာရီဝန်းကျင်က ရသေ့တောင်မြို့နယ် ကျေးရွာအုပ်စုဖြစ်တဲ့ ဆင်ခုန်းတိုင်းကျေးရွာတွင် ရိုဟင်ဂျာကလေးငယ်လေးတစ်ဦးနဲ့ နွားတစ်ကောင် ကျည်ဆံထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ အလားတူ အောက်တိုလာလ ၂၁ ရက်နေ့ ညနေ…

မောင်တောမြို့မှ ရိုဟင်ဂျာများ ဝမ်းစာအတွက်သွားလာလုပ်ကိုင်စားသောက်ဖို့အခက်အခဲရှိနေ

ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများသို့ ဒေသခံရိုဟင်ဂျာများဟာ ရှာဖွေစားသောက်ဖို့ အသွားအလာပြုရာမှာ ကျီးကန်ပြင်နယ်ခြားစောင့်ရဲဌာနချုပ်စစ်ဆေးရေးဂိတ်တွင်  အထောက်အထားစာရွက်စာတမ်းများနဲ့သွားလာဖြတ်သန်းနေကြရပါတယ်။ AA တပ်ဖွဲ့နဲ့ ဗမာစစ်တပ်တို့စစ်ဖြစ်ပွားတဲ့နောက်ပိုင်းမှစပြီး စစ်ဆေးရေးဂိတ် ၄ခုဖြစ်တဲ့ ၃ မိုင်စစ်ဆေးရေးဂိတ်၊ သီဟိုခြံစစ်ဆေးရေးဂိတ်၊ဌာနချုပ်စစ်ဆေးရေးဂိတ်နဲ့ ပါဝချောင်းစစ်ဆေးရေးဂိတ်စတဲ့ဂိတ်တွေ တိုးလာခဲ့ပါတယ်။ ၃မိုင်စစ်ဆေးရေးဂိတ်မှာ ရိုဟင်ဂျာတွေဟာ အထောက်အထားဖြစ်တဲ့ NVC (သို့မဟုတ်)ရွာထွက်လတ်မှတ်တွေကိုပြရာတွင် အဆိုပါစာရွက်စာတမ်းများမှာ မြန်မာနာမည်ဖြစ်ပါက ကုလားနာမည်မရှိဘူးလား၊…

Mission News Theme by Compete Themes.