Press "Enter" to skip to content

ဗမာစစ်တပ်နဲ့ AA တပ်မတော်တို့ တိုက်ပွဲများထပ်မံဖြစ်ပွား

ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်၊မြေပုံမြို့နယ်နဲ့ ယိုးဆနွင်းကျေးရွာအနီးတွင် မြန်မာစစ်တပ်နဲ့ AA တပ်မတော်တို့ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။

မြန်မာစစ်အစိုးရက မြောက်ပိုင်းအဖွဲ့တွေနဲ့ အပစ်အခတ်များရပ်ဆဲသွားမယ်လို့ကြေညာပေမဲ့  ဒီကနေ့မနက် ၁၀နာရီခွဲလောက်မှာ ရခိုင်ပြည်နယ်အတွင်း ၁၅မိနစ်လောက်အကြာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ထပ်မံဖြစ်ပွားခဲ့တာကို သိရပါတယ်။

မြန်မာစစ်တပ်ဘက်ကနေ ဘူးသီးတောင်မြို့နယ်၊ ဥယျာဉ်သာရွာရဲ့ အရှေ့တောင်ဘက်ကနေပြီး စတင်ထိုးစစ်ဆင်လာတာမို့ ယခုလိုတိုက်ပွဲတွေဖြစ်ရတာလို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ(၂၂) ရက်ကလည်း မြေပုံမြို့နယ်ထဲမှာ တိုက်ပွဲ (၂) ကြိမ်ဖြစ်ခဲ့ကာ ၄င်းတိုက်ပွဲမှာလည်း ဗမာစစ်တပ်ဘက်ကစတင်ကာ လက်နက်ကြီးများဖြင့် မနားတမ်းပစ်ခဲ့ကြောင်း၊ AA ဘက်မှ သိမ်းပိုက်ရရှိချိန်တွင် စစ်လက်နက်များထည့်ထားသောခြင်းတောင်း ၁၈ လုံးနဲ့  ဗမာစစ်တပ်ဘက်မှ အလောင်း ၁၀ လောင်းကျန်ခဲ့ကြောင်း၊ အဆိုပါမြေပုံတိုက်ပွဲတွင် ဗမာစစ်တပ်ဘက်ကအကျအရှုံးများပြားတယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်က ပြောဆိုခဲ့ပါတယ်။


ပြီးခဲ့တဲ့စနေနေ့ကလဲ ဘူးသီးတောင်မြို့နယ်မှ မြန်မာစစ်တပ်ရဲ့ စကခ(၁၅)တပ်မဌာနချုပ်ကို AAဖက်က လက်နက်ကြီး နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သလို ရသေ့တောင်မြို့နယ်၊ မယူကမ်း၊ အငူမော်အေရှားဝေါလ် ဆိပ်ကမ်းမှာလဲ ဗုံးပေါက်ကွဲမှု တခုဖြစ်ပွားခဲ့ကာ ရွာသားတစ်ဦးသေဆုံးပြီး နယ်ခြားစောင့်ရဲ့တပ်ဖွဲ့များက အိမ်အတွင်းဗုံးရှာဖွေတွေ့ရှိမှုနဲ့ အငူမော်ရွာသား ဦးအိုးဖောက်ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတစ်ဦးကပြောဆိုခဲ့ကြောင်းသိရပါတယ်။

More from မြန်မာMore posts in မြန်မာ »
Mission News Theme by Compete Themes.