Press "Enter" to skip to content

လူမျိုးတုန်းကျူးလွန်မှုအတွက် ICJ မှာ ရင်ဆိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲ နိုင်ငံတစ်ဝှမ်းကျင်းပနေ

အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတာကို သွားရောက်ဖြေရှင်းမယ့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်း မြန်မာနိုင်ငံတစ်ဝှမ်းက မြို့ကြီးတစ်ချို့မှာ ပြုလုပ်နေတာ တွေ့ရပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာအစိုးရက ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေပြုလုပ်ခဲ့တဲ့အပြင် လူမျိုးတုန်း သတ်ဖြတ်မှုကျူးလွန်ခဲ့တာကြောင့် ဂမ်ဘီယာနိုင်ငံ က မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားတာဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက်နေ့မှာ နယ်သာလန်နိုင်ငံကို သွားရောက်ကြားနာရမှာ ဖြစ်ပါတယ်။

NLD ပါတီဝင်တွေဦးဆောင် ကျင်းပနေတဲ့ ထောက်ခံပွဲတွေမှာ ပါတီဝင်တွေ အပါအဝင် အရပ်ဖက်အဖွဲ့ အစည်းတွေ၊ ပြည်သူတွေနဲ့ တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့လည်း ပါဝင်သလို သံဃာတော်တွေ၊ သီလရှင်တွေလည်း ပူးပေါင်းပါဝင် နေကြတာတွေ့ရပါတယ်။

ရိုဟင်ဂျာတွေအပါဝင် မြန်မာနိုင်ငံက တိုင်းရင်းသားလူနည်းစုတစ်ချို့ ကျူးလွန်ခံရတဲ့စစ်ရာဇဝတ်မှုတွေအတွက် တရားမျှတမှုကို ဖော်ဆောင်ပေးခြင်းမရှိတဲ့အပြင် မြန်မာအစိုးရက စစ်တပ်ကို ကာကွယ်ပေးနေပြီး ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်ခြင်း ကျူးလွန်မှုမရှိကြောင်း အမြဲငြင်းဆန်နေတာပဲ ဖြစ်ပါတယ်။

ခု ICJအရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံတွင်းမှာ စစ်ရာဇဝတ်မှုကျူးလွန်ခံရတဲ့ လူနည်းစုတိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ လူမှုအရပ်ဖက်အဖွဲ့အစည်းတွေကတော့ ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆိုမှု အပေါ်ထောက်ခံအားပေးကြောင်း ဖော်ပြထားတာတွေ့ရပါတယ်။

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from မြန်မာMore posts in မြန်မာ »
Mission News Theme by Compete Themes.