Press "Enter" to skip to content

ကင်းတောင်ရွာမှ ဆင်းရဲသားရိုဟင်ဂျာများအား အုပ်ချုပ်ရေးမှူးက မတရားဖမ်းဆီးငွေညှစ်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်တောင်ပိုင်း ကင်းတောင်ကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူးက ဒေသခံတိုင်းရင်းသားရိုဟင်ဂျာ ၁၄ ဦးထံမှ ငွေကျပ် ၃၅၀၀၀၀ ညှစ်ယူခဲ့ကြောင်း ဒေခံတစ်ဦးက RVsion သို့သတင်းပေးပို့ခဲ့ပါတယ်။

ဘူးသီးတောင်မြို့နယ်၊ ကင်းတောင်ကျေးရွာအုပ်စုမှအုပ်ချုပ်ရေးမှူး လုံချေဆိုသူဟာ ဒေသခံရိုဟင်ဂျာများကို စိုင်းဒင်ချောင်းသို့ ထင်း၊ဝါး ခုတ်ရန် ရွာထွက်ခွင့် လတ်မှတ်ထုတ်ပေးခြင်းမရှိတဲ့အပြင် တိုင်းရင်းသားရိုဟင်ဂျာတွေ ထင်း၊ ဝါးမရှိမဖြစ်လိုအပ်လာလို့ ရွာထွက် ထင်းခုတ်သွားရင်လည်း လတ်မှတ်မပါပဲ သွားတယ်ဆိုပြီး ၄င်းဒေသခံရိုဟင်ဂျာများအား မတရားဖမ်းဆီးငွေညှစ်ခဲ့ကြောင်းသိရပါတယ်။

အုပ်ချုပ်ရေးမှုး လုံချေဟာ ထင်းခုတ်သွားတဲ့ ရိုဟင်ဂျာ ၁၄ ဦးအား တစ်ဦးလျှင် ၂၅၀၀၀ စီငွေညှစ်ပြီးနောက် ဒေသခံရွာသားများကိုလည်း အကယ်လို့ ထင်း ဝါးခုတ်ဖို့ တောထဲဝင်ရင် အခုလိုဖမ်းဆီးငွေညှစ်ခံရမယ်လို့ ထပ်မံခြိမ်းခြောက်ပြောဆိုနေပါတယ်။

ဘူးသီးတောင်မြို့နယ် ကင်းတောင်ရွာကဒေသခံရိုဟင်ဂျာတွေဟာ ဆင်းရဲသားတွေဖြစ်ပြီး ထင်းခုတ်၊ ဝါးခုတ်ဖြင့်အသက်မွေးဝမ်းကျောင်းနေသူများဖြစ်ကြပါတယ်။

မတရားဖမ်းဆီးငွေညှစ်ခံခဲ့ရတဲ့သူတွေကတော့

(၁)ဆော်လာမတ်အူလါ(ဘ)ဒူဒူများ အသက် ၃၀နှစ်

(၂)အယာတူလါ(ဘ)ဒူးဒူးများ အသက် ၂၅ နှစ်

(၃)ရှာကဲရ်(ဘ)အီဆာက် အသက် ၃၀ နှစ်နဲ့

(၄)အာန်ဆာရ်အူလါ(ဘ)ဟိုက်ဒေါရ်အာလီ အသက် ၄၀ နှစ် တို့ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာနေထိုင်ကြတဲ့ ဒေသခံတိုင်းရင်းသားရိုဟင်ဂျာတွေဟာ ဗမာစစ်တပ်နဲ့ AA နှစ်ဖက်ကြားပစ်ခတ်မှုတွင် အိုးအိမ်များပျက်စီးကာ အသက်ဆုံးရှုံးရခြင်း၊ အာဏာပိုင်များရဲ့မတရားညှင်းပမ်းနှိပ်စက်ငွေညှစ်ခံရခြင်း၊ ဗမာစစ်အစိုးရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် ဘိုးဘွားပိုင်မြေများကိုစွန့်ခွာထွက်ပြေးရာတွင် အာဏာပိုင်များကဒေသခံတိုင်းရင်းသားများဖြစ်ပါလျက် ခိုးဝင်များအဖြစ်စွပ်စွဲကာ ဖမ်းဆီးထောင်ချခြင်းစတဲ့ နည်းမျိုးစုံဒုက္ခတွေကိုခံစားနေကြရပါတယ်။

More from မြန်မာMore posts in မြန်မာ »
More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.