Press "Enter" to skip to content

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းကျူးလွန်မှုကြောင့် မြန်မာ့တပ်မတော်ကို ICJ အရေးယူရန် ကြိုးပမ်းမှုကို မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့ထောက်ခံ

မြန်မာ့တပ်မတော်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုအပေါ် ICJ အပြည်ပြည်ဆိုင်ရာတရားရုံးနဲ့ တခြားတရားရုံးတွေက အရေးယူဖို့ ကြိုးပမ်းလုပ်ဆောင်ချက်တွေကို ကိုးကန့်တပ်မတော် MNDAA၊ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ရခိုင့်တပ်မတော် AA တို့က ထောက်ခံကြောင်း နိုဝင်ဘာလ ၂၈ရက် ကြာသပတေးနေ့မှာ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

မြောက်ပိုင်း မဟာမိတ် ၃ဖွဲ့ရဲ့ကြေညာချက်မှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ICJ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးနဲ့ အာဂျင်တီးနား တရားရုံးတွေကနေ တာဝန် ရှိသူတွေကို အပြစ်ပေးအရေးယူနိုင်မယ်လို့ မျှော်လင့်ကြောင်း ရေးသားဖော်ပြထားပါတယ်။

https://rohingyavision.com/burmese/ပြည်တွင်းမတည်ငြိမ်မှုတေ/

မဟာမိတ် ၃ဖွဲ့ရဲ့ထုတ်ပြန်ကြေငြာချက်မှာ ရိုဟင်ဂျာလူမျိုးကို ဘင်္ဂါလီလူမျိုးလို့ ရေးသားဖော်ပြခဲ့တာနဲ့ပတ်သက်ပြီး ရိုဟင်ဂျာအရေးကို ဦးဆောင်လှုပ်ရှားနေသူတွေကတော့ မြောက်ပိုင်း မဟာ မိတ်အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်ကို ကြိုဆိုပေမယ့် မြန်မာနိုင်ငံရဲ့ ဒေသခံ တိုင်းရင်းသားဖြစ်တဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂါလီလူမျိုးလို့ ခေါ်ဝေါ်သုံးစွဲတာကိုတော့ လက်မခံနိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။

မြန်မာ့တပ်မတော်ဟာ ဂျနီဗာသဘော တူညီချက်ကို ဆန့်ကျင်ချိုးဖေါက်ပြီး အနှစ် ၇ဝ ကျော် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဖြစ်ပွါးတဲ့ ပြည်တွင်းစစ်အတွင်း တိုင်းရင်းသားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ ဖျက်ဆီးလုယက် မှုတွေကို ကျူးလွန်ခဲ့ကြောင်း ဖေါ်ပြထားပါတယ်။

https://rohingyavision.com/burmese/icjမွာ-အမႈဖြင့္တဲ့အေပၚ-အမ်/

မြောက်ပိုင်းမဟာမိတ်အဖွဲ့ သုံးဖွဲ့ကတော့ ကိုးကန့်၊ တအာင်းနဲ့ ရခိုင်ဒေသတွေမှာ မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို အပြစ်ပေးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်မယ့်သူတွေနဲ့ အဖွဲ့အစည်းတွေကို သူတို့ လက်ဝယ်မှာရှိတဲ့ သက်သေ အချက်အလက်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိကြောင်းလည်း ထိုကြေငြာချက်မှာ ရေးသားဖေါ်ပြထားပါတယ်။

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from မြန်မာMore posts in မြန်မာ »
Mission News Theme by Compete Themes.