Press "Enter" to skip to content

မောင်တောမြို့နယ်တွင် NVCကတ်ပြား ကိုင်ဆောင်သည့် ရိုဟင်ဂျာများကိုသာ ခရီးသွားလာခွင့်ပြုနေခြင်းကြောင့် အခက်ခဲများနှင့် ရင်ဆိုင်နေရ

မောင်တောမြို့။ ။ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်းကို ခရီးသွားလိုတဲ့ ရိုဟင်ဂျာမွတ်စလင်တွေ အနေနဲ့ ၂၀၁၆ခုနှစ်မတိုင်ခင်က မြန်မာအစိုးရ တရားဝင် ထုတ်ပေးခဲ့တဲ့ ယာယီသတ်သေခံကတ်ပြားတွေနဲ့ ခရီးသွားလာခွင့်ရရှိခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာတော့ ရွာထွက်လက်မှတ်တွေနဲ့သာ ခရီးသွားလာမှုပြုခဲ့ရာကနေ နိုဝင်ဘာလ(၆)ရက်ကနေစတင်ပြီး အထက်ပါအထောက်အထားတွေနဲ့ ခရီးသွားလာမှုကို နယ်ခြားစောင့်ရဲဌာနချုပ် စစ်ဆေးရေးဂိတ်ကနေ ပိတ်ပင်ကန့်သတ်မှုတွေပြုလုပ်နေကြောင်း ဒေသခံတစ်ဦးက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။

နိုဝင်ဘာလ (၆)ရက်နေ့ကစပြီး မြန်မာအစိုးရက အတင်းအဓမ္မပေးအပ်ထားတဲ့ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သတ်သေခံကတ်ပြား (NVC)ကိုင်ဆောင်ထားတဲ့ ရိုဟင်ဂျာတွေကိုသာ မောင်တောမြို့ပေါ်ကိုသွားလာခွင့်ပေးပြီး၊ ရွာထွက်လက်မှတ်ပြသူတွေရဲ့ ရွာထွက်လက်မှတ်တွေကို စုတ်ဖြဲပစ်တဲ့အပြင် နောက်ပြန်လှည့်ပြီး အိမ်ပြန်ခိုင်းခြင်းတွေ ပြုလုပ်လျက်ရှိနေပါတယ်။ အလားတူပဲ ရိုဟင်ဂျာ ယာဉ်မောင်းသမားတွေလည်း ၎င်းစစ်ဆေးရေးဂိတ်မှာ ယဉ်မောင်းလိုင်စင်ပြပေမယ့်လည်း ဖြတ်သန်းသွားလာခွင့်မပေးပဲ NVC ကတ်ပြားတွေကိုသာ ပြသရန် တောင်းခံလျက်ရှိနေပါတယ်။

လတ်တလောကာလမှာ မောင်တောနယ်ပိုင်းက ရိုဟင်ဂျာတွေ မောင်တောမြို့ပေါ်ကို လာရောက်ခြင်းမရှိတဲ့အတွက် စီးပွါးရောင်းဝယ် ဖောက်ကားမှုတွေ ငြိမ်သက်လျက်ရှိနေတာကြောင့် စားဝတ်နေရေး အခက်အခဲတွေကို နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေကြရပါတယ်။ ဒေသခံတစ်ဦးကတော့ “ရိုဟင်ဂျာ ယာဉ်မောင်းတွေကို မြို့နယ်ရဲ့ မြောက်ပိုင်းသွားလာခွင့်ပိတ်နေသလို မြောက်ပိုင်းက ရိုဟင်ဂျာတွေကိုလည်း မြို့ပေါ်သွားလာခွင့် ပိတ်ပင်နေတာဟာ ဒေသခံအာဏာပိုင်တွေ အနေနဲ့ ဒေသခံရိုဟင်ဂျာတွေအပေါ်ကို တစ်ခုခုပြုလုပ်ဖို့ ကြံရွယ်နေတဲ့လို့သာမြင်ကြောင်း” ရိုဟင်ဂျာဗီးရှင်းသို့ ပြောပါတယ်။

“အဲဒီလိုသာ ဌာနေတိုင်းရင်းသား ရိုဟင်ဂျာတွေအပေါ် ဆက်ပြီးပြုမူဆောင်ရွက်နေမယ်ဆိုရင် ရိုဟင်ဂျာ မွတ်စလင်တွေရဲ့ စီးပွါးရေးလည်း ပျက်စီးသလို၊အစစအရာရာ ပျက်စီးကုန်ပြီး နောက်ဆုံးမှာ အိမ်နီးချင်း တစ်ဘက်နိုင်ငံကို ထွက်ပြေးကြရမှာဖြစ်တယ်။ တစ်ဘက်နိုင်ငံကို ထွက်ပြေးခိုလှုံနေသူတွေ မူလနေရပ် မြန်မာနိုင်ငံကို ပြန်လာဖို့ ဆန္ဒရှိတဲ့အခါ ဒေသခံ မြန်မာအာဏာပိုင် အဆင့်ဆင့်ကို တစ်မိသားစုအတွက် ကျပ်ငွေ (၁၅)သိန်းပေးပြီးမှ ပြန်ဝင်ရတယ်။ လက်ရှိမောင်တောနယ်မြေ အာဏာပိုင်တွေက လာဘ်ငွေ ရယူဖို့ကို မက်မောပြီး ရိုဟင်ဂျာတွေကို အဘက်ဘက်က တားဆီး ပိတ်ပင်နေတာသာ ဖြစ်နိုင်ကြောင်း “ ၄င်းက ဝေဖန်သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။

Photo: Dhaka Tribune

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from မြန်မာMore posts in မြန်မာ »
Mission News Theme by Compete Themes.