Press "Enter" to skip to content

မန္တလေး-စစ်တွေ ခရီးသည်တင်ကားတွင် လိုက်ပါလာသည့် ခရီးသည်(၃၁)ဦးကို AAဖမ်းဆီးခေါ်ဆောင်

မန္တလေးတိုင်းကနေ စစ်တွေမြို့ကို ပြန်နေကြတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ အများစုလိုက်ပါလာတဲ့ ခရီးသည်တင်ကားကို အားကစားဝတ်စုံ ဝတ်ဆင်ထားတဲ့ လက်နက်ကိုင်အဖွဲ့က ရခိုင်ပြည်နယ်က အဝေးပြေးလမ်းမပေါ်မှာ တားဆီးခဲ့ပြီး ခရီးသည်၃၁ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ အာဏာပိုင်တွေက ထုတ်ပြန် ကြေငြာထားကြောင်း ပြည်တွင်း ပြည်ပသတင်း အရင်းမြစ်တွေအရ သိရပါတယ်။

စစ်တွေမြို့ကို ထွက်ခွာလာတဲ့ ခရီးသည်ကားကို အောက်တိုဘာလ ၁၁ ရက် သောကြာနေ့ မနက်ပိုင်းမှာ အရပ်ဝတ် လူတစ်ဦးက မြောက်ဦးမြို့က ရှေးဟောင်းမြို့တစ်ခုရဲ့ အဝေးပြေးကားလမ်းမပေါ်မှာ တားခဲ့ပြီး ခရီးသည်တွေကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

ကားရပ်ပေးခဲ့တဲ့အချိန်မှာ တောထဲကနေ အားကစားဝတ်စုံဝတ်ဆင်ထားတဲ့လက်နက်ကိုင် ရခိုင့်တပ်မတော်(AA)တပ်ဖွဲ့ဝင် ၁၀ဦးကျော်ပါဝင်တဲ့ အဖွဲ့ထွက်လာပြီး ခရီးသည်ကားပေါ်ပါလာသူတွေကို သူတို့ရဲ့ပစ္စည်းတွေအတူတကွယူဆောင်ဖို့အမိန့်ပေးပြီး ခေါ်ဆောင်သွားခဲ့တာဖြစ်ကြောင်း သူကပြောပါတယ်။ ယာဉ်မောင်းနှစ်ဦးနဲ့ ယာဉ်နောက်လိုက်တစ်ဦးတို့ကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

https://rohingyavision.com/burmese/%e1%80%98%e1%80%b0%e1%80%b8%e1%80%9e%e1%80%ae%e1%80%b8%e1%80%b1%e1%80%90%e1%80%ac%e1%80%84%e1%80%b9%e1%81%bf%e1%80%99%e1%80%ad%e1%80%b3%e1%82%95%e1%80%94%e1%80%9a%e1%80%b9%e1%80%b1%e1%80%90%e1%80%ac/

ခရီးသည်တင်ယာဉ်နဲ့အတူ လိုက်ပါလာသူတွေထဲမှာ ဇီးပင်ကြီးကနေ သင်တန်းဆင်းပြီး မူလနေရပ်အသီးသီးကို ပြန်နေကြတဲ့ ယူနီဖောင်းဝတ်ဆင်ထားကြတဲ့ ၁၈ နှစ်နဲ့ ၂၅ နှစ်ကြား မီးသတ်သင်တန်းဆင်း လူငယ် ၁၈ ယောက်နဲ့ ဒု-မီးသတ် ဦးစီးမှူး တစ်ဦးပါဝင်ပြီး  အေးရှားဝေါ ကုမ္ပဏီ လမ်းလုပ်သား ၈ယောက်ပါဝင်ကြောင်း သိရပါတယ်။

၂၀၁၇ခုနှစ်ကစပြီး ရခိုင်ပြည်နယ်ဟာ မြန်မာစစ်တပ်က ရိုဟင်ဂျာ လူမျိုးစုကို လူမျိုးတုန်းသတ်ဖြတ်ခဲ့တဲ့ အဓိကနေရာဖြစ်ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ အဓမ္မပြုကျင့်မှုတွေနဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးမှုတွေလည်း ကျူးလွန်ခဲ့တာပဲ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ လူသားချင်းစာနာမှုကင်းမဲ့စွာ ကျူးလွန်မှုကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ကြရပြီး မူလနေရပ် ပြန်နိုင်မယ့် မျှော်လင့်ချက်တွေနဲ့ လူဦးရေ ထူထပ်တဲ့ ဒုက္ခသည် စခန်းတွေမှာ ဆက်လက်ခိုလှုံနေတာပဲ ဖြစ်ပါတယ်။

Source: NYTIMES, RFA
Photo: asiatimes

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from မြန်မာMore posts in မြန်မာ »
Mission News Theme by Compete Themes.