ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ ဖုံညိုလိပ်ကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူးနဲ့တာဝန်ခံတို့ဟာ ရပ်ကွက် ၉ ရပ်ကွက်မှ ရာအိမ်မှုးတစ်ဦးစီထံ ၀ါး ၂၀၀ စီမတရားကောက်ခံနေရုံမက ၀ါးလုပ်ငန်းရှင်များထံမှလည်း ၀ါး ၁၅၀ စီထပ်မံကောက်ခံနေကြောင်းကို ဒေသခံတစ်ဦးက RVision သို့သတင်းပေးပို့ခဲ့ပါတယ်။ ထိုသို့ကောက်ခံခြင်းမှာ ၀ါး ၃၅၀၀ အထိကောက်ခံသွားမှာဖြစ်ကြောင်းသိရပါတယ်။အာဏာပိုင်များ ၀ါးမတရားကောက်ခံခြင်းခံခဲ့ရတဲ့လုပ်ငန်းရှင်တွေကတော့- ၁။မာမတ်ရှော်ဖီး (ဘ)…
Posts published in “ရိုဟင်ဂျာ သတင်း”
၂၀၁၉ ခုနစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့က ရိုဟင်ဂျာကိုယ်စားလှယ်များဟာ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များနဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘာဇာရှိ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု လွတ်မြောက်သူများစခန်းတွင်တွေ့ဆုံခဲ့ကြပါတယ်။ အစည်းအဝေးကို ကူသူပလောင်ဒုက္ခသည်စခန်းတိုးချဲ့ ၄ ရဲ့ CIC ရုံးတွင်ကျင်းပခဲ့တာဖြစ်ပြီး ဒုက္ခသည်ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ညွှန်ကြားချက်ဖြင့် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါမြန်မာနိုင်ငံဘက်မှလာရောက်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ…
ကမ္ဘာပေါ်မှာရှိတဲ့ မွတ်စ်လင်မ်တွေ တွေ့ကြုံနေရတဲ့ အခက်အခဲအကျပ်အတည်းတွေကို တွေ့ဆုံဆွေးနွေးဖို့အတွက် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်တွင် မွတ်စ်လင်မ်နိုင်ငံ ၂၀ ခန့်က ခေါင်းဆောင်တွေရောက်ရှိနေကြပါတယ်။ ကွာလာလမ်ပူထိပ်သီးအစည်းအဝေးကို ကြာသပတေးနေ့တွင်စတင်မှာဖြစ်ပြီး ပါဝင်ခဲ့တဲ့နိုင်ငံများကြား ပိုမိုပူးပေါင်းဆောင်ရွက်မှုများဟာ စူးစမ်းရှာဖွေလေ့လာဖို့ အခွင့်အရေးတစ်ခုဖြစ်တယ်လို့ မလေးရှားသံအမတ် Ankara က ဗုဒ္ဓဟူးနေ့ကပြောခဲ့ပါတယ်။ တူရကီနိုင်ငံရဲ့မြို့တော် Anadolu အေဂျင်စီအားပြောကြားရာမှာတော့ မလေးရှားမှတာဝန်ခံ…
ရခိုင်ပြည်နယ်တွင် ဗမာစစ်တပ်နဲ့AA တို့ရဲ့မပြီးဆုံးနိုင်သေးတဲ့တိုက်ပွဲများကြား တင်းမာမှုကြောင့် ချင်းပြည်နယ်၊ ပလက်ဝနဲ့ ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် လုံခြုံရေးတွေတင်းကျပ်လာကာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကိုထုတ်ပြန်ထားတာတွေ့ရပါတယ်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ် မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်မြို့နယ်ဘက်မှာ ဒီဇင်ဘာ၉ ရက်နေ့ကနေ၁၄ ရက်နေ့အထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေခဲ့ကာ ဒေသခံပြည်သူတွေထိခိုက်သေဆုံးမှုအတော်များပါတယ်။…
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်တောင်ပိုင်း ကင်းတောင်ကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူးက ဒေသခံတိုင်းရင်းသားရိုဟင်ဂျာ ၁၄ ဦးထံမှ ငွေကျပ် ၃၅၀၀၀၀ ညှစ်ယူခဲ့ကြောင်း ဒေခံတစ်ဦးက RVsion သို့သတင်းပေးပို့ခဲ့ပါတယ်။ ဘူးသီးတောင်မြို့နယ်၊ ကင်းတောင်ကျေးရွာအုပ်စုမှအုပ်ချုပ်ရေးမှူး လုံချေဆိုသူဟာ ဒေသခံရိုဟင်ဂျာများကို စိုင်းဒင်ချောင်းသို့ ထင်း၊ဝါး ခုတ်ရန် ရွာထွက်ခွင့် လတ်မှတ်ထုတ်ပေးခြင်းမရှိတဲ့အပြင် တိုင်းရင်းသားရိုဟင်ဂျာတွေ ထင်း၊ ဝါးမရှိမဖြစ်လိုအပ်လာလို့…
ဗမာစစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေထဲကနေ လွတ်မြောက်အောင် နေရပ်ကိုစွန့်ခွာထွက်ပြေးလာတဲ့ ဒေသခံရိုဟင်ဂျာ ၉၆ ဦးဟာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေအနီး ၊ ဥတိုကျေးရွာသို့ မနေ့ နိုဝင်ဘာလ မနက် ၃နာရီခန့်မှာစက်လှေနဲ့ဝင်ရောက်လာတဲ့အတွက် ဗမာအာဏာပိုင်များက ဖမ်းဆီးလိုက်တယ်လို့သိရပါတယ်။ ၄င်ဒေသခံးရိုဟင်ဂျာ ၉၆ ဦးဟာ ရခိုင်ပြည်နယ် စစ်တွေမြို့အနီးရှိကျေးရွာများမှ လာရောက်ကြသူတွေဖြစ်ပြီး အမျိုးသား…
မလေးရှားနိုင်ငံမှာ လာမဲ့ဒီဇင်ဘာလတွင် ဒုက္ခသည်တွေကို အလုပ်လုပ်ခွင့်ပြု၊မပြုကို မလေးရှားနိုင်ငံအစိုးရမှ နောက်ဆုံး ဆုံးဖြတ်ချက်ချဖို့မျှော်လင့်ကြောင်း ပြည်သူ့ကောင်စီက ပြောကြားခဲ့ပါတယ်။ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး M. Kulasegaran ကစည်းမျည်းစည်းကမ်းတွေကို လျှော့ပေးမှာဖြစ်ပေမယ့် မူဝါဒပြောင်းလဲမှုနဲ့ ပတ်သတ်ပြီး တိကျတဲ့အသေးစိတ်အချက်အလက်တော့မရှိသေးကြောင်း၊ဒီကိစ္စနဲ့ပတ်သတ်လို့ ကော်မတီဖွဲ့ဆွေးနွေးကာ မလေးရှားနိုင်ငံသားအားလုံးကိုကြေညာပြီးနောက် ဒီဇင်ဘာလ ၁၀ရက်နဲ့ ၁၅ ရက်ကြားမှာဆုံးဖြတ်ချက်တခုချနိုင်မယ်လို့ ယုံကြည်ကြောင်း ၄င်းကပြောပါတယ်။…
တနေ့တခြားဆိုးရွားလာတဲ့ ရခိုင်ပြည်နယ်က ပြသနာအခြေအနေရဲ့အဖြေကို ဝိုင်းဝန်းစုပေါင်းရှာဖွေဖို့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ် Christine Burgener က ရခိုင်ပါတီနဲ့တွေ့ဆုံအပြီးမှာ ပြောဆိုခဲ့ပါတယ်။ Christine Burgenerဟာ နိုဝင်ဘာလ ၁၃ ရက်နေ့က မြန်မာနိုင်ငံကိုရောက်ရှိတာဖြစ်ပြီး နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့တာဖြစ်ပါတယ်။ ၄င်းကမိတ်ဆက်အစမှာပဲ တစ်နေ့ပြီးတစ်နေ့ဆိုးရွားလာတဲ့ ရခိုင်ပြည်နယ်ကလူတွေ…
မြန်မာစစ်တပ်နဲ့ ရခိုင်တပ်မတော်(AA)တို့က ရခိုင်ပြည်နယ်တွင်းမှာ အစိုးရနှစ်ရပ်အဖြစ် ကြီးစိုးနေတာကြောင့် မြန်မာစစ်တပ်ရဲ့ နှိပ်စက်ညှင်းပမ်းမှုအောက်မှာ အသက်ရှင် ကျန်ရှိနေတဲ့ ဒေသခံရိုဟင်ဂျာမွတ်စလင်တွေက ရခိုင့်တပ်မတော်ကြောင့် အခက်ခဲဒုက္ခတွေကို ရင်ဆိုင်နေကြရပါတယ်။ ၂၀၁၉ခုနှစ် နိုဝင်ဘာလ ၁ရက်နေ့မှာ ဆေးအိုးကျကျေးရွာအုပ်စုမှာ သားသတ်လိုင်စင်ရရှိထားတဲ့ လာလာယာ (နာမည်ပြောင်)က သက်ဆိုင်ရာ အာဏာပိုင်တွေဆီက ခွင့်ပြုချက်ရရှိဖို့ ငွေကြေးအမြောက်အများပေးပြီး နွားရုံတောင်ကျေးရွာမှ…
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ရွာမှာဖြစ်ပွားခဲ့တဲ့အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို စတင်အရေးယူဖို့ဆောင်ရွက်နေတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။ ဘူးသီးတောင်မြို့နယ်၊ဂူတာပြင်ကျေးရွာတွင် ဗမာစစ်တပ်အာဏာပိုင်တွေဟာ အပြစ်မဲ့တဲ့ဒေသခံရိုဟင်ဂျာရွာသား ၄၀၀ ကိုအစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တာပါ။ အမေရိကန်၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးတွေက ဂူတာပြင်ဖြစ်ရပ်မှာ အပြစ်မဲ့တဲ့ရိုဟင်ဂျာရွာသားတွေအား သတ်ဖြတ်ခဲ့တဲ့လုံခြုံရေးအာဏာပိုင်တွေကို ဖော်ထုတ်အရေးယူပေးဖို့ ၂၀၁၈ ခုနှစ်ကတည်းက တောင်းဆိုထားတာဖြစ်ပါတယ်။ စစ်ခုံရုံးဖြစ်တဲ့အတွက် တရားစီရင်ရာမှာ အရပ်ဖက်တရားစီရင်ရေးလိုတော့…