Press "Enter" to skip to content

ဘူးသီးတောင်မြို့နယ်ရှိ ၀ါးလုပ်ငန်းရှင်ရိုဟင်ဂျာများထံမှ အာဏာပိုင်များက ၀ါး ၃၅၀၀ ထိမတရားကောက်နေ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ ဖုံညိုလိပ်ကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူးနဲ့တာဝန်ခံတို့ဟာ ရပ်ကွက် ၉ ရပ်ကွက်မှ ရာအိမ်မှုးတစ်ဦးစီထံ ၀ါး ၂၀၀ စီမတရားကောက်ခံနေရုံမက ၀ါးလုပ်ငန်းရှင်များထံမှလည်း ၀ါး ၁၅၀ စီထပ်မံကောက်ခံနေကြောင်းကို ဒေသခံတစ်ဦးက RVision သို့သတင်းပေးပို့ခဲ့ပါတယ်။

ထိုသို့ကောက်ခံခြင်းမှာ ၀ါး ၃၅၀၀ အထိကောက်ခံသွားမှာဖြစ်ကြောင်းသိရပါတယ်။အာဏာပိုင်များ ၀ါးမတရားကောက်ခံခြင်းခံခဲ့ရတဲ့လုပ်ငန်းရှင်တွေကတော့-

၁။မာမတ်ရှော်ဖီး (ဘ) အဘုလ်ကာဆိမ်း ၃၀နှစ်

၂။ အီမာန်ဟူဆောင်း(ဘ)အာယုပ်အာလီ ၃၂နှစ်

၃။ မာလေခ်(ဘ)ဘာဆေရ် ၄၅ နှစ်

၎။ ဆွေတာမောတ် ၆၀ နှစ်

၅။ အာနိုဝါရ်(ဘ)ဖေါ်ကီရာ တို့အပါအဝင် အားလုံး ၁၁ ဦးဖြစ်ပါတယ်။

ရခိုင်ပြည်အတွင်း ထွက်မပြေးပဲကျန်ရှိနေတဲ့ တိုင်းရင်းသားရိုဟင်ဂျာတွေကို အာဏာပိုင်များက နေ့စဉ်နေ့တိုင်း တစ်နည်းမဟုတ်တစ်နည်း ဒုက္ခအမျိုးမျိုးအဆက်မပြတ်ပေးနေခြင်းကြောင့် တဖက်နိုင်ငံသို့ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ မိမိတို့နေရပ်ကိုပြန်လာချင်ပေမဲ့ မလာရဲပဲ ပြန်လာခဲ့ရင်လည်း နိုင်ငံတကာလုံခြုံရေးရမှပြန်လာကြမှာဖြစ်ပြီး မြန်မာအစိုးရဘက်ကလည်း လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်သွားတဲ့တိုင်းရင်းသားရိုဟင်ဂျာတွေအတွက်  ဘေးကင်းလုံခြုံရေးပေးနိုင်မဲ့ နိုင်ငံတကာလုံခြုံရေးကို လုံးဝလက်မခံပဲ စစ်အစိုးရလုံခြံရေးကိုပြကာ ရိုဟင်ဂျာလူမျိုးများအား မြန်မာနိုင်ငံတိုင်းရင်းသားစာရင်းထဲကဖျောက်ဖျက်ပြီး ကျန်ရှိနေသေးတဲ့ရိုဟင်ဂျာတွေကိုလည်း ထပ်မံပြီးလူမျိုးတုန်းသုတ်သင်ရှင်းလင်းဖို့ ကြံစည်နေပါတယ်။

More from မြန်မာMore posts in မြန်မာ »
More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.