Press "Enter" to skip to content

ဝန်ကြီးချုပ် Sheikh Hasina က ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံမှ ပြန်လည်ခေါ်ဆောင်ဖို့ မေတ္တာရပ်ခံ

ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် Sheikh Hasina က ဘင်္ဂလားဒေ့ရှ်မှရိုဟင်ဂျားဒုက္ခသည်တွေကို ပြန်ခေါ်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးသံတမန် Christine Schraner Burgener အား သူမရဲ့ ရုံးမှာ တွေ့ဆုံခဲ့ပြီး တိုက်တွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ်အနေနဲ့လာတဲ့ သံတမန်ကို ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် Sheikh Hasina က မေတ္တာရပ်ခံခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်ရဲ့ စာနယ်ဇင်းအတွင်းရေးမှူး Ihsanul Karim က သတင်းထောက်များနဲ့ သတင်းစာတွေ့ဆုံရှင်းလင်းပွဲ ပြီးတဲ့အခါမှာ India , တရုတ် ၊ လာအို နဲ့ ထိုင်းနိုင်ငံတွေကို ရိုဟင်ဂျာတွေရဲ့ အကျပ်အတည်းတွေနဲ့ ပတ်သတ်ပြီး ပြောပြခဲ့တယ်လို့ သိရပါတယ်။

ရိုဟင်ဂျာတွေကို ၄င်းတို့နေရပ်ဒေသရင်းသို့ ပြန်ပိုဖို့ UNHCR က ဆောင်ရွက်ရာမှာ မြန်မာဘက်ကလည်း လက်ခံသဘောတူကြောင်းကို ၀န်ကြီးချုပ်ကလည်း ပြောပါတယ်။

မြန်မာဘက်မှ ပြောင်းရွှေ့လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အကျပ်အတည်းတွေကို ကူညီတဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကိုလည်း ကျေးဇူးတင်ကြောင်း သူမကပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ်တွင်  India , တရုတ် နဲ့ ဂျပန်နိုင်ငံတွေမှ ရိုဟင်ဂျာတွေနေထိုင်ဖို့ အိမ်များဆောင်လုပ်ပေးခဲ့ကြောင်းကိုလည်း သူမကပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်အပေါ် နိုင်ငံတကာအကြံပေး ကော်မရှင်တွေရဲ့ အကြံပြုချက်တွေကို  လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ ၊ ကုလသမဂ္ဂ အတွင်းရေးမှူးဟောင်းတစ်ဦးဖြစ်တဲ့ ကိုဖီအာနန်အား ၄င်းအကျပ်အတည်းတွေကိုဖြေရှင်းဖို့ အတွက်ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အထူးသံတမန်က အလေးထားကြောင်း ၊အထူးသံတမန် Burgener ဟာ ကော့ဇ်ဘာဇာမှာ ရှိတဲံ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်ခဲ့ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံစကားပြောခဲ့ကာ ဒီဒုက္ခသည်တွေဟာ အခုထိ စိတ်ဒဏ်ရာဖြစ်နေဆဲလို့ ပြောခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရက ပညာရေးနဲ့ နေထိုင်ရေးတွေ ကူညီထောက်ပံ့နေတဲ့အတွက် ၀မ်းသာမိကြောင်း သူမကထပ်မံပြောခဲ့ပါတယ်။

IOM မှ ညွှန်ကြားရေးမှူးချုပ် William Lacy Swing ကလည်း အလည်အပတ်သွားရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ၄င်းတို့နေရပ်ဒေသရင်း သို့ ပြန်ပို့ဖို့ ဘင်္ဂလားဒေ့ရှ်ကို ကူညီထောက်ပံ့ရန် ၄င်း IOM အဖွဲ့အစည်းအား ဆက်လက် တိုးချဲ့သွားမယ်လို့ အတည်ပြုခဲ့ပါတယ်။

ဒါဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ထူးခြားတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်မှ လည်း လုပ်နိုင်သမျှကိုလုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ကို Ihsanul Karim က IOM ခေါင်းဆောင်အား ပြန်လည်ပြောဆိုခဲ့ပါတယ်။

ညွှန်ကြားရေးမှူးချုပ် Swing ကလည်း ကော့ဇ်ဘာဇာသို့ သွားရောက်ခဲ့ပြီး ရိုဟင်ဂျာတွေရဲ့ ဆင်းရဲဒုက္ခတွေကို ကိုယ်တွေ့ မြင်လာခဲ့ကြောင်းကို  Ihsanul Karim က ထပ်မံ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနေရပ်ရင်းကို ပြန်ပို့ဖို့အတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံသဘောတူညီ လတ်မှတ်ရေးထိုးတာပေမဲရ် မြန်မာဘက်က ယနေ့ချိန်ထိ ရိုဟင်ဂျာဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာနဲ့ နေထိုင်ဖို့ လုပ်ဆောင်တာမျိုး မရှိသေးကြောင်း ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် Sheikh Hasina က ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံဘက်မှာလည်း ရိုဟင်ဂျာဒုက္ခသည်တွေ ၄င်းတို့ပိုင်ဒေသကို ပြန်ဖို့အရေးကို  ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အပါအဝင် တခြား နိုင်ငံရေး ပါတီဲ၂၃ ခုက ကန့်ကွက်နေတယ်လို့ သိရပါတယ်။

More from ဘင်္ဂလားဒေရှ့်More posts in ဘင်္ဂလားဒေရှ့် »
Mission News Theme by Compete Themes.