Press "Enter" to skip to content

မောင်တောမြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးက လူမျိုးရေးမုန်းတီးမှုတွေ ဆောင်ရွက်နေ

မောင်တောမြို့။ ။ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်တွင် အသစ်ပြောင်းရွှေ့ တာဝန်ကျသည့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငွေထွန်းက အောက်တိုဘာလ (၁၇)ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်  လဝက်ပုံမှန် အစည်းအဝေး ကျင်းပခဲ့ချိန်တွင်း လူမျိုးရေးမုန်းတီးမှုကို ပေါ်လွင်စေသည့် စကားများကို ပြောဆိုခဲ့ကြောင်း မျိုးသူရက ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။

အစည်းဝေးအတွင်းမှာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငွေထွန်းက “မင်းတို့ကို သီးသန့်ခေါ်ပြီးတော့ ပြောမယ့်အစား ဒီမှာတစ်ခါတည်းပြောလိုက်မယ် မင်းတို့ဘင်္ဂါလီတွေက နိုင်ငံသားဖြစ်ခွင့်ရရင်လည်း အခြားလူမျိုးတွေနဲ့ တန်းတူမဖြစ်နိုင်ဘူး၊ မင်းတို့ကငါတို့နိုင်ငံသားတွေမဟုတ်ပဲ ငါတို့နိုင်ငံမှာနေလို့ စောင့်ရှောက်ထားပြီး နိုင်ငံသားကဒ်ပြားပေးနေရတာ”လို့ပြောခဲ့ကြောင်း သိရပါတယ်။

ထို့အပြင် လက်ရှိအုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်နေတဲ့ ရိုဟင်ဂျာတွေကိုလည်း “မင်းတို့ကို အုပ်ချုပ်ရေးမှူးခန့်တာကလည်း လိုအပ်ချက်ကြောင့်ခန့်တာဖြစ်ပြီး အခြားတိုင်းရင်းသား အုပ်ချုပ်ရေးမှူးတွေလို နိုင်ငံသားစိစစ်ရေးကဒ် ရှိရင်တောင် လစာမပေးနိုင်ဘူး၊ မင်းတို့ကို အလုပ်ဖြုတ်မယ်ဆိုရင်လည်း အထက်ကညွှန်ကြားချက် စောင့်စရာမလိုပဲ ငါကိုယ်တိုင် ဖြုတ်လို့ရတယ်၊ ငါလိမ်နေတာမဟုတ်ဘူး ဥပဒေဘောင်အတွင်းကပြောနေတာ” စသဖြင့် လူမျိုးရေးခွဲခြားတဲ့ စကားတွေကို အထက်စီးဆန်စွာ ပြောဆိုခဲ့ပါတယ်။

ဒေသခံတစ်ဦးကတော့ “ မြို့နယ်အုပ်ချုပ်ရေးမှူးတစ်ယောက်အနေနဲ့ သူ့ရဲ့ပင်မတာဝန်ကို သူသေသေချာချာနားလည်ရဲ့လား၊ သူရဲ့တာဝန်က မြို့သူ/သားတွေကို ကျောသားရင်သားမခွဲခြားပဲ အုပ်ချုပ်ဖို့ဖြစ်ပေမယ့်လည်း အုပ်ချုပ်သူတစ်ဦးအနေနဲ့ ခုလို လူမျိုးရေးမုန်တီးမူနဲ့ ခွဲခြားဆက်ဆံမူတွေကို သူကိုယ်တိုင်ထုတ်ပြောလာတာဟာ အင်မတန်မှ စိုးရိမ်စရာအခြေအနေဖြစ်ပြီး ခုလိုဆက်ပြီးပြောနေမယ်ဆိုရင် လူမျိုးရေပဋိပက္ခတွေ မကြာခင်ဖြစ်ပေါ်လာနိုင်တယ်”လို့ ဝေဖန်သုံးသပ်ထားပါတယ်။

မြန်မာအစိုးရကလူမျိုးရေးမုန်းတီးမှုတွေကိုအရေးယူနေကြောင်း နိုင်ငံတကာကို ဂတိတွေ ပေးနေရင်လည်း အောက်ခြေမှာတော့ လူမျိုးရေးမုန်းတီးမှုတွေ လျော့နည်းမှုမရှိသေးတာကြောင့် ရိုဟင်ဂျာတွေကို ခွဲခြားဆက်ဆံပြီး လူမျိုးရေးမုန်းတီးမှုတွေကို ပေါ်ပေါ်တင်တင် ဆောင်ရွက်နေတဲ့ ဦးငွေထွန်းကို ထိထိရောက်ရောက်အရေးယူပေးဖို့”ဒေသခံတစ်ဦးက တောင်းဆိုထားပါတယ်။

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from မြန်မာMore posts in မြန်မာ »
Mission News Theme by Compete Themes.