Press "Enter" to skip to content

ဖိနှိပ်ခံဘဝကနေ ရုန်းထွက်နိုင်ရန်ကြိုးစားခဲ့သည့် ရိုဟင်ဂျာ ၃၀ဦးထဲမှ ၂၁ဦး ထောင်ဒဏ်ချမှတ်ခံရ

ရခိုင်ပြည်နယ်အနောက်ပိုင်းကနေ ရန်ကုန်မြို့ကို အလုပ်လုပ်ကိုင်ရန် သွားရောက်ဖို့ ကြိုးစားတဲ့အတွက် ဖမ်းဆီးခံခဲ့ရတဲ့ ဖိနှိပ်ခံ ရိုဟင်ဂျာ ၃၀ဦးထဲမှာ ၅နှစ်သားအရွယ် ကလေးငယ် တစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။ သူတို့တွေဟာ ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည်စခန်းတွေမှာ ဖိနှိပ်ချုပ်ချယ်မှုတွေ ခံထားရတဲ့ ရိုဟင်ဂျာတွေထဲက တစ်ချို့ပဲ ဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာ ၃၀ဦးထဲက အသက်ပြည့်ပြီးသူ ၂၁ဦးကိုတော့ ထောင်ဒဏ်၂နှစ်စီ ချမှတ်ခဲ့ပါတယ်။ အသက်မပြည့်သေးတဲ့ လူငယ် ၈ဦးကိုတော့ ရန်ကုန်တိုင်းက လူငယ်လေ့ကျင့်ရေး စခန်းကို ပို့ထားပေမယ့် အသက်ငါးနှစ် အရွယ်သာ ရှိသေးတဲ့ ကလေးငယ်ကိုတော့ ဘာဆက်လုပ်မယ်ဆိုတာ ခုထိဆုံးဖြတ်ချက် မချရသေးကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

https://rohingyavision.com/burmese/%e1%80%bb%e1%80%95%e1%80%8a%e1%80%b9%e1%80%90%e1%80%bc%e1%80%84%e1%80%b9%e1%80%b8%e1%80%99%e1%80%90%e1%80%8a%e1%80%b9%e1%81%bf%e1%80%84%e1%80%ad%e1%80%99%e1%80%b9%e1%80%99%e1%82%88%e1%80%b1%e1%80%90/

အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေပါဝင်တဲ့ ဖမ်းဆီးခံ ရိုဟင်ဂျာ ၃၀ဦးတို့ဟာ အနှစ်နှစ်အလလ ပိတ်လှောင်ခံထားရတဲ့ ဘဝကနေ လွှတ်မြောက်နိုင်မယ့် ရည်ရွယ်ချက်နဲ့ ရန်ကုန်တိုင်းကို အလုပ်လုပ်ကိုင်ရန် ထွက်ခွာသွားခဲ့ကြတာဖြစ်ပေမယ့် လက်တွေ့မှာတော့ အမိုးပွင့်ထောင်ထဲကနေ အမိုးပိတ်ထောင်ထဲကိုသာ ရောက်ရှိသွားခဲ့ကြတာပါ။

၂၀၁၂ခုနှစ် ရိုဟင်ဂျာတွေ အကြမ်းဖက်မှုခံခဲ့ရချိန်မှာ အိုးအိမ်စွန့်ခွာထွက်ပြေးပြီး ပြည်တွင်းက ယာယီဒုက္ခသည် စခန်းတွေမှာ သွားရောက်ခိုလှုံနေထိုင်ရတဲ့ ရိုဟင်ဂျာမွတ်စလင်တွေအနေနဲ့ ရခိုင်ပြည်နယ်ကနေ တခြားနေရာတွေဆီ သွားရောက်အလုပ်လုပ်ကိုင်ရန် ကြိုးစားချိန် မကြာခဏ ဖမ်းဆီးခံခဲ့ကြရပါတယ်။

ရခိုင်ဗုဒ္ဓဘာသာဝင်တွေ လွတ်လပ်စွာ သွားလာခွင့် ရရှိနေချိန်မှာ မြန်မာအစိုးရက ဒုက္ခသည်စခန်းတွေကို သွားရောက်ခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာတွေအပြင် မူလနေထိုင်ရာ ကျေးရွာတွေမှာ ကျန်ရှိနေခဲ့တဲ့ ရိုဟင်ဂျာတွေရဲ့ နေထိုင်သွားလာမှုတွေလည်း အလွန်တင်းကျပ်စွာ ထိန်းချုပ်ထားတာကို တွေ့ရှိရပါတယ်။

Source: Aljazeera

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from မြန်မာMore posts in မြန်မာ »
Mission News Theme by Compete Themes.