Press "Enter" to skip to content

ဗမာစစ်တပ်နဲ့ AA နှစ်ဖက်တိုက်ပွဲများကြား ဒေသခံရိုဟင်ဂျာများ ဒဏ်ရာရ

ရခိုင်ပြည်နယ်တွင် ယခုတိုင် မရပ်ဆဲနိုင် တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေမြဲဖြစ်တဲ့ AA တပ်ဖွဲ့နဲ့ ဗမာစစ်တပ် နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကြရာမှာ အောက်တိုဘာလ ၂၀ ရက်နေ့ မနက် ၉နာရီဝန်းကျင်က ရသေ့တောင်မြို့နယ် ကျေးရွာအုပ်စုဖြစ်တဲ့ ဆင်ခုန်းတိုင်းကျေးရွာတွင် ရိုဟင်ဂျာကလေးငယ်လေးတစ်ဦးနဲ့ နွားတစ်ကောင် ကျည်ဆံထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။

အလားတူ အောက်တိုလာလ ၂၁ ရက်နေ့ ညနေ ၆ နာရီအချိန် ဘူးသီးတောင်မြို့နယ်တွင်လည်း ပြင်းထန်တဲ့တိုက်ပွဲများကြား အပြစ်မဲ့ဒေသခံ ရိုဟင်ဂျာအမျိုးသမီးတစ်ဦး ကျည်ဆံထိမှန်ကာ ဒဏ်ရာရရှိခဲ့ပြီး နွား ၁ကောင်နဲ့ အိမ်မွေးခွေးတစ်ကောင်ပါ သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဒဏ်ရာရရှိခဲ့သူအမျိုးသမီးမှာ ဘူးသီးတောင်မြို့နယ်၊ တပ်ထူးပေါက်ကျေးရွာအုပ်စုဖြစ်တဲ့ ကျောက်ရမ်းရွာမှ အာအေရှားဘေဂမ် (ဘ) အဗ္ဗဒူရှူကူးရ် ၄၅ နှစ်ဖြစ်ပါတယ်။

အဆိုပါပစ်ခတ်မှုဟာ ဘူးသီးတောင်မြို့နယ်ရှိ ဗမာစစ်တပ် ခလရ ၅၁၁ စခန်းမှ လက်နက်ကြီးများသုံးကာ ပစ်ခတ်တာဖြစ်ပြီး ၄င်းကျည်ဆံများက ဒေသခံပြည်သူများနဲ့ ကျွဲနွား တိရစ္ဆာန်များအား ဒဏ်ရာရ၊ သေဆုံးမှုများဖြစ်စေခဲ့တာလို့ ဒေသခံများရဲ့ ပြောပြချက်အရသိရပါတယ်။

ဒဏ်ရာရရှိသူများအားဆေးကုသရန် လက်ရှိကျေးရွာအား ချုပ်ကိုင်ထားတဲ့ ဗမာစစ်တပ်စခန်းမှ စစ်အရာရှိထံခွင့်ပြုချက်ယူကာ ဘူးသီးတောင်မြို့နယ်၊အထွေထွေရောဂါကုဆေးရုံသို့သွားရန် ကန်သောင်းကျေးရွာကို ကားဖြင့်ခေါ်ဆောင်လာကြရာ ကန်သောင်းကျေးရွာစခန်းမှစစ်တပ်က ကားကိုမြင်ပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့တာမို့ ဆေးရုံသို့မသွားနိုင်တော့ပဲ ကားကိုရောက်တဲ့နေရာတွင် ရပ်ထားရကြောင်း သိရပါတယ်။

ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ် ရှိကျေးရွာများမှာ AAတပ်ဖွဲ့နဲ့ ဗမာစစ်တပ်တို့တိုက်ပွဲတွေ အခုထိအပြင်းအထန် ဖြစ်ပွားနေတာဟာ ဒေသခံပြည်သူတွေကို ထိခိုက်ဒဏ်ရာရ သေဆုံးမှုများဖြစ်စေရုံတင်မက ဒဏ်ရာရသူများအနေနဲ့ ဆေးကုသဖို့သွားရာတွင်လည်း အခက်အခဲများစွာကြုံတွေ့နေရတာမို့ ဒေသခံရိုဟင်ဂျာတွေဟာ ကျေးရွာအတွင်းနေထိုင်ရမှာကို စိုးရိမ်ထိတ်လန့်နေကြပါတယ်။

More from မြန်မာMore posts in မြန်မာ »
More from ရိုဟင်ဂျာ သတင်းMore posts in ရိုဟင်ဂျာ သတင်း »
More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.