Press "Enter" to skip to content

ဆက်လက်ဖြစ်ပွားနေဆဲနှစ်ဖက်တိုက်ပွဲအတွင်း AA ဘက်မှရေကြောင်းခရီးသွားလာမှု သတိပေးထုတ်ပြန်

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေဟာ ဆက်လက်ဖြစ်ပွားနေကာ ဗမာစစ်တပ်ဘက်က အရပ်ဘက်လှေတွေကိုအသုံးချပြီး စစ်လက်နက်တွေ စစ်အင်အားတွေကို ရခိုင်ပြည်နယ်ရေကြောင်းခရီးတွင် တင်ဆောင်နေတာမို့ ရခိုင်ပြည်နယ်အတွင်းရေကြောင်းခရီးသွားလာမှုကို AA တပ်မတော်အား အကြောင်းကြားရန် AA ဘက်ကသတင်းထုတ်ပြန်လိုက်တယ်လို့သိရပါတယ်။

ထိုသို့ပြုလုပ်ရခြင်းမှာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေဟာဆက်လက်အရှိန်မြင့်လာနိုင်ခြေရှိလို့ သတိပေးထုတ်ပြန်တာဖြစ်ကြောင်း၊ အခုဗမာစစ်တပ်က ရိက္ခာတွေ၊ လက်နက်တွေ လူအင်အားတွေဖြည့်တဲ့အခါ စစ်သဘောင်္နဲ့တင်မဟုတ်ပဲ ဒေသခံတွေပိုင်တဲ့စက်လှေတွေကို အသုံးပြုလာတာကိုတွေ့ရကြောင်း၊ ဗမာစစ်တပ်နဲ့ AA တို့ကြားနှစ်ဖက်တိုက်ပွဲအတွင်း ခရီးသွားပြည်သူတွေအနေနဲ့ မလိုလားအပ်တဲ့အထိအခိုက်တွေ ဖြစ်မှာစိုးတာကြောင့် သတိပေးထုတ်ပြန်ရတာဖြစ်တယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

၎င်းသတင်းကြောင့် ရခိုင်ပြည်နယ်ကဒေသခံတွေဟာ ဝမ်းစာအတွက်ရှာဖွေစားသောက်ဖို့နဲ့ ခရီးသွားလာဖို့အခက်အခဲတွေ့နေရရုံမက ကုန်သည်တွေအတွက်လည်းအခက်တွေ့နေပါတယ်။

အရပ်သားနဲ့ စစ်တပ်ကွဲကွဲပြားပြားသိအောင် ရေလမ်းပို့ဆောင်ရေးလုပ်ငန်းရှင်တွေအနေနဲ့ သွားလာမဲ့ခရီးစဉ်တွင် တင်ဆောင်လာမဲ့ ကုန်ပစ္စည်စာရင်းကို Email၊ Viber၊ Skype တို့နဲ့ အကြောင်းကြားနိုင်ကြောင်း၊ ထုတ်ပြန်ချက်ထဲမှာလည်း  AA တပ်ဖွဲရဲ့ Viber Email skype တွေပေးထားကြောင်းကို AA တပ်မတော်ဘက်ကအသိပေးထားတာတွေ့ရပါတယ်။

ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းတစ်ဦးကတော့ AA ဘက်မှထုတ်ပြန်ထားတဲ့ ဆက်သွယ်ရမဲ့လိုင်းတွေမသိရှိကြောင်း၊ AA စခန်းမှ ဘယ်သူ့ကိုသတင်းပို့ရမယ်ဆိုတာ တရားဝင်ဖွင့်ထားတာမျိုးမရှိတာမို့ ပြည်သူတစ်ယောက်အနေနဲ့မသိကြောင်း၊ ကုလားတန်မြစ်ကို အမှီပြုနေရတဲ့ ချင်းပြည်နယ် ပလက်ဝမြို့က ကုန်သည်တစ်ဦးကလည်း ပလက်ဝဒေသဟာ ရေလမ်းကိုပဲအသုံးပြုများတာမို့ ဒီသတိပေးချက်ဟာ ကုန်ပစ္စည်းသယ်ဆောင်ဖို့အခက်တွေ့နိုင်ကြောင်း၊ လုံခြုံမှုမရှိကြောင်းဆိုပါတယ်။

ဗမာစစ်တပ်ဘက်ကတော့ AA တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်ကိုဘာမှမပြောလိုကြောင်း ၄င်းတို့လုပ်စရာရှိတာကိုသာဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

More from မြန်မာMore posts in မြန်မာ »
More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.