Press "Enter" to skip to content

ရန်ကုန်မြို့အလယ်တွင် ICJ ကိစ္စထောက်ခံကြောင်းကို လူငယ်တစ်ချို့ဆန္ဒပြ

ရခိုင်ပြည်နယ်ကတိုင်းရင်းသားရိုဟင်ဂျာတွေနဲ့ တိုင်းရင်းသားလူနည်းစုတွေအပေါ်   လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ဂမ်ဘီရာနိုင်ငံက ICJ တရားရုံးမှာ မြန်မာနိုင်ငံအားတရားစွဲဆိုတာကို ကြိုဆိုထောက်ခံကြောင်းကိုပြခဲ့တဲ့လူငယ်တစ်ချို့က ရန်ကုန်မြို့လယ်မှာ ထုတ်ပြန်ချက်တွေဝေငှခဲ့တယ်လို့သိရပါတယ်။

၎င်းအဖွဲ့ကတော့ I stand against Genocide in Myanmar ဆိုတဲ့လူငယ်အဖွဲ့ပဲဖြစ်ပါတယ်။

ထိုလူငယ်အဖွဲ့ဟာ လွတ်လပ်မှု၊တရားမျှတမှုနဲ့ တန်းတူညီတူရှိမှုတို့အပေါ်ရပ်တည်တာကိုပြတာဖြစ်ကြောင်း၊ လူမျိုးတုန်းသတ်ဖြတ်မှုကိုအားမပေးပဲ တရားမျှတမှုကိုလိုလားတဲ့ လူနည်းစုအုပ်စုတွေ မြန်မာပြည်မျာရှိသေးတယ်ဆိုတာကိုနိုင်ငံတကာကို သိစေလိုကြောင်း၊ ဂုဏ်သိက္ခမဲ့လောက်အောင် လူ့အခွင့်အရေးတွေချိုးဖောက်ခံခဲ့ရတဲ့ အဖိနှိပ်ခံတွေအတွက်စစ်မှန်တဲ့တရားမျှတမှုပေါ်ပေါက်စေချင်ကြောင်းပြောခဲ့ပါတယ်။

ဗမာစစ်တပ်ကတောက်လျှောက်ကျုးလွန်ခဲ့တဲ့ ပြစ်မှုတွေအများကြီးရှိတာကြောင့် ခုံရုံးတင်ခံခဲ့ရတာဖြစ်ပြီး နိုင်ငံကိုဦးဆောင်နေတဲ့အဖွဲ့အစည်းတွေ၊ ဦးစီးဦးဆောင်ပြုနေတဲ့ခေါင်းဆောင်တွေက လူထုကိုပါကြားကဆွဲခေါ်သွားမှာလားဆိုတာ နိုင်ငံရေးသမားတွေရဲ့တာဝန်ယူမှု တာဝန်ခံမှုနဲ့လုံးဝသက်ဆိုင်နေကြောင်း၊ရခိုင်ပြည်နယ်တွင် အသတ်ခံရတာဟာလူသားတွေဖြစ်ပြီး ဒီလိုလူသတ်မှုကိုကျူးလွန်ခဲ့တဲ့တရားခံတွေက အေးအေးဆေးဆေးနေနေရတာပြီး ၄င်းတရားခံတွေအားကာကွယ်ပေးစရာမလိုကြောင်း ထိုလူငယ်အဖွဲ့ကပြောထားတာတွေ့ရပါတယ်။

လူသတ်မှုကျူးလွန်ခဲ့တဲ့စစ်တပ်ကို ပြည်သူလူထုကအပြစ်ပေးနိုင်တဲ့အနေအထားမျိုးမရှိတာမို့ ယခု ICJ မှာအပြစ်ပေးဖို့စီစဉ်နေတာဖြစ်ပြီး ကိုယ်မဲရဖို့အတွက်ပဲကြည့်ပြီး တကယ်ခံစားနေရတဲ့လူတွေ တကယ်နစ်နာခဲ့ရတဲ့လူတွေအပေါ်လျစ်လျူပြုကာ ကြားဝင်တာတော့မဖြစ်သင့်ကြောင်း၊ တိုင်းပြည်ကိုဦးဆောင်နေတဲ့လူတွေအနေနဲ့ ရှင်းရှင်းလင်းလင်းလုပ်သင့်ကြောင်း ထပ်မံဖြည့်စွပ်ပြောထားတာတွေ့ရပါတယ်။

More from မြန်မာMore posts in မြန်မာ »
More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.