Press "Enter" to skip to content

ရခိုင်ပြည်နယ်တွင် အင်တာနက်များပြန်ဖွင့်ဖို့နဲ့ ဒေသခံပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေရပ်တန့်ဖို့အဆိုတင်သွင်း

ရခိုင်ပြည်နယ် ပုဏ္ဏားကွန်း၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်ဒေသအချို့တွင် အင်တာနက်ပိတ်ထားတာကို ပြန်ဖွင့်ပေးဖို့ ကုလသမဂ္ဂ မြန်မာနိုင်ငံရုံးက တောင်းဆိုလိုက်တယ်လို့သိရပါတယ်။

အင်တာနက်ဝန်ဆောင်မှုကို ပိတ်ပင်တာဟာ ကုလသမဂ္ဂရဲ့လုပ်ငန်းတွေကို အဟန့်အတားဖြစ်စေကြောင်း၊ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တဲ့ ရခိုင်ပြည်နယ်က ပဋ္ဋိပက္ခတွေကြောင့် လူမှုကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရာမှာ အခက်အခဲဖြစ်စေကြောင်း ရန်ကုန်ရုံးရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားတာ တွေ့ရပါတယ်။

အင်တာနက်ဆက်သွယ်မှုပိတ်ထားတဲ့အတွက် စားနပ်ရိက္ခာ၊ ပညာသင်ကြားရေး၊ ကျန်းမာရေး ၀န်ဆောင်မှုများနဲ့ သတင်းအချက်အလက် ရရှိရေးဆိုင်ရာ အခြေခံ အခွင့်အရေးတွေကို ဆက်လက်ထိခိုက်နိုင်တဲ့ အလားအလာရှိတဲ့အတွက် အင်တာနက်ပိတ်ထားတဲ့ နယ်မြေဒေသတွေမှာ ပြန်လည်အသုံးပြုနိုင်အောင် ချက်ချင်း ပြန်ဖွင့်ပေးဖို့ ကုလသမဂ္ဂက တောင်းဆိုထားတာတွေ့ရပါတယ်။

နောက်ဆက်တွဲအနေနဲ့ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ ပြည်သူတွေအား ပစ်မှတ်ထားတိုက်ခိုက်နေတာတွေကို ရှောင်ဖို့ အဆိုကို ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းအောင်သိန်းက တင်သွင်းခဲ့ကာ အဆိုပါတင်သွင်းချက်ကို တပ်မတော်ကိုယ်စားလှယ်တစ်ဦးကကန်ကွက်ခဲ့ကြောင်းလည်းသိရပါတယ်။

ရခိုင်ပြည်နယ်က ကျေးရွာတွေအနီးနားမှာ တိုက်ပွဲတွေဖြစ်တာကြောင့် ဒေသခံတွေ အစုအလိုက်အပြုံလိုက် သေဆုံးတာတွေရှိခဲ့တာကြောင့် နှစ်ဘက်တပ်ဖွဲ့တွေကို ကျေးရွာတွေနဲ့ ဝေးတဲ့နေရာတွေမှာသာ တိုက်ပွဲဖြစ်ကြဖို့ ပြည်နယ်အစိုးရအနေနဲ့ တိုက်တွန်းတာလို့လည်း ဦးထွန်းအောင်သိန်းက ပြောပါတယ်။

၎င်းပြောဆိုချက်နဲ့ပတ်သတ်ပြီးအနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်က တပ်မတော်ဘက်မှ အဆိုရှင်ပြောသလို ဆောင်ရွက်တာမျိုးမရှိခဲ့ကြောင်းငြင်းဆိုခဲ့ပြီး ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို မေးမြန်းရာမှာ ၄င်းတို့အနေနဲ့ ဘယ်တုန်းကမှ အရပ်သားတွေကို ပစ်မှတ်ထားတာမရှိသလို့ ရခိုင်ပြည်နယ်လွှတ်တော်ကအတည်ပြုတာကို လိုက်နာဆောင်ရွက်သွားမယ်လို့ ပြောတာတွေ့ရပါတယ်။

More from မြန်မာMore posts in မြန်မာ »
More from အာရ်ကာန်More posts in အာရ်ကာန် »
Mission News Theme by Compete Themes.