Press "Enter" to skip to content

ရခိုင်ပြည်နယ်တွင် လုံခြုံရေးများတင်းကျပ်မှုကြောင့် ဒေသခံများအခက်တွေ့နေ

ရခိုင်ပြည်နယ်တွင် ဗမာစစ်တပ်နဲ့AA တို့ရဲ့မပြီးဆုံးနိုင်သေးတဲ့တိုက်ပွဲများကြား တင်းမာမှုကြောင့် ချင်းပြည်နယ်၊ ပလက်ဝနဲ့ ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် လုံခြုံရေးတွေတင်းကျပ်လာကာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကိုထုတ်ပြန်ထားတာတွေ့ရပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ် မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်မြို့နယ်ဘက်မှာ ဒီဇင်ဘာ၉ ရက်နေ့ကနေ၁၄ ရက်နေ့အထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေခဲ့ကာ ဒေသခံပြည်သူတွေထိခိုက်သေဆုံးမှုအတော်များပါတယ်။

ချင်းပြည်နယ်၊ပလက်ဝမြို့က ခရစ်ယာန်ဘာသာဝင်တွေအတွက် ခရစ်စမတ်ပွဲတော်ကျင်းပဖို့အခက်တွေ့နေတယ်လို့သိရပါတယ်။

စစ်ဆေးတာတွေရှိတာမို့ ဒေသခံတွေအနေနဲ့ မသွားရဲ့၊ မလာရဲဖြစ်နေရကြောင်း၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ညနေက အမ်းနဲ့စစ်တွေသွားတဲ့ကားလမ်းမပေါ်မှာ ဗမာစစ်တပ်က   လူနှစ်ဦးအား ခေါ်တာကို ထွက်ပြေးခဲ့လို့ပစ်ခတ်ခဲ့ပြီး အသေဖမ်းဆီးရရှိခဲ့ကာ အနီးအနားတွင် ရီမုမိုင်းများအား ရှာဖွေတွေ့ရှိခဲ့တာမို့  ၄င်းသေဆုံးသူနှစ်ဦးမှာ AA အဖွဲ့ဝင်တွေဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။

AA ဘက်ကတော့ ဗမာစစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးသွားသူ နှစ်ဦးဟာ AA အဖွဲ့ဝင်တွေမဟုတ်ကြောင်း ဒေသခံအရပ်သားတွေသာဖြစ်ကြောင်း၊ဗမာစစ်တပ်ဟာ အပြစ်မဲတဲ့အရပ်သားတွေကို မတရားသတ်ဖြတ်ပြီးရင် AA အဖွဲ့ဝင်တွေ ဆိုပြီးအမြဲအကြောင်းပြချက်ပေးကြောင်း ပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်ကတိုက်ပွဲတွင် အရပ်သားတွေ၊ ကလေးငယ်တွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေ ထိခိုက်သေဆုံးနေကြရပြီး  လက်ရှိ NLD အစိုးရအနေနဲ့ ထိထိရောက်ရောက် ဟန့်တား ကာကွယ်ပေးခြင်း မရှိတာက ရခိုင်ပြည်နယ်က အဖြစ်အပျက်တွေကို လိုလားထောက်ခံပေးနေတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုး သက်ရောက်နေတယ်လို့ အေအေ ပြောခွင့်ရ ခိုင်သုခ က ပြောထားတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောတွင် ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံလိုက်ရမှုနဲ့ပတ်သက်လို့ ဂမ်ဘီယာနိုင်ငံက ICJ မှာ တရားစွဲဆိုတဲ့အပေါ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က သွားရောက်ဖြေရှင်းနေတာဟာ စစ်ရာဇဝတ်ကျူးလွန်သူတွေကို နိုင်ငံတကာမှာ သွားရောက်အကာအကွယ်ပေးနေတာ ဖြစ်တယ်လို့ အေအေဘက်က ပြောပါတယ်။

More from မြန်မာMore posts in မြန်မာ »
More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.