Press "Enter" to skip to content

ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာဒုက္ခသည်တွေက SM ကဒ်တွင် ရိုဟင်ဂျာအမည်တပ်ဖို့ တောင်းဆို

မြန်မာအစိုးရရဲ့လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ပြုလုပ်ပေးမဲ့ UN ကဒ်ထဲမှာ မြန်မာရိုဟင်ဂျာဆိုတဲ့ အချက်ကို ထည့်သွင်းပေးဖို့  UN မဟာမင်းကြီးထံ တင်ပြတောင်းဆိုသွားမယ်လို့ သိရပါတယ်။

အသက် ၁၂ နှစ်အထက်ကစပြီး ယောက်ျား၊ မိန်းမအားလုံးကို ကွန်ပျူတာစနစ်နဲ့ အချက်အလက်တွေကောက်ယူတာဖြစ်ပြီး မြန်မာရိုဟင်ဂျာလို့မပါပဲ မြန်မာက ဆိုတာသာပါရှိကြောင်း  ကော့ဇ်ဘဇားအနီးက ဘာလုခါလီဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်သူ  ဦးအီစလံကရှင်းပြပါတယ်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားပေါင်းစုံဟာ မြန်မာအစိုးရဲ့ ညှင်းပန်းဖိနှပ်မှု ဒုက္ခတွေခံစားနေရတာဖြစ်တာကြောင့် ရခိုင်ပြည်နယ်က တိုင်းရင်းသား ရိုဟင်ဂျာတွေလည်း အဲ့ထဲမှာပါဝင်နေတာမို့ မြန်မာရိုဟင်ဂျာဆိုတာမျိုး ဖြစ်ရမှာကြောင့် ၄င်းတို့ဘက်မှလည်း တောင်းဆိုထားတဲ့အတိုင်းလုပ်ပေးမယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ် လူဝင်မှုကြီးကြပ်ရေးဌာန စခန်းတာဝန်ရှိသူတွေနဲ့ပူးပေါင်းပြီး မြန်မာပြည်မှ နေရပ်လိပ်စာနဲ့ မိသားစုအချက်အလက်တွေ ကို စာရင်းသွင်းမှတ်သားကာ ၄င်းကဒ်ကို ထုတ်ပေးခဲ့တာဖြစ်တယ်လို့ ဦးအီစလံကပြောပါတယ်။

မြန်မာရိုဟင်ဂျာဆိုတာပါဝင်မှသာ ရိုဟင်ဂျာဒုက္ခသည်တွေကလက်ခံသွားမှာဖြစ်ပြီး UNHCR မဟာမင်းကြီးကိုလည်း တင်ပြထားကြောင်း၊ လက်ရှိကတော့ အစီအစဉ်တွေကို ဒုက္ခသည်စခန်းတွင်စတင်ပြီး လုပ်ဆောင်ပေးနေကြောင်း သိ၇ပါတယ်။

အစပိုင်းက ဘင်္ဂလားဒေ့ရှ်အစိုးရက ID ကဒ်ဆိုကာ ထုတ်ပေးခဲ့ပြီး အခုထုတ်ပေးမဲ့ ကဒ်ကတော့ ပထမကဒ်နဲ့ မတူပဲ ကွန်ပြူတာနဲ့ ခန္ဓာကိုယ်အထဲပိုင်းကိုပါ စမ်းသပ်ပြီးတော့ ထုတ်ထားတဲ့ Smart Card ပဲ ဖြစ်ပါတယ်။

More from ဘင်္ဂလားဒေရှ့်More posts in ဘင်္ဂလားဒေရှ့် »
Mission News Theme by Compete Themes.