Press "Enter" to skip to content

ဘူးသီးတောင်မြို့နယ်တွင် မိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ပွား

ရခိုင်ပြည်နယ်တွင် ဗမာစစ်တပ်နဲ့ AA တပ်ဖွဲ့တို့စစ်ပွဲတွေဟာ ယခုတိုင်ရပ်စဲမှုမရှိသေးပဲ စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။မနေ့မနက်က ဘူးသီးတောင်မြို့နယ်အရှေ့ဘက် တံတားအလွန်မှာ မိုင်းတစ်လုံးပေါက်ကွဲခဲ့ကာ ကားလမ်းပျက်စီးမှုဖြစ်ခဲ့ကြောင်း သိရပါတယ်။

 ဗမာစစ်တပ်ဘက်ကတော့ AA ဘက်မှ တိုက်ခိုက်ခဲ့တာလို့ပြောပြီး NLD ပါတီဥက္ကဌ ဦးရဲသိန်းကလည်း  မိုင်းပေါက်တဲ့နေရာဟာ ဘူးသီးတောင်မြို့နယ် NLD ရုံးသစ်နဲ့ သိပ်အကွာအဝေးကြီးလည်းမဟုတ် လုံခြုံရေးကင်းစခန်းတွေလည်းရှိတာမို့  AA တပ်ဖွဲ့မှ ပါတီအပေါ်ခြိမ်းခြောက်တဲ့သဘောဖြစ်နေကြောင်းပြောခဲ့ပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း အပြင်ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားနေတာဟာ ရခိုင်ပြည်နယ်အတွင်း ဆက်တိုက်ဖြစ်ပေါ်နေကာ ဒေသခံပြည်သူတွေလည်း စိုးရိမ်ထိန့်လန့်နေကြရှာပါတယ်။ရသေ့တောင်မြို့နယ်၊ သောင်းဒရားကျေးရွာဖက်မှာလည်း ဗမာရေတပ်စစ်င်္ဘောကို AA တပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့တာမို့ သင်္ဘောအနည်းငယ်ထိခိုက်ခဲ့ကာ မင်းပြားမြို့နယ်မှာလည်း တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေကြောင်းကို ဒေသခံများ ပြောပြချက်အရသိရပါတယ်။

ဗမာစစ်တပ်နဲ့ AA တပ်ဖွဲ့တို့စစ်ပွဲတွေကြား ဒေသခံပြည်သူများသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှုတွေဟာ ရာကျော်ရှိနေပါပြီ။

More from မြန်မာMore posts in မြန်မာ »
More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.