Press "Enter" to skip to content

ရိုဟင်ဂျာဒုက္ခသည်တွေအား အကူအညီထောက်ပံ့တွေပေးတာရပ်တန့်ဖို့ မြန်မာက ဘင်္ဂလားဒေ့ရှ်ကို ပြော

မြန်မာစစ်တပ်ရဲ့လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် ရခိုင်ပြည်နယ်မှ ထွက်ပြေးရင်း နှစ်နိုင်ငံနယ်စပ် Zero line မှာသောင်တင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည် ၆၀၀၀ ကျော်အား ဘင်္ဂလားဒေ့ရှ်ဘက်မှ အကူအညီပေးတာတွေရပ်ဖို့ မြန်မာဘက်ကတောင်းဆိုလာကြောင်း ဒါကာမြို့ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်မှ စေလွှတ်လိုက်တဲ့ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေအပေါ်မှီခိုရပ်တည်နေရတဲ့ ရိုဟင်ဂျာ ၆၀၀၀ ကျော်မှာလည်း မိမိဒေသသို့လည်းမပြန်နိုင်၊ ဘင်္ဂလားဒေ့ရှ်ဘက်သို့လည်းမ၀င်ပဲငြင်းဆန်နေကာ နှစ်နိုင်ငံနယ်စပ်ကြားခံနယ်ကျဉ်းကျဉ်းလေးမှာ ကြားညပ်နေရတဲ့ဘ၀ကိုရောက်ရှိနေပါတယ်။

အဆိုပါဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် ကုလသမဂ္ဂ၊ အမေရိကန်နဲ့ အခြားဥရောပနိုင်ငံများကလည်း ဒါဟာလူမျိုးတုန်းသန့်စင်တာဖြစ်တယ်လို့ ပြစ်တင်ရှူံ့ချနေပါတယ်။

မြန်မာဘက်က ၄င်းရိုဟင်ဂျာ ၆၀၀၀ ကျော်ကို ကူညီနေတာတွေရပ်ဆိုင်းဖို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး A.H. Mahmood Ali  နဲ့ နေပြည်တော်မှ မြန်မာထိပ်တန်းသံမန်အထူးကိုယ်စားလှယ် ကျော်တင့်ဆွေ တို့ဆွေးနွေးဖို့ ခေါ်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့တဲ့ စနေနေ့က ပြောခဲ့ပါတယ်။

မြန်မာဘက်က Zero line က ရိုဟင်ဂျာဒုက္ခသည်တွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများမပေးဖို့ ဘင်္ဂလားဒေ့ရှ်အား အထူးမေတ္တာရပ်ခံခဲ့ကြောင်း ၀န်ကြီး ကပြောပါတယ်။

မြန်မာဘက်မှ ၀န်ကြီးကလည်း ZERO Line မှရိုဟင်ဂျာများအား ခေါ်နေတာကို ပြန်မလာပါက နောက်ဖြစ်မဲ့အကျိုးဆက်ကိုခံစားရလိမ့်မယ်လို့ သတိပေးခြိမ်းခြောက်ခဲ့တာကြောင့် ၊ZERO Line မှရိုဟင်ဂျာအဖွဲ့ခေါင်းဆောင် Dil Muhamad က လည်း AFP အား ၄င်းတို့ရင်ဆိုင်နေရတဲ့ အခက်အခဲဒုက္ခတွေကို တင်ပြပြောဆိုခဲ့ပါတယ်။

Zero line က ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အကူအညီပေးတာကို  မြန်မာနိုင်ငံဖက်ခြမ်းကသာ တာဝန်ယူမှာဖြစ်ကြောင်း ၊ မြန်မာအစိုးရဘက်ကသာ ၄င်းတို့နဲ့ ပတ်သတ်တာ အားလုံးကိုထိန်းချုပ်သွားမှာဖြစ်တာမို့ ဘင်္ဂလားဒေ့ရှ်ဘက်မှ ထောက်ပံ့တာတွေရပ်ဆိုင်းဖို့ တောင်းဆိုနေကြောင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒုက္ခသည်တွေအား ပြန်လည်လက်ခံရေးတွေကို အမြန်ဆုံးပြုလုပ်သွားမယ်လို့ပြောနေပါတယ်။မြန်မာအစိုးရဘက်မှ ဒေသခံရိုဟင်ဂျာတွေကို ပြန်ခေါ်နေပေမဲ့ ရိုဟင်ဂျာတွေဘက်မှလည်း တောင်းဆိုချက်တွေကို မလိုက်လျောတာရော၊ မြန်မာအစိုးရရဲ့ အပြောတမျိုး အလုပ်တမျိုးလုပ်ရပ်တွေကြောင့် ယုံကြည်မှုကင်းမဲ့နေကာ တစ်ဦးတစ်ယောက်မှ ဒေသပိုင်မြေတွေဆီသို့ ပြန်လာခြင်းမရှိသေးတာပဲဖြစ်ပါတယ်။

More from ဘင်္ဂလားဒေရှ့်More posts in ဘင်္ဂလားဒေရှ့် »
Mission News Theme by Compete Themes.