Press "Enter" to skip to content

ခရစ်ယာန်ဆရာတော်မှ ဘာသာရေးခေါင်းဆောင်များအား နှိုးဆော်စာထုတ်ပြန်

ရန်ကုန်ကက်သလစ်ခရစ်ယာန်သာသနာဆရာတော် Cardinal Charles Bo က တိုက်ပွဲတွေကို ဆန့်ကျင်တဲ့အကြောင်းပြောဖို့နဲ့ ပြည်သူတွေခံစားနေရတဲ့ဒုက္ခတွေကိုစာနာဖို့ ဘာသာရေးခေါင်းဆောင်တိုင်းကို တိုက်တွန်းတဲ့အနေနဲ့ နှိုးဆော်စာတစ်စောင်ထုန်ပြန်လိုက်ပါတယ်။

၎င်းစာတွင် ငြိမ်ချမ်းစွာရေးကိုလိုလားတာမို့ ငြိမ်းချမ်းစွားနေထိုင်ရဖို့နှိုးဆော်တဲ့စာဖြစ်ကြောင်း၊ မြန်မာပြည်က ပြည်သူတွေဟာ ဘာသာရေးခေါင်းဆောင်များရဲ့အဆုံးအမကို လိုက်နာတာမို့ ဘာသာရေးခေါင်းဆောင်များကပါဝင်ရန် အကြံပြုထားတာဖြစ်ပါတယ်။

ပြည်တွင်းတိုက်ပွဲတွေကြောင့် အသက်ပေါင်းများစွာပေးခဲ့ကြရပြီး ဆင်းရဲတဲ့ပြည်သူတွေဟာ လက်နက်ကိုင်အဖွဲ့တွေရဲ့ ရန်သူမဟုတ်ကြောင်းပြောခဲ့ပါတယ်။

ဘားအံဆရာတော် ဦးဇင်းသုံညကလည်း  ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို အားပေးထောက်ခံမှု မပြုသင့်ကြောင်း မိန့်ပါတယ်။

ဗလီအဆောက်အဦးတွေ ပြန်လည်ဖွင့်နိုင်ရေး ဦးဆောင်လှုပ်ရှားနေတဲ့ ဦးမောင်မောင်မြင်က တိုက်ပွဲတွေရပ်တန့်ဖို့ ထောက်ခံပြီး ငြိမ်းချမ်းရေးမှာ ပူးပေါင်းပါဝင်သွားဖို့ အဆင်သင့် ရှိကြောင်း ပြောပါတယ်။

မကြာသေးခင်က ဗမာတပ်မတော်နဲ့ အပစ်ရပ်မယ်လို့ ဆိုပေမဲ့ ခုထိတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

ရှမ်းနဲ့ရခိုင်ပြည်နယ် ဒေသခံ အများအပြားကတော့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားမှာကို စိုးရိမ်နေကြပြီး ရခိုင်ပြည်နယ်က စစ်ဘေးရှောင်ဒုက္ခသည် အရေအတွက်နဲ့ ပတ်သက်လို့ ဗမာအစိုးရရဲ့ စာရင်းမှာ သုံးသောင်းနီးပါးသာရှိကာ ဒေသအခြေစိုက် အကူအညီပေးရေးအဖွဲ့တွေရဲ့ စာရင်းတွေအရတော့ ဒုက္ခသည် ခုနစ်သောင်းနီးပါး ရှိနေပါတယ်။

More from မြန်မာMore posts in မြန်မာ »
Mission News Theme by Compete Themes.