Press "Enter" to skip to content

ICJမှာ အမှုဖွင့်တဲ့အပေါ် အမျိုးသားရေးလှုပ်ရှားသူတွေ ကန့်ကွက်ခြင်းဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းကျူးလွန်မှုကို အားပေးရာရောက်

အာရ်ကာန်ဒေသခံ ရိုဟင်ဂျာလူမျိုးစုအပေါ်  မြန်မာနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ခဲ့တာကြောင့် ၂၀၁၉ခုနှစ် နိုဝင်ဘာလ ၁၁ရက်နေ့မှာ OIC ရဲ့ ကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ အမှုဖွင့်ထားတာကို အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေ ဦးဆောင်ပြီး ရန်ကုန်မြို့ ဆူးလေမှာ ICJ ရဲ့ တရားစွဲဆိုမှုနဲ့ OIC ကို ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြထားပါတယ်။

အမျိုးသားရေး တက်ကြွလှုပ်ရှားသူ ၃၀ဦးနဲ့အတူ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက ဦးဆောင်ပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြတာပဲဖြစ်ပါတယ်။ ဆန္ဒပြပွဲကို ဦးဆောင်သူ ဖြစ်တဲ့ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက ICJ တရားစွဲပြီးနောက်ပိုင်း နိုင်ငံ့ခေါင်းဆောင်တွေ အနေနဲ့ စည်းလုံးမှုရှိလာတဲ့ အခြေအနေတွေ ရှိတယ်လို့လည်း မိန့်ကြားခဲ့ပါတယ်။

https://rohingyavision.com/burmese/%e1%80%9b%e1%80%81%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%bb%e1%80%95%e1%80%8a%e1%80%b9%e1%80%94%e1%80%9a%e1%80%b9%e1%80%99%e1%80%bd%e1%80%ac%e1%80%bb%e1%80%96%e1%80%85%e1%80%b9%e1%80%95%e1%80%bc/

၂၀၁၇ခုနှစ်မှာ မြန်မာစစ်တပ်က ARSAကိုနှိမ်နင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့  လူနည်းစု ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ခဲ့တာပဲ ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့အပြင် အရှင်လက်လက် မီးရှို့တာတွေ၊ ရိုဟင်ဂျာအမျိုးသမီးတွေကို အုပ်စုလိုက်မုဒိမ်းကျင့်မှုတွေ၊ ရိုဟင်ဂျာနေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေလည်း ကျူးလွန်ခဲ့တာဖြစ်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် မြန်မာအစိုးရ ကျူးလွန်ခဲ့တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေကို နိုင်ငံတကာက သက်သေအထောက်ထားတွေနဲ့တကွ မီးမောင်းထိုးပြနိုင်ခဲ့ပေမယ့်လည်း မြန်မာဘက်ကတော့ အမြဲငြင်းဆန်မှုတွေပြုလုပ်ခဲ့တဲ့အပြင် ကျူးလွန်သူတွေကို အရေးယူမှုတစ်စုံတစ်ရာ ပြုလုပ်ပေးခြင်းလည်း မရှိခဲ့ပါဘူး။

https://rohingyavision.com/burmese/%e1%80%98%e1%80%b0%e1%80%b8%e1%80%9e%e1%80%ae%e1%80%b8%e1%80%b1%e1%80%90%e1%80%ac%e1%80%84%e1%80%b9%e1%81%bf%e1%80%99%e1%80%ad%e1%80%b3%e1%82%95%e1%80%94%e1%80%9a%e1%80%b9%e1%80%90%e1%80%bc%e1%80%84-7/

မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တာနဲ့ ပတ်သက်ပြီး တာဝန်ယူ ဖြေရှင်းပေးမှု လုံးဝမရှိတဲ့အတွက် တရားမျှတမှုကို ဖော်ဆောင်နိုင်ဖို့ ICJမှာ အခုလို တရားစွဲဆိုမှုတွေ လုပ်ဆောင်တာ ဖြစ်ပါတယ်။ ICJ အမှုကို လာမယ့် ဒီဇင်ဘာ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ကြားနာမှာဖြစ်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရောက် ဖြေရှင်းမှာ ဖြစ်တယ်လို့သိရပါတယ်။

Source: RFA, Internet
Photo: RFA

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from မြန်မာMore posts in မြန်မာ »
Mission News Theme by Compete Themes.