Press "Enter" to skip to content

ဘူးသီးတောင်တွင် စစ်ဘေးရှောင်ကျောင်းသူတစ်ဦး ဒဏ်ရာရ

ဗမာတပ်မတော်နဲ့ ရခိုင် AA တပ်မတော်တို့ရဲ့တိုက်ပွဲတွေကြောင့် ကွမ်းတောင်ကျေးရွာကနေ စေတီတောင်ကျေးရွာသို့ ထွက်ပြေးခိုလှုံခဲ့ကြတဲ့ ရခိုင်မိသားစုတစ်စုအိမ်သို့ ညနေ ၄နာရီကျော်တွင် အိမ်ထရံကိုကျည်ဆံထိမှန်ကာ ၁၄နှစ်အရွယ်ကျောင်းသူတစ်ဦး ဝမ်းဗိုက်တွင်ကျည်စထိမှန်သွားခဲ့ကြောင်းသိရပါတယ်။

ကျောင်းသူရဲ့မိခင်ဖြစ်သူဟာ ဗမာတပ်မတော်က ပစ်ခတ်တာလို့ပြောပါတယ်။ တိုက်ပွဲဖြစ်တာမဟုတ်ပဲ နွားရုံတောင်ဘက်က ဗမာစစ်သားတွေပစ်တာဖြစ်ကြောင်း၊ယခုကျောင်းသူလေးအား စေတီတောင်တိုက်နယ်ဆေးရုံကိုပို့ဆောင်ခဲ့ကာ ထို့နောက် စစ်တွေဆေးရုံသို့အရေးပေါ်ပို့ဆောင်ထားကြောင်းသိရပါတယ်။

တပ်မတော်ရဲ့လက်ချက်ဖြစ်ကြောင်း ပြောဆိုမှုနဲ့ ပတ်သက်လို့ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ငြင်းဆိုထားတာတွေ့ရပါတယ်။

စစ်ဘေးရှောင်စခန်းက ကလေးတွေဟာ အဲဒီရွာမှာပဲ စာသင်ကြရတာဖြစ်ပေမယ့် မနေ့ကဖြစ်ရပ်လို ပစ်ခတ်မှုတွေရှိတာက တော်တော်လေးကို စိုးရိမ်စရာဖြစ်ကြောင်း၊ ကျောင်းတက်နေတဲ့အချိန်တွေမှာလည်း အမြဲတမ်းကြောက်လန့်နေရကြောင်း  ကျောင်းသားတွေက စာကိုစိတ် မဝင်စားနိုင်ဘဲနဲ့ အမြဲတမ်း ဗုံးသံနဲ့ကျည်သံတွေကိုသာကြားနေရကြောင်းသိပါတယ်။

More from မြန်မာMore posts in မြန်မာ »
Mission News Theme by Compete Themes.