Press "Enter" to skip to content

ဂူတာပြင်ဖြစ်စဉ်အရေးယူဆောင်ရွက်မှုတွင် ပွင်းလင်းမြင်သာမှုရှိပါ့မလား

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ရွာမှာဖြစ်ပွားခဲ့တဲ့အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို စတင်အရေးယူဖို့ဆောင်ရွက်နေတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။

ဘူးသီးတောင်မြို့နယ်၊ဂူတာပြင်ကျေးရွာတွင် ဗမာစစ်တပ်အာဏာပိုင်တွေဟာ အပြစ်မဲ့တဲ့ဒေသခံရိုဟင်ဂျာရွာသား ၄၀၀ ကိုအစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တာပါ။

အမေရိကန်၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးတွေက ဂူတာပြင်ဖြစ်ရပ်မှာ အပြစ်မဲ့တဲ့ရိုဟင်ဂျာရွာသားတွေအား သတ်ဖြတ်ခဲ့တဲ့လုံခြုံရေးအာဏာပိုင်တွေကို ဖော်ထုတ်အရေးယူပေးဖို့ ၂၀၁၈ ခုနှစ်ကတည်းက တောင်းဆိုထားတာဖြစ်ပါတယ်။

စစ်ခုံရုံးဖြစ်တဲ့အတွက် တရားစီရင်ရာမှာ အရပ်ဖက်တရားစီရင်ရေးလိုတော့ ပွင့်လင်းမြင်သာမှု ရှိမှာမဟုတ်ပဲ ဒီဖြစ်စဉ်ဟာ နိုင်ငံတကာစိတ်ဝင်စားတဲ့အမှုဖြစ်နေတာကြောင့် တပ်မတော်အနေနဲ့ ပွင့်ပွင့်လင်းလင်းထုတ်ပြန်မယ်လို့တော့ယူဆရကြောင်း လေ့လာစောင့်ကြည့်ရေးအဖွဲ့က ဒေါက်တာ နိုင်ဆွေဦးကပြောပါတယ်။

ဂူတာပြင်ရွာကအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနဲ့ပတ်သတ်ပြီး နိုင်ငံတကာနဲ့ကုလသမဂ္ဂအဖွဲ့အစည်းတွေကလည်း မြန်မာအာဏာပိုင်များကို ဖိအားပေးခဲ့ကာ နိုင်ငံတကာကစိတ်ဝင်စားနေတဲ့သတင်းမို့ ပွင့်လင်းမြင်သာတဲ့စုံစမ်းစစ်ဆေးရေးတွေလိုကြောင်း လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကလည်းပြောထားတာတွေ့ရပါတယ်။

ဗမာအာဏာပိုင်တွေဟာ ဗမာတွေအတွက်ပဲ ဆောင်ရွက်ပေးတာမျိုးရှိပြီး တခြားလူမျိုးတွေ တိုင်းရင်းသားတွေအတွက်ဆို ဘာမှလုပ်ပေးတာမျိုးမရှိတာမို့ ဘူးသီးတောင်မြို့နယ်အတွင်းနေထိုင်တဲ့ ဒေသခံရိုဟင်ဂျာတွေကတော့ ပွင့်လင်းမြင်သာမှုရှိပါ့မလားလို့စိုးရိမ်နေကြပါတယ်။

More from မြန်မာMore posts in မြန်မာ »
More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.