Press "Enter" to skip to content

Posts published in “ရိုဟင္ဂ်ာ သတင္း”

AA ဟာ အဓမ္မလုပ်အားခိုင်းစေမှုအပါအဝင် ရိုဟင်ဂျာတွေကို ညှင်းပန်းနှိပ်စက်ရာတွင် စစ်အစိုးရနဲ့ဆင်တူနေ

မတ်လ ၂၀ ၊ ၂၀၂၂ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာမွတ်ဆလင်တွေကို သတ်ဖြတ်နှိမ်နင်းရာတွင် မြန်မာ စစ်တပ်နဲ့ အတူယှဉ်ပြိုင်နေတဲ့ AA ဟာ အဓမ္မလုပ်အားခိုင်းစေမှုအပါအဝင် ရိုဟင်ဂျာ တွေကို နှိပ်စက်သတ်ဖြတ်ရေးနည်းမျိုးစုံမှာ စစ်အစိုးရနဲ့ဆင်တူ နေကြောင်း ရိုဟင်ဂျာ ရွာသူ/သားတွေက ပြောပါတယ်။ ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်အုပ်စု၊ ရေချမ်းပြင်ကျေးရွာတွင် မတ်လ…

UEHRD အစီစဉ်ဖြင့်ပြန်လည်လက်ခံခဲ့တဲ့ ရိုဟင်ဂျာမိသားစု ၁၁ စုကို စစ်ကောင် စီမှ ဖမ်းဆီးထား

မတ်လ ၂၀ ၊ ၂၀၂၂ ရခိုင်ပြည်နယ်၊ မောင်တောမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ UEHRD အစီအစဉ်ဖြင့်ပြန်လည် လက်ခံခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည် မိသားစု ၁၁ စုကို အခု အဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားနေကြောင်း သိရပါတယ်။ ၂၀၁၇ ခုနစ်မှာ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက် နယ်မြေရှင်းလင်းရေလုပ်ဆောင်မှုကြောင့် အိုးအိမ်စွန့်ခွာပြီး…

မောင်တောမှ လွတ်တော်အမတ်အဖြစ်ယှဉ်ပြိုင်တဲ့ ဦးညီညီက ရိုဟင်ဂျာ ဆိုင်သမားတွေ ကို ထိုးနှက်ပြီး ခေါင်းပုံဖြတ်နေ

မတ်လ ၁၅၊ ၂၀၂၂ ရခိုင်ပြည်နယ်၊ မောင်တောမြို့မှ လွတ်တော်အမတ်အဖြစ်ယှဉ်ပြိုင်တဲ့ ရခိုင်သား ဦးညီညီ (၃၉နှစ်)က မော်တော် ယှဉ်ပြုပြင်ပြီး အသက်မွှေးဝမ်းကျောင်းပြုနေတဲ့ ရိုဟင်ဂျာ ဆိုင်သမား တွေကို ထိုးနှက်ပြီး ခေါင်းပုံဖြတ်နေကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ လွတ်တော်အမတ်အဖြစ်ယှဉ်ပြိုင်တဲ့ ရခိုင်သားက မောင်တော မြို့မအရှေ့ရပ်ကွက်ဇာတိ ဖြစ်ကြောင်း၊ ၎င်းသူဟာ…

“ ဒီကနေ့ အပါအဝင် ရိုဟင်ဂျာ ဒုက္ခသည် စခန်းမှာ မီးလောင်မှု ထပ်ခါ ဖြစ်ပွားတာဟာ ရည်ရွယ် ချက်ရှိရှိပဲ ” လို့ ဒုက္ခသည်များ ပြောကြား

မတ်လ ၁၁၊ ၂၀၂၂ ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည် စခန်းမှာ ဒီကနေ့ အပါအဝင် မီးလောင်မှု အကြိမ်ကြိမ် ဖြစ်ပွားခြင်း ဟာ ရည်ရွယ်ချက် ရှိရှိနှင့် လူလုပ် ကပ်ဘေး ဖြစ်ကြောင်း ဒုက္ခသည် အများစု က ပြောပါတယ်။ Kutupalong အနီးရှိ…

Kutupalong ဒုက္ခသည်စခန်းတွင် အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး အမိုးအကာ ၄၀၀ ကျော် မီးလောင်ပျက်စီး

မတ်လ ၀၉၊ ၂၀၂၂ ဘင်္ဂလာဒေ့ရှ်၊ ဂော့စ်ဘဇားရှိ Kutupalong ဒုက္ခသည်စခန်းတွင် ယမန်နေ့က ဖြစ်ပွားခဲ့တဲ့ ပြင်းထန်တဲ့ မီးလောင်မှုတွင် အသက် ၆ နှစ်အရွယ် ဒုက္ခသည် ကလေးငယ်တစ်ဦး သေဆုံးမှုပြီး အမိုးအကာ ၄၀၀ ကျော် ပျက်စီးခဲ့ကြောင်း သိရပါတယ်။ အမှတ်(၅) ဒုက္ခသည်စခန်းမှ ညနေ…

မောင်တောပြည်သူ့ဆေးရုံတွင် ရိုဟင်ဂျာ လူနာတွေ ဆဲဆိုမှုနဲ့ ခွဲခြားဆက်ဆံမှုခံနေရ

ဖေဖေါ်ဝါရီလ ၂၈ ၊ ၂၀၂၂ ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ပြည်သူ့ဆေးရုံတွင် ရိုဟင်ဂျာ လူနာတွေကို ဝန်ထမ်း တွေက လူမျိုးနဲ့ဘာသာရေးအရ ခွဲခြားဆက်ဆံတဲ့အပြင် မကြာခဏ ဆဲဆိုနေကြောင်း သိရပါတယ်။ မောင်တောမြို့တောင်ပိုင်းညောင်ချောင်း(ကာဒီ‌ဘီးလ်)ကျေးရွာဇာတိ ဦးဆွေယောတ် အာလောမ်ရဲ့ သမီး မရူဘီနာ (၁၇နှစ်) ဟာ မကျန်းမမာဖြစ်လို့ ဇန်နဝါရီလမှာ…

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ နောက်ထပ် ဒုက္ခသည် ယောက်ျားလေး ၂ ဦး ကျည်ဆန် ထိမှန်မှုကြောင့် ဆေးရုံတင်ရ

 ဖေဖေါ်ဝါရီလ ၂၁ ၊ ၂၀၂၂ ယမန်နေ့က ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းရှိ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့မှ အမည်မသိ သေနတ်သမားတစ်ဦးရဲ့ ကျည်ဆန်များ ထိမှန်မှုကြောင့် နောက်ထပ် ဒုက္ခသည် ယောက်ျားလေး ၂ ဦး ဆေးရုံတင်ရကြောင်း သိရပါတယ်။ ဒီဝမ်းနည်းဖွယ်ဖြစ်ရပ်ဟာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀…

မောင်တောတွင် ရိုဟင်ဂျာနေအိမ်မီးတင်ရှို့တဲ့ ရခိုင်တစ်ဦးကို အဏာပိုင်တွေက လွှတ်ထားနေလို့ ပြစ်မှုတိုးလာနိုင်

ဖေဖေါ်ဝါရီလ ၁၄ ၊ ၂၀၂၂  ရခိုင်ပြည်နယ်၊ မောင်တောမြို့ပေါ်တွင် ရိုဟင်ဂျာနေအိမ်မီးတင်ရှို့တဲ့ ရခိုင်တစ်ဦးကို အဏာပိုင်တွေက အရေး မယူဘဲ လွှတ်ထားနေလို့ ပြစ်မှုတိုးလာနိုင်ပြီး လူမျိုးနှစ်မျိုးကြား ပြဿနာတစ်ခုခု ပေါ်လာနိုင်ကြောင်း သိရပါတယ်။ ဖေဖော်ဝါရီလ ၁၁ ရက်၊ ည ၁၂ နာရီအချိန်တွင် အသက်(၄၀)ခန့်ဖြစ်တဲ့ကိုယ်ခန္ဓာဝဝနဲ့ အသားမဲ…

စစ်တပ်နဲ့ AA တိုက်ပွဲတွင် လူသားဒိုင်းအဖြစ် အသုံး ခံရတဲ့ ရိုဟင်ဂျာ ဒရိုက်ဘာတစ်ဦး မိုင်းထိပြီး ပွဲချင်းသေဆုံး    

ဖေဖေါ်ဝါရီလ ၁၂ ၊ ၂၀၂၂  ရခိုင်ပြည်နယ်၊ မောင်တောမြို့မြောက်ပိုင်းတွင် မြန်မာစစ်တပ်နဲ့ AA အကြား အပြန်အ လှန်တိုက်ပွဲ ဖြစ်ပွားနေ ရာ ရိုဟင်ဂျာ ကားမောင်းသမားတစ်ဦးကို စစ်တပ်က လူသားဒိုင်း အဖြစ်သုံးခဲ့လို့AA မှ ထောင်ထားတဲ့ မြေမြှုပ်မိုင်းတစ်လုံးနဲ့ ထိတွေ့ပေါက်ကွဲပြီး ပွဲချင်းသေဆုံးခဲ့ ကြောင်း သိရပါတယ်။…

မြန်မာအဏာပိုင်တွေက ရိုဟင်ဂျာအိမ်မီးလောင်မှုကို မငြှိမ်းသတ်ဘဲ ပိုင်ရှင်ကို ဖမ်းဆီး နှိပ်စက်ဖို့ လိုက်ရှာနေ

ဖေဖေါ်ဝါရီလ ၀၇ ၊ ၂၀၂၂ ရခိုင်ပြည်နယ်၊မောင်တောမြို့မြောက်ပိုင်း ကြက်ရိုးပြင်ကျေးရွာ၊ ရွာမအရှေ့ဘက်တွင် ဒီနေ့မှာ ရိုဟင်ဂျာအိ်မ တစ်လုံး တွင် မတော်တဆမီးလောင်မှုဖြစ်ပွားတာကို ဒေသခံ အာဏာပိုင်တွေအား အချိန်မီကြောင်းကြားခဲ့ပေမဲ့ ၎င်းတို့က အဲဒီမီးလောင်မှုကို မငြိမ်း သတ်ဘဲ အိမ်ပိုင်ရှင်ကို ဖမ်းဆီးနှိပ်စက်ဖို့ အခုထိလိုက်ရှာနေကြောင်း သိရပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီလ(၇)…

Mission News Theme by Compete Themes.