ရခိုင်ပြည်နယ်တွင် AAနဲ့ ဗမာစစ်တပ်တို့ရဲ့မပြီးဆုံးသေးတဲ့ တိုက်ပွဲများကြား အပြစ်မဲ့ဒေသခံတွေဟာ ဗမာစစ်တပ်ရဲ့ တပ်စွဲပြီးအသွားအလာကန့်သတ်ပိတ်ပင်မှုတွေကြောင့် အခက်အခဲအမျိုးမျိုးကြုံတွေ့နေရပြီး စိုးရိမ်ထိန့်လန့်နေရပါတယ်။
AAနဲ့ ဗမာစစ်တပ်တို့တိုက်ပွဲဟာ တစ်နှစ်နီးပါးကြာမြင့်ပြီးဖြစ်သလို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေကိုလည်း ဗမာစစ်တပ်ကပိတ်ဆို့ထားတာကြောင့် စားဝတ်နေရေးအခြေအနေလွန်စွာခက်ခဲနေကြောင်း ဒေသခံတစ်ဦးရဲ့ပြောပြချက်အရသိရပါတယ်။
ကျေးရွာများမှ ရေကြောင်းဖြစ်စေ၊ကုန်းကြောင်းဖြစ်စေ ဘယ်လိုပဲသွားသွား ဗမာစစ်တပ်ကပိတ်ထားမို့ ကျန်းမာရေး၊ စားဝတ်နေရေး အခက်အခဲရှိနေပါတယ်။ဒေသခံရွာသားတွေဟာ နဂိုကျန်တဲ့ရိက္ခာတွေနဲ့ဖြစ်သလိုစားသောက်နေခဲ့ရကာ အခု၎င်းရိက္ခတွေပြတ်ပြီးအလုပ်ထွက်လုပ်လို့လည်းမရ ပြင်ပကရိက္ခာတွေလည်းသယ်ဖို့မပေးပဲ ငတ်ပြတ်တဲ့အခက်အခဲကြုံတွေ့နေတယ်လို့သိရပါတယ်။
ရသေ့တောင်မြို့နယ်ကရွာအနီးမှာလည်း ဗမာစစ်တပ်ကတပ်စွဲထားတာမို့ ဒေသခံများကျေးရွာအတွင်းဝင်ဖို့အခက်အခဲဖြစ်နေကြပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၃ ရက်နေ့ကလည်း မြေပုံမြို့တွင် AAနဲ့ ဗမာစစ်တပ်တို့အပြင်းအထန်တိုက်ပွဲတွေဖြစ်ခဲ့ကြောင်း ဒေသခံများကပြောပါတယ်။
ဗမာစစ်တပ်ကသေနတ်များပစ်ခတ်ပြီး ကျေးရွာအတွင်းသို့ဝင်ရောက်လာတာမို့ ဒေသခံများထွက်ပြေးခဲ့ရကြောင်း၊ ရွာအနီးအနားလှည့်ပြန်ရင်လည်း ရွာထဲမှလက်နက်ကြီးများနဲ့ ပစ်ခတ်ကြကြောင်းသိရပါတယ်။
အဆုံးမသတ်နိုင်သေးတဲ့ ရခိုင်ပြည်က AA နဲ့ ဗမာစစ်တပ်ရဲ့တိုက်ပွဲများကြား ဒေသခံပြည်သူတွေအခက်အခဲများစွာ ရင်ဆိုင်တွေ့ကြုံခံစားနေရပါတယ်။