Press "Enter" to skip to content

စစ်အစိုးရရဲ့ ညှင်းပန်းနှိပ်စက်မှုမှ လွတ်မြောက်စေရန် နေရပ်ကိုစွန့်ခွာလာတဲ့ ရိုဟင်ဂျာများအား အာဏာပိုင်များကဖမ်းဆီး

ဗမာစစ်တပ်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေထဲကနေ လွတ်မြောက်အောင် နေရပ်ကိုစွန့်ခွာထွက်ပြေးလာတဲ့   ဒေသခံရိုဟင်ဂျာ ၉၆ ဦးဟာ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေအနီး ၊ ဥတိုကျေးရွာသို့ မနေ့ နိုဝင်ဘာလ မနက် ၃နာရီခန့်မှာစက်လှေနဲ့ဝင်ရောက်လာတဲ့အတွက် ဗမာအာဏာပိုင်များက ဖမ်းဆီးလိုက်တယ်လို့သိရပါတယ်။
၎င်ဒေသခံးရိုဟင်ဂျာ ၉၆ ဦးဟာ ရခိုင်ပြည်နယ် စစ်တွေမြို့အနီးရှိကျေးရွာများမှ လာရောက်ကြသူတွေဖြစ်ပြီး အမျိုးသား ၃၁ ဦး၊အမျိုးသမီး ၆၃ ဦးနဲ့ ကလေးနှစ်ဦးတို့ဖြစ်ပါတယ်။

ဒေသခံရိုဟင်ဂျာ ၉၆ ဦးဟာ စစ်တွေမြို့ကနေ စက်လှေ ၂ စီးနဲ့လာတာဖြစ်ပြီး ဥတိုချောင်းထဲသို့ ဝင်လာကာ ကားပေါ်တက်စဉ် ဖမ်းဆီးခံခဲ့ရပြီး ပုသိပ်မြို့သို့ ပို့ဆောင်လိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့ ငရုတ်ကောင်းမြို့မှာ အထောက်အထားမဲ့ ဝင်ရောက်လာတယ်လို့ ပုဒ်မတပ် ဖမ်းဆီးထားတဲ့ အပြစ်မဲ့ရိုဟင်ဂျာ အယောက် ၃၀ ကို လည်းလဝက အက်ဥပဒေနဲ့ ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်ခဲ့ပါတယ်။

ဗမာစစ်အစိုးရဟာ ရခိုင်ပြည်နယ်တွင် ဘိုးဘွားအစဉ်အဆက်ကတည်းကနေထိုင်လာတဲ့ အပြစ်မဲ့ဒေသခံ တိုင်းရင်းသားရိုဟင်ဂျာတွေရဲ့ လူမှုရေး၊ ပညာရေး၊ စီးပွားရေးစတာတွေကို နည်းမျိုးစုံဖိနှိပ်ချုပ်ခြယ်ရုံတင်မက လူမျိုးတုန်းသတ်ဖြတ်မှုတွေ၊  မတရားဖမ်းဆီးငွေညှစ်မှုတွေကို ယခင်ကမထင်မရှားကျူးလွန်ခဲ့ရာမှ ယခုပေါ်ပေါ်ထင်ထင်လုပ်ဆောင်နေတာမို့ တိုင်းရင်းသားရိုဟင်ဂျာတွေဟာ ဘိုးဘွားပိုင်မြေယာတွေကိုစွန့်ခွာပြီး အသက်ဘေးကလွတ်မြောက်စေဖို့ ထွက်ပြေးကြရာမှ ယခုလိုအာဏာပိုင်များက ထပ်မံပြီးမတရားဖမ်းဆီး ထောင်ကျခြင်းတွေပြုလုပ်နေတာဖြစ်ပါတယ်။

More from မြန်မာMore posts in မြန်မာ »
More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.