တနေ့တခြားဆိုးရွားလာတဲ့ ရခိုင်ပြည်နယ်က ပြသနာအခြေအနေရဲ့အဖြေကို ဝိုင်းဝန်းစုပေါင်းရှာဖွေဖို့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ် Christine Burgener က ရခိုင်ပါတီနဲ့တွေ့ဆုံအပြီးမှာ ပြောဆိုခဲ့ပါတယ်။
Christine Burgenerဟာ နိုဝင်ဘာလ ၁၃ ရက်နေ့က မြန်မာနိုင်ငံကိုရောက်ရှိတာဖြစ်ပြီး နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့တာဖြစ်ပါတယ်။
၎င်းကမိတ်ဆက်အစမှာပဲ တစ်နေ့ပြီးတစ်နေ့ဆိုးရွားလာတဲ့ ရခိုင်ပြည်နယ်ကလူတွေ ထိခိုက်ဒဏ်ရာရ နစ်နာမှုတွေအပေါ် ဝမ်းနည်းစိတ်မကောင်းဖြစ်မိကြောင်း၊ မြန်မာနိုင်ငံကအစိုးရအပါအဝင် လွှတ်တော်အမတ်တွေနဲ့လည်းတွေ့ဆုံခဲ့ကာ ရခိုင်ပြည်နယ်၊ မောင်တောမြို့က ဒုက္ခသည်စခန်းကိုလည်းသွားရောက်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်က AA နဲ့ ဗမာစစ်တပ်တို့ နှစ်ဖက်အပြန်အလှန်တိုက်ပွဲများဖြစ်ပွားမှုအခြေအနေနဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ငြိမ်းချမ်းရေးဆိုင်ရာဆွေးနွေးပွဲကိစ္စရပ်များ၊ မြန်မာစစ်အစိုးရရဲ့လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံရိုဟင်ဂျာများ မိမိနေရပ်သို့ပြန်လာမဲ့အပေါ် သဘောထားအမြင်များကိုဆွေးနွေးခဲ့ကြောင်းသိရပါတယ်။