Press "Enter" to skip to content

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေရဲ့ ယာယီတဲအိမ်တွေဖျက်ဆီးခံရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တဲခ်နာ့ဖ်မြို့မှာရှိတဲ့ ဒုက္ခသည်စခန်းနံပါတ် ၂၇ ၊ ဘလော့ခ်-ဘီမှာခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ ဥစ္စာပစ္စည်းတွေကိုလုယူနေတဲ့အပြင် ယာယီတဲတွေကိုလည်း ဖြိုဖျက် ဖျက်ဆီးခဲ့ကြောင်း VORအဖွဲ့ဝင် တစ်ဦးမှ ရိုဟင်ဂျာဗီးရှင်းသို့ သတင်းပေးပို့ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေထိုင်ကြတဲ့ ဒုက္ခသည်တွေကို အမြဲ စာနာထောက်ထားပြီး ကူညီပေးနေတဲ့ အဒူမူနာဖ်ကုမ္ပဏီ၏သား မိုဟာမတ်အူမောရ်ကို သြဂုတ်လ ၂၃ရက် ည(၁) နာရီအချိန်ခန့်က ဓားပြအဖွဲ့တစ်ဖွဲ့က သေနတ်နဲ့ ပစ်သတ်ခဲ့မှုကြောင့် ပွဲချင်းသေဆုံးသွားခဲ့တယ်လို့သိရပါတယ်။

ထိုအနီးဝန်းကျင်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဓားပြအဖွဲ့တို့ ကတောက်ကဆဖြစ်ပွားခဲ့ချိန် မိုဟာမတ်အူမောရ်ကကြားဝင် ဖြေရှင်းပေးခဲ့တာကြောင့် ဒုက္ခသည်တွေဘက်ကို ဘက်လိုက်တယ်လို့ စွပ်စွဲပြောဆိုပြီး ဓားမြအဖွဲ့က ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်ကြောင့် ဒီကနေ့မနက် ၁၀နာရီခန့်ကစပြီး ဒုက္ခသည်စခန်းအမှတ်(၂၇)မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ခိုလှုံနေထိုင်ရာ ယာယီတဲတွေကိုဖြိုဖျက်ခြင်း၊ ပစ္စည်းတွေကိုလုယက်ခြင်းနဲ့ ဒုက္ခသည်တွေကို  လိုက်လံရိုက်နှက်ခြင်းစတာတွေကို ပြုလုပ်ပြီး မလိုလားအပ်တဲ့ပြသနာတွေကို ဖန်တီးနေတယ်လို့ သိရပါတယ်။ ထိုပြသနာကို အမြန်ဆုံးဖြေရှင်းဆောင်နိုင်ဖို့အတွက် ဥပဒေနဲ့အညီ အားလုံးဝိုင်းဝန်း ကူညီဆောင်ရွက်သွားဖို့ လိုအပ်ကြောင်း ဒုက္ခသည်တစ်ဦးက ရိုဟင်ဂျာ ဗီးရှင်းသို့ ပြောပါတယ်။

၂၀၁၇ခုနှစ် လူမျိုးတုန်းသတ်ဖြတ်မှုကြောင့် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့ကြရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပထမတကြိမ် နေရပ်ပြန်ပို့ရေးအစီအစဉ် မအောင်မမြင် ဖြစ်ခဲ့ပြီးနောက်၊ ဒုတိယအကြိမ် အနေနဲ့ ကြာသပတေးနေ့ကစပြီး ဒုက္ခသည်တချို့ကို နေရပ်ပြန်ပို့ဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံကြား စီစဉ်ခဲ့ပေမယ့် ထပ်မံ မအောင်မြင်ခဲ့ချိန်မှာ ရိုဟင်ဂျာဒုက္ခသည်တွေက ခုလိုအဖြစ်ပျက်တွေကို ရင်ဆိုင်နေကြရတာပဲ ဖြစ်ပါတယ်။

သတင်းအချက်လက်များကိုပေးပို့လိုပါက Burmese@rvisiontv.com သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။

More from ဘင်္ဂလားဒေရှ့်More posts in ဘင်္ဂလားဒေရှ့် »
Mission News Theme by Compete Themes.