Press "Enter" to skip to content

ဘူးသီးတောင်နဲ့ရသေ့တောင်မြို့နယ်ရှိ ကျေးရွာများတွင် တိုက်ပွဲများထပ်မံဖြစ်ပွား

ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်တွင် ဒီကနေ့မနက်ပိုင်း ၁ နာရီကျော်လောက်က ဗမာစစ်တပ်နဲ့ AAတပ်ဖွဲ့တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက Rvision သို့သတင်းပေးပို့ခဲ့ပါတယ်။

ဘူးသီးတောင်မြို့နယ်၊ကမ်းတောင်ရွာ၊ ကြာညိုပင်ကျေးရွာ၊ သရက်ပြင်ရွာနဲ့ ရသေ့တောင်မြို့နယ် ထီးစွဲကျေးရွာ၊သာစည်၊ကျောက်တန်းရွာတို့မှာ တစ်ဖက်နဲ့တစ်ဖက်တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားခဲ့ကာ  ဗမာစစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုတော်တော်များများတွေ့ရပြီး AAတပ်ဖွဲ့ဘက်ကတော့တစုံတရာကိုမှမတွေ့ရကြောင် မျက်မြင်ဒေသခံတစ်ဦးကပြောပါတယ်။

ပြင်းထန်တဲ့တိုက်ပွဲနှစ်ခုကြားမှာ ဒေသခံပြည်သူတွေအား ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားတာမို့ လှေငယ်များအသုံးပြုကာ ရေလမ်းခရီးမှသွားလာရှာဖွေစားသောက်နေရကြောင်းသိရပါတယ်။

ဘူးသီးတောင်၊ရသေ့တောင်၊မင်းပြား၊ကျောက်တော်နဲ့ ပုဏ္ဏကျွန်းမြို့နယ်တွေမှာ ဗမာစစ်တပ်နဲ့ AAတပ်ဖွဲ့တို့ တိုက်ပွဲများအဆက်မပြတ်ဆက်လက်ဖြစ်ပွားနေဆဲအခြေအနေရှိနေပြီး နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံတွေလည်းစိုးရိမ်ထိန့်လန့်ကာ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

More from မြန်မာMore posts in မြန်မာ »
More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.