ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်မြောက်ပိုင်း၊ ကျွန်းပေါက်ဖြူစုကျေးရွာတွင် ရိုဟင်ဂျာလူငယ်တစ်ဦးအား ဗမာစစ်တပ်ကပစ်သတ်ခဲ့ကြောင်းသိရပါတယ်။
၂၀၁၉ခုနစ်၊ ဒီဇင်ဘာလ ၂၁ ညနေပိုင်းအချိန် ရွာအနီးတွင် သေနတ်ပစ်သံများအဆက်မပြတ်အကြိမ်များစွာကြားရပြီးနောက် စစ်အရာရှိများကရွာသားများအား သချိုင်းအဟောင်းတွင်လဲကျသေဆုံးနေသော ဒေသခံရိုဟင်ဂျာရွာသားတစ်ဦးရဲ့အလောင်းအား လာယူရန်အကြောင်းကြားခဲ့ကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။
ထို့နောက် ဒေသခံရွာသားများက ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များနဲ့အတူ သင်္ချိုင်းဟောင်းအနားကရိုဟင်ဂျာအလောင်းအား သွားရောက်သယ်ယူရာတွင် ၄င်းရိုဟင်ဂျာရွာသားအလောင်းရဲ့ခန္ဓာနဲ့ ဦးခေါင်းပေါ်တွင် ကျည်ဆံဖောက်ဒဏ်ရာများ တွေ့ရှိခဲ့ကြပါတယ်။
သေဆုံးသွားသောရိုဟင်ဂျာအလောင်းအား မောင်တောအထွေထွေရောဂါကုဆေးရုံကြီးတွင် စစ်ဆေးချက်ယူပြီးနောက် မြို့မကညင်တန်းတွင်သင်္ဂြိုလ်ခဲ့ပေမဲ့ သက်ဆိုင်ရာအာဏာပိုင်များက ၄င်းရိုဟင်ဂျာရွာသားအသတ်ခံရတာနဲ့ပတ်သတ်ပြီး မည်သည့်သတင်းမှထုတ်ပြန်ခြင်းမရှိခဲ့ပဲ ဖုံးဖိထားလိုက်ကြကြောင်းသိရပါတယ်။
ရပ်ကွက်အကြီးအကဲတစ်ဦးရဲ့ပြောဆိုချက်အရ သေဆုံးသူရိုဟင်ဂျာမှာ စစ်တပ်အာဏာပိုင်များရဲ့ညှင်းပန်းနှိပ်စက်တဲ့ဒဏ်ကိုမခံနိုင်တော့ပဲ တဖက်ကမ်းသို့ထွက်ပြေးရန်ကြိုးစားခဲ့သူတစ်ဦးဖြစ်နိုင်တာမို့ အာဏာပိုင်တွေက ၄င်းတို့အတင်းအဓမ္မခိုင်းစေမှုတွေမလုပ်နိုင်ပဲထွက်ပြေးဖို့လုပ်ပါက လုပ်နေကြအတိုင်း သေနတ်ဖြင့်ပစ်သတ်တာဖြစ်ကြောင်း ပြောပါတယ်။ ကျွန်းပေါက်ပြူစုဟာနိုင်းဖ်မြစ်ကမ်းပေါ်တွင်တည်ရှိပြီး လူမျိုးတုန်းသတ်ဖြတ်မှုမှလွတ်မြောက်လာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ခဏတာခိုလှုံခဲ့တဲ့နေရာအဖြစ်အသုံးပြုခဲ့တာဖြစ်